နည်းပညာလောကကို အစဉ်အမြဲ အသစ်အဆန်းတွေနဲ့ နဖူးတွေ့ ဒူးတွေ့မိတ်ဆက်ပေးနေတဲ့ OpenAI ကုမ္ပဏီက သူ့ရဲ့ ChatGPT မှာ လူနဲ့အင်မတန်တူတဲ့ Hyper-realistic Voice Mode ကို ထည့်မယ်လို့ ပြောလိုက်ပါပြီ။ ဒီအသံကို ChatGPT Plus ဝယ်ယူထားသူတွေ အသုံးပြုနိုင်မှာဖြစ်ပြီး GPT-4o မော်ဒယ်ကို အခြေခံထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

ကုမ္ပဏီက ပြောတာအရ ဒီ feature အသစ်မှာ ပိုပြီး သဘာဝကျတဲ့၊ တကယ့်လူတစ်ယောက်နဲ့ စကားပြောသလို ခံစားချက်မျိုး ပေးနိုင်တဲ့ အေအိုင်ကို တွေ့ရပါလိမ့်မယ်။ နမူနာ အသုံးပြုသူနဲ့ စကားပြောနေရင်း ကြားဖြတ်ပြောတတ်တဲ့ လူတွေရဲ့ သဘာဝတွေအပြင် ခံစားချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အသံအဖိအဖော့ အနိမ့်အမြင့်တွေပါ ပါဝင်ထားတယ် ဆိုတာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့မှာပဲ အဲဒီ အဆင့်မြင့်တဲ့ အသံဗားရှင်းကို OpenAI က Alpha Version အဖြစ် ChatGPT plus အသုံးပြုသူတွေဆီ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ အရင်အသံမော်ဒယ်တုန်းကဆိုရင် အသုံးပြုသူတွေက စာ-စကား (စာရိုက်ပြီး အဖြေကို အသံနဲ့ နားထောင်) နဲ့ စကား-စာ (အသံနဲ့မေးပြီး အဖြေကို စာနဲ့ ကြည့်) တဲ့ တစ်မျိုးစီကိုပဲ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပေမဲ့ အခုတစ်ခေါက်မှာဆိုရင်တော့ အသုံးပြုသူနဲ့ တိုက်ရိုက် အချိန်အလစ်အဟာမရှိဘဲ ပြောနေနိုင်ပါပြီ။ ဒီမော်ဒယ်ကိုလဲ ၂၀၂၄ နှစ်မကုန်ခင်မှာ Plus အသုံးပြုသူတွေ အားလုံးဆီ ပို့ပေးမယ်လို့ ဆိုပါတယ်။

ဒီမော်ဒယ်နဲ့အတူ တွဲပါလာတဲ့ အသုံးပြုသူ အသံကို ဆန်းစစ်တဲ့ စနစ်ထဲမှာဆိုရင် ပြောနေတဲ့သူရဲ့ ခံစားချက်တွေ — ဝမ်းနည်းတာ၊ စိတ်လှုပ်ရှားတာ — နဲ့ သီချင်းဆိုတာကိုတောင် ခန့်မှန်းနိုင်စွမ်း ရှိတာပါ။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ တခြားအလွဲသုံးစားပြဿနာတွေကြောင့်တော့ OpenAI ဘက်ကနေ ရနိုင်မဲ့ ရွေးစရာအသံကို လေးခုပေးထားပါတယ်။ Juniper, Breeze, Cove နဲ့ Ember တို့ပါ။ အခကြေးငွေပေးပြီး ငှားရမ်းထားတဲ့ အသံသရုပ်ဆောင်တွေဆီက အသံနဲ့ ဖန်တီးထားတဲ့ ကာရိုက်တာတွေလဲ ဖြစ်ပါတယ်။ ဒီမော်ဒယ်ရဲ့ Beta ဗားရှင်းမှာပါတဲ့ Sky ကာရိုက်တာရဲ့ အသံကိုတော့ ChatGPT ထဲကနေ ဖြုတ်ချလိုက်ပါပြီ။ အဲဒီ Sky မော်ဒယ်က သရုပ်ဆောင် စကားလက်ဂျွန်ဆန်ရဲ့ အသံနဲ့ အင်မတန်တူနေလို့ ၂၀၂၄ ခုနှစ်အစောပိုင်းက အသုံးပြုသူတွေကြားထဲမှာ ဂယက်တစ်လှိုင်း ရိုက်ခဲ့ရပါသေးတယ်။ နောက်ပိုင်း တရားစွဲဆိုတဲ့ ကိစ္စရပ်တွေအပြင် Public Figure တွေရဲ့ အသံကို အလွဲသုံးစားလုပ်တယ်လို့ သမုတ်ခံရလို့ Sky ကို ဖြုတ်ချလိုက်ရတာပါ။

ပြီးရင် OpenAI က နောက်လာမဲ့ ChatGPT မော်ဒယ်မှာဆိုရင် အသုံးပြုသူရဲ့ Screen ကို share လုပ်ပြီး၊ ဗီဒီယိုကို ဖွင့်ပြီး အေအိုင်နဲ့ တိုက်ရိုက်မေးမြန်းစကားပြောနိုင်မဲ့ feature တွေကိုပါ ထည့်သွင်းမိတ်ဆက်ပေးဖို့ ရှိပါတယ်။

Reference: Team, P. (2024, July 31). OpenAI begins hyper-realistic voice rollout. Perplexity AI. https://www.perplexity.ai/page/openai-begins-hyper-realistic-2_y7h8vPQEWaM4g63WvnVA

OpenAI နဲ့ ပတ်သက်လို့ ဒီသတင်းကို ဆက်ဖတ်ဖို့ အကြံပြုပါတယ်။

OpenAI က အေအိုင်အခြေပြု ရှာဖွေရေးအင်ဂျင် SearchGPT ကို စတင်ကြေညာ
OpenAI ကနေ ChatGPT ရဲ့ ဉာဏ်ရည်တုနည်းပညာကို အခြေခံပြီး SearchGPT ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ရှာဖွေရေးအင်ဂျင် (Search Engine) ဆိုတာ Google တို့၊ Microsoft တို့က ထုတ်ထားတဲ့ Browser အခြေပြု အင်

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!