လာမယ့် ၅ နှစ်အတွင်း နိုင်ငံမှာ Huawei ကုမ္ပဏီရဲ့ 5G ကွန်ရက်အသုံးပြု မှုကိုတားမြစ် ပိတ်ပင်ဖို့ ဂျာမနီအစိုးရက စီစဉ်နေတာကို Reuters သတင်းမှာဖော်ပြထားပါတယ်။
ဂျာမနီအနေနဲ့ Huawei ရဲ့ 5G ကွန်ရက် အခန်းကဏ္ဍကို လုံးဝပိတ်ပင်ဖို့ သဘောတူညီခဲ့တာကိုနီးစပ်ရာသတင်းရင်းမြစ်တွေရဲ့ထုတ်ပြန်ပြောကြားချက်အရသိရပါတယ်။
လာမယ့် ၅ နှစ်အတွင်း နိုင်ငံအတွင်းမှာ တရုတ်မိုလ်ဘိုင်းကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေအစား ကွန်ရက်အော်ပရေတာတွေဖြစ်တဲ့ Vodafone နဲ့ Telefonică တို့ကို အစားထိုးအသုံးပြုမယ်လို့ ဂျာမနီအစိုးရကဆိုပါတယ်။
လာမယ့် ၂၀၂၆ ခုနှစ်အတွင်း လုံခြုံရေးဆိုင်ရာအခြေအနေတွေကြောင့် တရုတ်အော်ပရေတာတွေဖြစ်တဲ့ Huawei နဲ့ ZTE ကဲ့သို့ ကုမ္ပဏီတွေရဲ့ 5G ဒေတာစင်တာတွေကို ဖယ်ရှားသွားမှာဖြစ်တယ်လို့ ဂျာမနီအစိုးရကပြောကြားခဲ့ပါတယ်။
ဂျာမနီအစိုးရရဲ့ အခုလို တရုတ်ကုမ္ပဏီတွေရဲ့ 5Gကွန်ရက်တွေအသုံးပြုမှုတားမြစ်ပိတ်ပင်မယ့်အစီစဉ်တွေကို ဂျာမနီရှိ တရုတ်သံရုံးက မှတ်ချက်ပေး ပြောကြားထားတာတော့မရှိပါဘူး။
အခုလို တရုတ်မိုလ်ဘိုင်းကုမ္ပဏီတွေရဲ့ ကွန်ရက်အော်ပရေတာတွေကိုပိတ်ပင်တားဆီးမှုတွေနဲ့ပတ်သတ်ပြီး ဂျာမနီပြည်ထဲရေး ဝန်ကြီးဌာနက မိုလ်ဘိုင်းဖုန်းအော်ပရေတာတွေနဲ့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။
https://www.marketscreener.com/quote/stock/DEUTSCHE-TELEKOM-AG-444661/news/Germany-in-deal-to-cut-Huawei-s-role-in-5G-wireless-network-report-says-47353750/#:~:text=MarketScreener%20Strategies-,Germany%20in%20deal%20to%20cut%20Huawei%27s%20role%20in%205G%20wireless%20network%2C%20report%20says,-July%2010%2C%202024
Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/
📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx
📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - support@buildmyanmar.com
#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia