OpenAI ရဲ့ ၂၀၂၄ ခုနှစ်အတွက် DevDay ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အောင်အောင်မြင်မြင် ပြီးဆုံးသွားပါပြီ။ ဒီပွဲထဲမှာ developer တွေအနေနဲ့ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ ဉာဏ်ရည်တုနည်းပညာကို သုံးပြီး ဘယ်လိုတွေ ဆင့်ကဲပြောင်းလဲ တုံ့ပြန်ကြမလဲဆိုတာ အဓိက ဆွေးနွေးသွားကြပါတယ်။

ပွဲကို ChatGPT ရဲ့ နောက်ဆုံးမော်ဒယ်ဖြစ်တဲ့ o1 အကြောင်း ရီဗျူးနဲ့ စပြီး ဒီမော်ဒယ်က ကဏ္ဍပေါင်းစုံမှာ ဘယ်လိုတွေ အသုံးဝင်လဲ အကျယ်ချဲ့ပြောသွားပါတယ်။

OpenAI ကနေ ရှုပ်ထွေးတဲ့ ပြဿနာတွေကို အချိန်တိုအတွင်း ဖြေရှင်းပြနိုင်မဲ့ မော်ဒယ်အသစ်ကို မိတ်ဆက်
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကပဲ OpenAI ကုမ္ပဏီကနေ o1-preview အမည်ရ ပြဿနာဖြေရှင်းနိုင်စွမ်း အင်မတန်မြင့်တဲ့ ChatGPT မော်ဒယ်စီးရီးအသစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ ဒီမော်ဒယ်

အဲဒါပြီးတော့ စ,မိတ်ဆက်သွားတာက Realtime API အကြောင်းပါ။ Developer တွေက OpenAI ဘက်က ပေးမဲ့ ဒီ API ကို သုံးပြီး ဉာဏ်ရည်တုမော်ဒယ်တွေရဲ့ အသံကို ဆော့ဝဲတွေထဲမှာ လိုသလို ထည့်သွင်း သုံးသွားနိုင်ပါတော့မယ်။ ပိုကောင်းတာက ဒီ API ဟာ အသုံးပြုသူနဲ့ voice assistant ကြား အချိန်အလစ်အလပ် မရှိဘဲ ပြောဆိုဆက်သွယ်နိုင်အောင် ရည်ရွယ်တည်ဆောက်ထားလို့ အက်ပလီကေးရှင်းတွေ ထုတ်ရာမှာ ပိုတွင်ကျယ်ဖို့ ရှိပါတယ်။

ဒီ OpenAI ရဲ့ အဆင့်မြင့် ဉာဏ်ရည်တုအသံစနစ်ထဲမှာ အသံအမျိုးအစား ခြောက်မျိုးတိတိ ပါဝင်ပြီး ဒီနည်းပညာကို တခြားဆော့ဝဲတွေထဲ ထည့်သုံးချင်တယ်ဆိုရင်လဲ အရင်တုန်းကလို ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်ဖို့ မလိုတော့ဘဲ API ကိုပဲ ခေါ်လိုက်ရင် အဆင်ပြေသွားမှာပါ။ အသံနဲ့ အလိုအလျောက်ပြန်ဖြေနိုင်စွမ်း ရှိတဲ့ Chatbot တွေကနေ Interactive ဖြစ်တဲ့ သင်ထောက်ကူ နည်းပညာတွေပါ ထုတ်လုပ်နိုင်စွမ်း ရှိလာပါတော့မယ်။

ပွဲထဲမှာ ဒုတိယမြောက်ကြေညာသွားတာက ဉာဏ်ရည်တုမော်ဒယ်တွေကို ပုံတွေ၊ စာသားတွေနဲ့ ပြန်လည်ပြုပြင် လေ့ကျင့်ပေးနိုင်တဲ့ Vision Fine-tuning စနစ်ပါ။ ဒီစနစ်က ဆေးဘက်ဆိုင်ရာ စကင်န်ဓာတ်ပုံတွေ၊ ယာဉ်ကြောအခြေအနေ စုံစမ်းထောက်လှမ်းတာတွေနဲ့ ပစ္စည်းတွေ ဝယ်ရင် အကြံပေးတာလိုမျိုး အမြင်အရ ဆုံးဖြတ်ရတဲ့ ကိစ္စတွေကို AI နဲ့ လုပ်ဆောင်တာမျိုး ရှိလာနိုင်ပါတယ်။ ဒီလိုမျိုး မော်ဒယ်တွေကို ပုံတွေ ပြပြပြီး ကလေးငယ်တစ်ယောက်ကို စာသင်ပေးသလို သေချာလေ့ကျင့်ပေး၊ ပြသပေးမယ်ဆိုရင် ပိုတိကျပြီး သဘောတရားပိုင်းပါ နားလည်တဲ့ ဉာဏ်ရည်တုမော်ဒယ်တွေ ရလာနိုင်တာပါ။ နမူနာ၊ Developer က တစ်ယောက်က ဆေးဘက်ဆိုင်ရာ ဓာတ်ပုံတွေ၊ ဆေးမှတ်တမ်းတွေနဲ့ ရောဂါခွဲခြမ်းစိတ်ဖြာရေး အချက်အလက်တွေကို ပုံတွေ စာတွေနဲ့ ဝေဝေဆာဆာ ပြပေး၊ လေ့ကျင့်ပေးထားမယ်ဆိုရင် ဒီမော်ဒယ်တွေက တော်တော်တိုးတက်လာနိုင်ပါတယ်။

