တဖြည်းဖြည်း အနုတ်ဘက်ဆောင်လာတဲ့ နာမည်ကြီး NIKE ကုမ္ပဏီဟာ သူတို့ရဲ့ လက်ရှိစီအီးအို ဖြစ်တဲ့ ဂျွန်ဒိုနာဟိုးကို ထုတ်ပယ်လိုက်ပြီး အဲလီရက် ဟေးလ်ကို ပြောင်းလဲခန့်အပ်လိုက်ပြီလို့ ကြေညာလာပါတယ်။

လက်ရှိ အသစ်ဝင်လာတဲ့ စီအီးအိုသစ် အဲလီရက် ဟေးလ်က Nike မှာ ၃၂ နှစ်ကျော် အလုပ်လုပ်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၀ မှာပဲ အနားယူခဲ့တာပါ။ အခုတော့ လာမဲ့ အောက်တိုဘာလ ၁၄ ရက်က စပြီး တစ်နှစ်ကို ဒေါ်လာ ၁.၅ သန်း လစာနဲ့ စီအီးအိုရာထူးကနေ Nike ကို ပြန်ဝင်မယ် ဆိုပါတယ်။

ဟေးလ်က သူအကြီးပိုင်းဝန်ထမ်းအဖြစ် Nike မှာ အလုပ်လုပ်ခဲ့ချိန်မှာ အရောင်းပိုင်းမယ် ဒေါ်လာ ၃၉ ဘီလျံကျော်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး Nike ကုမ္ပဏီနဲ့ Nike ရဲ့ နာမည်ကြီး Jordan brand အတွက်ပါ ရလဒ်ကောင်းတွေ ယူဆောင်ပေးခဲ့သူပါ။ Nike က ဟေးလ်ကို အတုယူစရာ ကောင်းတဲ့ ခေါင်းဆောင်ကောင်းဖြစ်တယ်လို့ ပြောပြီး Brand ရယ်၊ Brand သုံးစွဲသူတွေရယ်နဲ့ပါ ဆက်နွယ်မှု ခိုင်ခိုင်မာမာရှိတယ်လို့ ဆိုပါတယ်။

စီအီးအိုပြောင်းမယ်ဆိုတဲ့ သတင်းထွက်ပြီးပြီး နာရီပိုင်းမှာတင် တစ်ရိပ်ရိပ်ကျနေတဲ့ Nike ရဲ့ ရှယ်ယာတွေက ၉ ရာခိုင်နှုန်းကျော် ပြန်ထိုးတက်လာတာပါ။

အရင်စီအီးအို ဂျွန်ဒိုနာဟိုးလက်ထက်မှာ Nike ကို အွန်လိုင်းက တစ်ဆင့် ပြောင်းလဲရောင်းချတာတွေနဲ့ ဝယ်ယူလက်ထဲ အရောက်ပို့ပေးတဲ့ အပိုင်းကို ပိုတိုးချဲ့နိုင်ခဲ့လို့ ၂၀၂၃ မှာ အရောင်းပိုင်း ဒေါ်လာ ၅၀ ဘီလျံလောက် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က စလို့ တဖြည်းဖြည်းကျဆင်းလာတာ ၂၀၂၅ အရောက်မှာ ၄၈ ဘီလျံအထိ ထိုးကျတော့မယ်လို့ ခန့်မှန်းကြတဲ့အထိပါပဲ။ အထူးသဖြင့် တရုတ်မှာ ငွေကြေးဖောင်းပွမှုပြဿနာတွေနဲ့ ကြုံနေရလို့ Nike ဝယ်ယူသူ ပမာဏ ထိုးကျသွားရာကနေ အခြေအနေက ပိုဆိုးခဲ့တာပါ။

ပြီးတော့ Nike က On နဲ့ Honka တို့လို Brand တွေရဲ့ ယှဉ်ပြိုင်မှုတွေနဲ့လဲ ကြုံတွေ့နေရပြီး အဓိကပြိုင်ဘက်လို ဖြစ်နေတဲ့ Adidas နဲ့လဲ ဈေးကွက်မှာ အပြိုင်နေရာယူနေကြရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဟေးလ်ရဲ့ စီအီးအိုအဖြစ် ပြန်လည်ဝင်ရောက်လာမှုကိုတော့ ရင်းနှီးမြှုပ်နှံသူတွေရော အမာခံပရိသတ်တွေကပါ အပြုသဘောဆောင် ကြိုဆိုနေကြပြီး အရှိန်အဟုန်နဲ့ ပြန်လည်နိုးထလာမှာကို မျှော်လင့်နေကြလေရဲ့။

Reference: Butler, S. (2024, September 20). Nike appoints new CEO as sportswear giant’s sales come under pressure. The Guardian. https://www.theguardian.com/business/2024/sep/19/nike-announces-new-ceo

စတားဘက်ခ်ကုမ္ပဏီရဲ့ စီအီးအို ပြောင်းပြီ
စတားဘက်ခ်က သူတို့ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် - စီအီးအိုနေရာကို Chipotle Mexican Grill ရဲ့ စီအီးအို Brian Niccol ကို ခန့်အပ်လိုက်ပါတယ်။ စတားဘက်ခ်ရဲ့ အရင်စီအီးအို Laxman Narasimhan

Build Myanmar Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!