ကမ္ဘာ့နာမည်ကြီး နည်းပညာကုမ္ပဏီ ဖြစ်ပြီး ကွန်ပြူတာချစ်ပ်တွေ ထုတ်လုပ်ရာမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ Nvidia ကုမ္ပဏီဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စတော့ခ်ဈေးကွက် ထိုးကျမှုတစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ တန်ကြေး အမေရိကန်ဒေါ်လာ ၂၇၉ ဘီလျံလောက် တစ်ရက်အတွင်း ဈေးကွက်ထဲ ထိုးကျသွားလို့ အမေရိကန်စတော့ခ်သမိုင်းမှာ အကြီးမားဆုံး ထိုးကျမှုအဖြစ် မှတ်တမ်းဝင်သွားတာပါ။

Nvidia က သူတို့ရဲ့ စတော့ခ်ရှယ်ယာ ပုံမှန်ရောင်းဝယ်မှုမှာ ၉ ရာခိုင်နှုန်းကျော် ထိုးကျပြီး ဈေးကွက်ပိတ်ချိန်ကျတော့လဲ နောက်ထပ် ၁.၅ ရာခိုင်နှုန်း ထပ်ကျဆင်းပြီးတော့ အခုလို ကြုံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရုတ်တရက်ထိုးကျသွားတာရဲ့ နောက်ကွယ်မှာ တစ်စတစ်စ နိမ့်ဆင်းလာနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအခြေအနေလဲ ရှိနေနိုင်သလို တရားရေးဌာနက Nvidia ကို စုံစမ်းစစ်ဆေးမှုတစ်ခုအတွက် ဆင့်ခေါ်ထားတယ်ဆိုတဲ့ သတင်းတွေကြောင့်လဲ ဖြစ်နိုင်တာပါ။ ဒီ့မတိုင်ခင်က တစ်ရက်အတွင်း အကြီးမားဆုံး ဖြစ်ပွားခဲ့တဲ့ စတော့ခ်ထိုးကျမှုက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖြစ်ခဲ့တဲ့ Meta ရဲ့ ဒေါ်လာ ၂၃၂ ဘီလျံ ဆုံးရှုံးမှု ဖြစ်ပါတယ်။

Nvidia ရဲ့ အခုလို အခြေအနေကြောင့် ကမ္ဘာလုံးဆိုင်ရာ တစ်ပိုင်းလျှပ်ကူးပစ္စည်းဈေးကွက်နဲ့ တခြားကွန်ပြူတာချစ်ပ် လုပ်ငန်းကွန်ယက်တွေပါ ပဲ့တင်ထပ် ထိခိုက်နေပြီး အဲဒီထဲမှာ Nvidia ကို မမ်မိုရီချစ်ပ်တွေ ပို့တဲ့ တောင်ကိုရီးယားကုမ္ပဏီ SK Hynix နဲ့ Samsung Electronics တို့လဲ ပါဝင်နေတာပါ။ အာရှမှာ ရှိတဲ့ ဂျပန်ရဲ့ Tokyo Electron နဲ့ Softbank Group တို့လို တစ်ပိုင်းလျှပ်ကူး ထုတ်လုပ်ရေးလုပ်ငန်းတွေကလဲ စတော့ခ်တန်ဖိုးတွေ အသီးသီးကျဆင်းနေပါတယ်။ ဥရောပရဲ့ ထိပ်တန်းချစ်ပ်ထုတ်လုပ်ရေး ဖြစ်တဲ့ ASML ဆိုရင် စတော့ခ် ၅ ရာခိုင်နှုန်းတောင် ထိုးကျထားပြီး ASMI, Be Semiconductor နဲ့ Infineon တို့ဟာလဲ ရှယ်ယာတွေ ထိုးကျနေပါပြီ။

Nvidia ကုမ္ပဏီရဲ့ ရှယ်ယာတွေ ဘာလို့ အခုလို ကြီးကြီးမားမား ထိုးကျသွားရလဲဆိုတာကိုတော့ စီးပွားရေးကျွမ်းကျင်ပညာရှင်တွေတောင် အဖြေရှာမရ ဖြစ်နေဆဲပါ။ ဖြစ်နိုင်ခြေတစ်ခုကတော့ Bloomberg သတင်းဌာနက တင်လိုက်တဲ့ Nvidia ဟာ 'Antitrust ဥပဒေ' တွေကို ချိုးဖောက်နေတယ်လို့ သံသယရှိလို့ အမေရိကန် တရားရေးဌာနကနေ စုံစမ်းစစ်ဆေးဖို့ ဆင့်ခေါ်ခံရကြောင်း သတင်းအပြီးမှာ အခုလို ဖြစ်ပွားခဲ့တာပါ။ (Antitrust ဆိုတာ နယ်ပယ်တစ်ခုထဲမှာ စိုးမိုးမှုအားကောင်းပြီး ထိပ်ပိုင်းရောက်နေတဲ့ ကုမ္ပဏီကြီးတွေကနေ ဈေးကွက်ကို ချုပ်ကိုင်ချယ်လှယ်တာကို တားမြစ်တဲ့ ဥပဒေရပ် ဖြစ်ပါတယ်။) နောက်၊ အမေရိကန်ပြည်ထောင်စုမှာ အေအိုင်ချစ်ပ်စ်ပြားတွေ တင်သွင်းတာနဲ့ ပတ်သက်လို့ တားမြစ်ချက်တချို့လဲ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ရှိလာပါသေးတယ်။

Reference: Shan, L. Y., & Kharpal, A. (2024, September 4). Nvidia $279 billion wipeout — the biggest in U.S. history — drags down global chip stocks. CNBC. https://www.cnbc.com/2024/09/04/asian-chip-stocks-fall-after-nvidia-sell-off-on-wall-street-overnight.html

Safe Superintelligence ကုမ္ပဏီကနေ လုံခြုံရေးအဆင့်မြင့် ဉာဏ်ရည်တုစနစ်ကို ထုတ်လုပ်ဖို့ ရင်းနှီးငွေ ဒေါ်လာတစ်ဘီလျံ မ,တည်
OpenAI ရဲ့ ယခင် သိပ္ပံပညာရှင်ခေါင်းဆောင်ဟောင်း Ilya Sutskever ပါဝင်တည်ထောင်ထားတဲ့ Safer Superintelligence (SSI) ကုမ္ပဏီငယ်ကနေ အဆင့်မြင်ပြီး လုံခြုံရေးအားကောင်းတဲ့ အေအိုင်စနစ်တွေ ထုတ်

Build Myanmar Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!