OpenAI က လူနဲ့ အင်မတန်တူတဲ့ ChatGPT အသံကို စထုတ်လုပ်
နည်းပညာလောကကို အစဉ်အမြဲ အသစ်အဆန်းတွေနဲ့ နဖူးတွေ့ ဒူးတွေ့မိတ်ဆက်ပေးနေတဲ့ OpenAI ကုမ္ပဏီက သူ့ရဲ့ ChatGPT မှာ လူနဲ့အင်မတန်တူတဲ့ Hyper-realistic Voice Mode ကို ထည့်မယ်လို့ ပြောလိုက်ပါပြီ။ ဒီအသံကိ

အဲဒီနောက် OpenAI ကနေ ဒီတစ်ခေါက် Dev Day မှာ တတိယမြောက် မိတ်ဆက်သွားတာက Model Distillation လို့ ခေါ်တဲ့ နည်းပညာပါ။ ဒီနည်းပညာက ရှိနှင့်ပြီးသား မော်ဒယ်အကြီးကြီးတွေဆီက ထုတ်ပေးတာတွေကို သုံးပြီး မော်ဒယ်သေးလေးတွေကို အဆင့်မြင့်အောင်၊ ကောင်းမွန်အောင် လုပ်တာမျိုး ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကုန်ကျစရိတ်လဲ သက်သာသလို အချိန်လဲ မကုန်ပါဘူး။ နောက်၊ မော်ဒယ်ငယ်လေးတွေရဲ့ အရည်အသွေးကလဲ မြင့်လာပြီး မော်ဒယ်အကောင်းစားတွေကို စနစ်တွေထဲ ထည့်သုံးဖို့ မတတ်နိုင်တဲ့ လုပ်ငန်းငယ်လေးတွေအတွက်လဲ ပိုအဆင်ပြေစေတာပေါ့။ ကုန်ကျစရိတ်များပြားတာမျိုး မရှိဘဲ မော်ဒယ်ကြီးတွေရဲ့ စွမ်းဆောင်ရည်ကို လက်လှမ်းမီနိုင်မှာမို့ ရလဒ်ပိုင်း၊ ဉာဏ်ရည်တုအခြေပြု ဖြေရှင်းမှုပိုင်းတွေအတွက်လဲ အများကြီး အကျိုးရှိစေပါလိမ့်မယ်။

အကြမ်းဖျင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၄ Dev Day မှာ OpenAI က သူတို့ရဲ့ မော်ဒယ်အသစ်တွေ၊ တီထွင်ဖန်တီးမှုအသစ်တွေကို မိတ်ဆက်တယ်ဆိုတာထက် Developer တွေကို စွမ်းဆောင်ရည်ပိုင်း မြှင့်တင်ပေးနိုင်ဖို့ ပိုအာရုံစိုက်နေတာ တွေ့ရပါတယ်။ တဖြည်းဖြည်း အဆင့်မြင့် တိုးတက်လာနေတာတွေနဲ့အတူ လုပ်ငန်းခွင်အတွေ့အကြုံကိုလဲ ပိုအဆင်ပြေစေဖို့၊ ခိုင်မာပြီး ဟန်ချက်ညီတဲ့ နည်းပညာဂေဟစနစ်တစ်ရပ် တည်ဆောက်ဖို့ ကြိုးစားနေတယ် ဆိုရပါမယ်။ လူတွေရဲ့ အာရုံစိုက်မှုကို ရယူဖို့၊ ပိုကောင်းတာတွေပဲ တည်ဆောက်နိုင်ဖို့ ပြိုင်ဆိုင်နေကြတဲ့ AI လောကမှာ အခုလိုမျိုး developer တွေရဲ့ စွမ်းဆောင်ရည်ပိုင်းကို မြှင့်ပေးနိုင်ဖို့ ဆောင်ရွက်တာက သေချာပေါက် လိုအပ်သလို အရေးလဲ ကြီးပါတယ်။

နည်းပညာတွေက တဟုန်ထိုး တိုးတက်နေတာတော့ မှန်ပါရဲ့၊ ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ လက်ရှိအချိန်ထိ စနစ်တကျ အကောင်အထည်ဖော် အသုံးမချသေးဘဲ ပိုပိုကောင်းတဲ့ အရာတွေပေါ်ပဲ အာရုံစိုက်မိနေကြတာပါ။ ဒီလို ပိုကောင်းတဲ့ တီထွင်မှုတွေ၊ ဆန်းသစ်မှုတွေဆိုတာ စကားလုံးအရသာ လှပပေမဲ့ တကယ်တမ်း နောက်ကနေ လိုက်နိုင်စွမ်းမရှိ၊ ကွင်းဆက်ပြတ်ကျန်ခဲ့မယ်ဆိုရင် တစ်ချိန်မှာ ဒီတိုးတက်မှုတွေက အရှိန်တန့်သွားနိုင်ပါတယ်။

Reference: Kanjee, R. (2024, October 3). 4 Key Innovations from OpenAI DevDay 2024 - Ritesh Kanjee - Medium. Medium. https://augmentedstartups.medium.com/openai-devday-2024-0dacf985c56a

OpenAI ကနေ ရှုပ်ထွေးတဲ့ ပြဿနာတွေကို အချိန်တိုအတွင်း ဖြေရှင်းပြနိုင်မဲ့ မော်ဒယ်အသစ်ကို မိတ်ဆက်
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကပဲ OpenAI ကုမ္ပဏီကနေ o1-preview အမည်ရ ပြဿနာဖြေရှင်းနိုင်စွမ်း အင်မတန်မြင့်တဲ့ ChatGPT မော်ဒယ်စီးရီးအသစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ ဒီမော်ဒယ်

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!