OpenAI ကုမ္ပဏီက နယူးယော့ခ်တိုင်းမ်သတင်းဌာနနဲ့ လက်ရှိရင်ဆိုင်နေတဲ့ အမှုထဲမှာ အရေးကြီးတဲ့ သက်သေအချက်အလက်တွေကို မတော်တဆဖျောက်ဖျက်မိလိုက်တယ်လို့ ဖွင့်ဟဝန်ခံလာပါတယ်။ တရားရုံးရဲ့ မှတ်တမ်းတွေအရ OpenAI ဟာ နယူးယော့ခ်တိုင်းမ်ဘက်က နာရီ ၁၅၀ ကျော်ကြာ စုံစမ်းစစ်ဆေးထားရတဲ့ အရေးကြီးသက်သေတွေကို ဖျက်မိသွားတာလို့ သိရတာပါ။

နယူးယော့ခ်တိုင်းမ်သတင်းဌာနက OpenAI နဲ့ Microsoft တို့ကို သူတို့ဆီက ဆောင်းပါးသန်းချီကို ခွင့်ပြုချက်မတောင်းဘဲ AI Model လေ့ကျင့်ရာမှာ အသုံးပြုမှုအတွက် ဉာဏမူပိုင်ခွင့်ချိုးဖောက်မှုနဲ့ ဒီဇင်ဘာလက စတင်တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ လျော်ကြေး ဒေါ်လာဘီလျံနဲ့ချီ ချမှတ်ခံရဖို့လဲ အလားအလာများနေတာပါ။

OpenAI ဘက်ကတော့ နည်းပညာချို့ယွင်းချက်အရ အဲဒီဒေတာတွေ ပျောက်ပျက်သွားတာ ဖြစ်ကြောင်းနဲ့ ပြန်ဆယ်ယူထားကြောင်း ပြောပေမဲ့ ဆယ်ယူထားတဲ့ ဒေတာတွေက မစုံလင်တော့ဘဲ မှန်ကန်စိတ်ချရမှုလဲ နည်းပါးသွားပါတယ်။ နယူးယော့ခ်တိုင်းမ်ဘက်ကတော့ မတော်တဆဖြစ်တာ လုံးဝမဖြစ်နိုင်ဘူးလို့ အတိအလင်းပြောထားတာပါ။ တရားခွင်ကတော့ ဆက်လက်ရင်ဆိုင်နေဆဲပါပဲ။

စိတ်ဝင်စားစရာကောင်းတာက New York Times နဲ့ အမှုရင်ဆိုင်နေချိန်မှာပဲ OpenAI က Axel Springer နဲ့ Vox Media တို့ကို လက်တွဲချိတ်ဆက်ထားပြီလို့ သိရပါတယ်။

Reference: Robison, K. (2024, November 21). OpenAI accidentally erases potential evidence in training data lawsuit. The Verge. https://www.theverge.com/2024/11/21/24302606/openai-erases-evidence-in-training-data-lawsuit

ဆက်လက်ဖတ်ရှုဖို့

OpenAI က Chat.com ဒိုမိန်းကို ဒေါ်လာ ၁၅ သန်း ပေးဝယ်
OpenAI has acquired the domain Chat.com for a sum exceeding $15.5 million, with the URL now redirecting to ChatGPT.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!