IMD အဖွဲ့အစည်းက မိုက်ကယ်ဝိတ်နဲ့ သူ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ကပဲ ဉာဏ်ရည်တုအန္တရာယ်သတိပေးရေးနာရီ - AI Safety Clock ကို ကွန့်မြူးတီထွင်လိုက်တယ်လို့ နည်းပညာသတင်းဌာနတွေက ပြောပါတယ်။ ဒီနာရီက အကောင်အထည်၊ ရုပ်လုံးနဲ့ ရှိနေတဲ့ တကယ့်နာရီမဟုတ်ဘဲ အေအိုင်နည်းပညာ အဆမတန်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူသားမျိုးနွယ်တည်ရှိမှုအတွက် အန္တရာယ်တစ်ရပ်သဖွယ် ဖြစ်လာနေတာကို ညွှန်ပြဖို့ ရည်ရွယ်ထားတာပါ။

Doomsday Clock လို့ ခေါ်တဲ့ ပျက်ကပ်တွက်နာရီနဲ့ အလုပ်လုပ်ပုံချင်း ဆင်တူတယ်လို့ သိရပါတယ်။ ဒီနာရီက ပုံမှန်မြင်တွေ့နေကျ လျှပ်စစ်အား၊ ဓာတ်ခဲအားနဲ့ အလိုအလျောက် လည်ပတ်တဲ့ နာရီတွေလို မဟုတ်ဘဲ လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် ကပ်ဘေးတွေ ဖြစ်လာနိုင်ခြေကို နာရီလက်တံတွေ အသုံးပြုပြီး အချက်ပြ သတိပေးဖို့ ရေးဆွဲထားတဲ့ အဏုမြူနာရီတစ်ခုပါ။ နာရီလက်တံတွေက သန်းခေါင်ယံနဲ့ နီးကပ်လာလေလေ ကပ်ဘေးတွေ ဖြစ်လာနိုင်ခြေ များလေလေ ဖြစ်ပြီး သန်းခေါင်ယံ ၁၂ နာရီအတိကို ကျရောက်နေရင်တော့ လူသားမျိုးနွယ်တွေ အကုန်လုံးအပြင် ကမ္ဘာကြီးအတွက်ပါ ပျက်ကပ်ဆိုက်တဲ့ အခြေအနေကို ဆိုလိုတာပါ။ အခု အေအိုင်အန္တရာယ်သတိပေးနာရီကလဲ ဒီပုံစံနဲ့ အလုပ်လုပ်ပါတယ်။

လောလောဆယ်တော့ လူသားတွေ ထိန်းချုပ်လို့ မရတော့တဲ့ အေအိုင်တွေကနေ ဖြစ်ပေါ်လာမဲ့ အန္တရာယ်ဆိုးကြီးတွေ မကျရောက်ခင်၊ တစ်နည်း သန်းခေါင်ယံကို မရောက်ခင် ၂၉ မိနစ်အလိုမှာ ရှိနေတာပါ။ ဒီနာရီလက်တံတွေကလဲ အချိန်နဲ့အမျှ အတိုးအလျော့ ရှိနေနိုင်ပြီး ပျက်ကပ်တွက်နာရီလို သန်းခေါင်မတိုင်ခင် မိနစ်ပိုင်းအလိုထိ ရောက်သွားနိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် လူတွေရဲ့ ကြည့်ရှုမှု မလိုဘဲ အလိုအလျောက်စီမံခန့်ခွဲနိုင်စွမ်းရှိ ဉာဏ်ရည်တုနည်းပညာတွေရဲ့ ရန်ကို သတိထားဖို့ ဝဘ်ဆိုက်ပေါင်း ၁၀၀၀ ကျော်နဲ့ သတင်းစာမျက်နှာပေါင်း ၃၅၀၀ ကျော်ကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နေတယ်လို့ IMD က ဆိုတာပါ။

ဉာဏ်ရည်တုတွေရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ သီးခြားရပ်တည်လည်ပတ်နိုင်စွမ်းနဲ့ ပြင်ပလောကနဲ့ အထိအတွေ့ရှိမှုတွေကို ပုံမှန်လေ့လာမှာ ဖြစ်ပြီး ဉာဏ်ရည်တုနည်းပညာ တည်ဆောက်ရေး နည်းစနစ်တွေနဲ့ အချက်အလက်တွေမှာလဲ မှန်ကန်ဖို့၊ သန့်ရှင်းဖို့ အမြဲစောင့်ကြည့်မယ် ပြောပါတယ်။ အခုနောက်ပိုင်းမှာ အေအိုင်တချို့ဟာ လူတွေထက် ပိုအားကောင်းလာတဲ့ ကဏ္ဍတွေ ရှိလာပါပြီ။ နမူနာ၊ သင်္ချာတွက်တာ၊ ကုဒ်ရေးတာ၊ ပြဿနာဖြေရှင်းတာ၊ ပုံတွေဆန်းစစ်တာ၊ စာရေးတာ . . . စသဖြင့်ပါ။ ဒီတော့ အေအိုင်သာ ပိုအဆင့်မြင့်လာပြီး လူတွေရဲ့ ကွပ်ကဲမှုကို မလို၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်း ရှိလာချိန်ဆိုရင် ပိုအန္တရာယ်များနိုင်ပါတယ်။ နောက်၊ ကွန်ပြူတာပေါ်မှာပဲ ရှိတဲ့ အေအိုင်တွေထက် လက်တွေ့ဘဝမှာ လူတွေနဲ့ အထိအတွေ့ရှိပြီး စက်ရုံတွေ၊ ကုန်ထုတ်လုပ်ရေးတွေ၊ နေအိမ်တွေမှာ အသုံးပြုမဲ့ လူနဲ့ ဆင်တူတဲ့ စက်ရုပ်တွေဆိုရင်လဲ အတော်ကြီးကို အန္တရာယ်များနိုင်ခြေ ရှိတာပါ။

တချို့ကလဲ ဒီအေအိုင်နာရီကို ချဲ့ကားဖန်တီးတယ်လို့ ယူဆကြပါတယ်။ အေအိုင်ဟာ ပျက်ကပ်တွက်နာရီလို အမှန်တကယ်ကြုံတွေ့ခဲ့ရ၊ ကြုံတွေ့နေရတဲ့ နျူကလီးယားပြဿနာလို မဟုတ်ဘဲ မဖြစ်သေးတာကို ကြိုတင်စိုးရိမ်ကြတာမို့ မလိုအပ်သေးဘဲ စီစဉ်တယ်လို့ မှတ်ချက်ပြုကြတာပါ။

Reference: The AI safety clock. (n.d.). Perplexity AI. https://www.perplexity.ai/page/the-ai-safety-clock-oD44Gvv4RMy9zk6K5G1kbQ

Adobe ရဲ့ ဉာဏ်ရည်တုဗီဒီယိုထုတ်လုပ်ရေး မော်ဒယ် ထွက်လာပြီ
Adobe’s AI video model allow users to generate videos from images and prompts, and extend existing clips in Premiere Pro.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!