ဩစတြေးလျ အစိုးရအနေနဲ့ လိုင်စင်ကြေးတွေကောက်ခံမယ်ဆိုရင် Facebook မှာ ဒေသတွင်းသတင်းတွေဖော်ပြနေတာကို  သူတို့အနေနဲ့ ပိတ်လိုက်နိုင်တာမျိုး ဖြစ်လာနိုင်တယ်လို့  Facebook ရဲ့ မိခင်ကုမ္ပဏီ Meta က ပြောပါတယ်။

ဇွန်လ ၂၈ ရက်ကလုပ်တဲ့ ပါလီမန်ကြားနာပွဲမှာတော့ ဩစတြေးလျအစိုးရအနေနဲ့  အဲဒီလိုသာ လိုင်စင်ကြေးကောက်ခံမယ်ဆိုရင် သူတို့အနေနဲ့ "ဘယ်နည်းလမ်းမျိုးမဆို အသုံးပြုနိုင်တယ်" လို့ ဩစတေးလျနိုင်ငံဆိုင်ရာ Facebook ရဲ့ မူဝါဒရေးရာ ဒါရိုက်တာ မိအာ ဂါလစ်ခ်က ပြောသွားတာပါ။

အစိုးရအနေနဲ့ “၂၀၂၁ ခုနှစ် အခကြေးငွေသတ်မှတ်ပိုင်ခွင့်ရှိတဲ့ ဥပဒေ”ကို ဖော်ဆောင်မယ်ဆိုရင် Meta အနေနဲ့ သတင်းတွေဖော်ပြတာကို ရပ်တန့်လိုက်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီဥပဒေကတော့ ဩစတေးလျနိုင်ငံမှာ အမေရိကန်နည်းပညာကုမ္ပဏီတွေအနေနဲ့ မီဒီယာတွေကိုပေးရတဲ့ အခကြေးငွေကို အစိုးရက ဘယ်ရွေ့ဘယ်မျှဆိုပြီး သတ်မှတ်နိုင်တဲ့ ဥပဒေပါ။

ဒီဖြစ်ရပ်ဟာ ၂၀၂၃ ခုနှစ်က ကနေဒါမှာရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေနဲ့ တူညီနေတယ်လို့ Meta က ယူဆနေပါတယ်။

Meta အနေနဲ့  သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ သဘောတူညီမှုတွေ လက်မှတ်ထိုးထားပြီးဖြစ်တာကြောင့် ၂၀၂၄ ခုနှစ်နောက်ပိုင်းမှာလည်း သဘောတူညီမှုတွေကို ပြန်လည်ပြင်ဆင်ဖို့ မရှိဘူးဆိုပြီး ကြေညာခဲ့ပါတယ်။

ဩစတေးလျအစိုးရက ဒီဥပဒေကို အကောင်အထည်ဖော်မလားဆိုတာကို နောက်ဆုံး အတည်ပြုတဲ့ ဆုံးဖြတ်ချက်ကတော့ ထွက်မလာသေးပါဘူး။

အစိုးရဒီဥပဒေ အတည်ဖြစ်သွားရင် အလုပ်အကိုင်ဆုံးရှုံးမှုတွေရှိလာနိုင်တယ်ဆိုပြီးလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

Reference:

(1) https://www.reuters.com/technology/meta-says-it-may-block-news-facebook-australia-2024-06-28/

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!