Nvidia ကုမ္ပဏီက သူတို့ရဲ့ RTX-50 GPU စီးရီးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကပဲ စတင်မိတ်ဆက်လိုက်ပါတယ်။ လပေါင်းများစွာကြာအောင် ကောလာဟလတွေ၊ Leaks တွေနဲ့ စောင့်ဆိုင်းခဲ့ရတဲ့ မျိုးဆက်သစ် RTX Blackwell GPU တွေ အခုတော့ အမျိုးအစား လေးခုနဲ့ တရားဝင်ထွက်ရှိလာပါပြီ။
အဲဒီ RTX-50 စီးရီးထဲမှာ ၁၉၉၉ ဒေါ်လာတန် RTX 5090, ၉၉၉ ဒေါ်လာတန် RTX 5080, ၇၄၉ ဒေါ်လာတန် RTX 5070 Ti နဲ့ ၅၄၉ ဒေါ်လာတန် RTX 5070 တို့ ပါဝင်ပါတယ်။ RTX 5090 နဲ့ 5080 တို့က ဇန်နဝါရီလကုန်မတိုင်ခင် ဝယ်ယူနိုင်မှာ ဖြစ်ပြီး 5070 Ti နဲ့ 5070 တို့ကတော့ ဖေဖော်ဝါရီလထဲမှာ ရမယ်လို့ ဆိုထားတာပါ။
အသစ်ထွက်ရှိလာတဲ့ RTX 5090 ဟာ ထွက်ရှိထားတဲ့ RTX 4090 ထက် 'နှစ်ဆ ပိုမိုမြန်ဆန်' တယ်လို့ Nvidia က ပြောထားပါတယ်။ RTX 5090 တင်မဟုတ်ဘဲ RTX 50 စီးရီးထဲ ပါသမျှက အရင် 40 စီးရီးထက် နှစ်ဆနီးပါးကို ပိုမြန်ဆန်တာလို့ ဆိုထားတာပါ။
ဒါကို သက်သေပြဖို့ Cyberpunk 2077 ဂိမ်းကို RTX 5090 GPU နဲ့ FPS 238 အထိ မြှင့်ပြီး RTX 4090 ကိုတော့ FPS 106 ထားရင်း ကုမ္ပဏီဘက်က လက်ရှိ GPU ရဲ့ စွမ်းဆောင်ရည်ကို လက်တွေ့ပြသွားပါတယ်။
လတ်တလောတော့ ဒီ GPU တွေကို PC တွေမှာပဲ တပ်ဆင်လို့ ရသေးပြီး လက်ပ်တော့တွေမှာတော့ လာမဲ့ မတ်လကစလို့ ပါဝင်လာမယ် ဆိုပါတယ်။
References: Warren, T. (2025, January 7). Nvidia announces next-gen RTX 5090 and RTX 5080 GPUs. The Verge. https://www.theverge.com/2025/1/6/24337396/nvidia-rtx-5080-5090-5070-ti-5070-price-release-date
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia