အီလွန်မက်စ်ခ်ရဲ့ ဦးနှောက်ထဲ ချစ်ပ်ထည့်တဲ့ နည်းပညာကုမ္ပဏီ နျူရာလင့်ခ်က ‘Blindsight’ ခေါ် အမြင်အာရုံပြန်ရနိုင်တဲ့ နည်းပညာကို စတင်စမ်းသပ်နေပြီး FDA ရဲ့ ထုတ်လုပ်မှု ခွင့်ပြုချက် — breakthrough device — ကို ရပြီလို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆိုလာပါတယ်။

Breakthrough device ဆိုတာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေကို ကုသပေးနိုင်တဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေကို ‌FDA က ပေးအပ်တဲ့ ‘ခွင့်ပြုချက်’ တစ်မျိုးပါ။ ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို အချိန်မြန်မြန်နဲ့ လုပ်ပြီး လက်ရှိ ထုတ်နေဆဲ device တွေကိုလဲ စိစစ်အကဲဖြတ်မယ်ဆိုတဲ့ သဘောပါပဲ။

ဒီစမ်းသပ်ကိရိယာရဲ့ နာမည်ကို Blindsight လို့ ပေးထားပြီး မျက်စိနှစ်ဖက်စလုံး ဆုံးရှုံးထားသူတွေရော အမြင်အာရုံချို့တဲ့သူတွေကိုပါ အမြင်ပြန်ရအောင် ကူညီပေးနိုင်လိမ့်မယ်လို့ အီလွန်မက်စ်က သူ့ရဲ့ X (ယခင်တွစ်တာ) ပေါ်မှာ ပြောပါတယ်။

နျူရာလင့်နဲ့ FDA ဘက်ကတော့ ဒီကိရိယာကို လူသားတွေဆီမှာ ဘယ်တော့စတင်စမ်းသပ်မလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို မဖြေထားသေးပါဘူး။

အီလွန်မက်စ်ရဲ့ အင်ဂျင်နီယာပညာရှင်တွေ ၂၀၁၆ ခုနှစ်က စုပေါင်းတည်ထောင်လိုက်တဲ့ နျူရာလင့်ခ်ကုမ္ပဏီက လူသားတွေရဲ့ ဦးခေါင်းခွံကို ဖြတ်ပြီး ဦးနှောက်ထဲ ကွန်ပြူတာချစ်ပ် ထည့်သွင်းနိုင်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ သူတို့စမ်းသပ်နေတဲ့ ဒီချစ်ပ်ပြားက ခန္ဓာကိုယ်မလှုပ်ရှားနိုင်တဲ့ လူနာတွေကို ပြန်လည်ရွေ့လျားနိုင်ဖို့၊ တခြားသူတွေနဲ့ အဆက်အသွယ်ပြုနိုင်ဖို့နဲ့ အမြင်အာရုံပြန်ရနိုင်ဖို့ စွမ်းဆောင်ပေးမယ် ဆိုထားတာပါ။

နျူရာလင့်ခ်ရဲ့ ဒီချစ်ပ်ကိရိယာက ဦးနှောက်ရဲ့ အာရုံကြောအချက်ပြမှုတွေကို ဖုန်းတွေနဲ့ ကွန်ပြူတာတွေလို ဒစ်ဂျစ်တယ်ပစ္စည်းတွေဆီ ဘာသာပြန်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

အခုတော့ လေဖြတ်နေတဲ့ လူနာတချို့ကို စတင်စမ်းသပ်နေပြီး အတွေးတစ်ခုတည်းကနေ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးနေတာပါ။ အလားတူ၊ ခန္ဓာကိုယ်နဲ့ ပင်မအာရုံကြောစနစ်တွေ အလုပ်မလုပ်တော့တဲ့ လူနာတွေအဖို့လဲ ဒီနည်းပညာက အတော်အသုံးဝင်လာနိုင်ပါတယ်။

လက်ရှိ ဆေးဘက်ဆိုင်ရာ စမ်းသပ်ချက်အဆင့်ကိုတော့ လူနာသုံးယောက်နဲ့ ဆောင်ရွက်မှာ ဖြစ်ပြီး ဒီနှစ်အစောပိုင်းမှာပဲ နျူရာလင့်ခ်က သူတို့ရဲ့ ဒုတိယမြောက်လူနာကို ဦးနှောက်ထဲ ချစ်ပ် အောင်အောင်မြင်မြင် ထည့်ထားပေးနိုင်ပါပြီ။

အဲဒီလူနာနဲ့အတူ နျူရာလင့်ခ်ရဲ့ ဦးနှောက်ချပ်စ်ပြားတွေဟာ ဘယ်အခြေအနေကို ရောက်နေပြီလဲ၊ ဘာတွေစွမ်းဆောင်နေနိုင်ပြီလဲဆိုတာ ဒီက တစ်ဆင့် အသေးစိတ် ဆက်လက်ဖတ်ရှုနိုင်ပါမယ်ခင်ဗျာ။

နျူရာလင့်ခ်ရဲ့ ဒုတိယမြောက် လူနာ ခွဲစိတ်မှု အောင်အောင်မြင်မြင် ပြီးဆုံး
အီလွန်မက်စ်ရဲ့ များပြားလှတဲ့ လုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ ဦးနှောက်ထဲ ကွန်ပြူတာချစ်ပ်ထည့်တဲ့ နျူရာလင့်ခ်နည်းပညာ ကုမ္ပဏီက သူတို့ရဲ့ ဒုတိယမြ

References: Reuters. (2024, September 17). Musk’s Neuralink gets FDA’s breakthrough device tag for “Blindsight” implant. Reuters. https://www.reuters.com/business/healthcare-pharmaceuticals/musks-neuralink-receives-fdas-breakthrough-device-tag-brain-implant-2024-09-17/

Pal, M. (2024, September 18). FDA grants “Breakthrough device” status to Neuralink’s Vision-Restoring Implant, Blindsight. Times Now. https://www.timesnownews.com/technology-science/fda-grants-breakthrough-device-status-to-neuralinks-vision-restoring-implant-blindsight-article-113441101


Build Myanmar Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!