
အီလွန်မက်စ်ရဲ့ များပြားလှတဲ့ လုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ ဦးနှောက်ထဲ ကွန်ပြူတာချစ်ပ်ထည့်တဲ့ နျူရာလင့်ခ်နည်းပညာ ကုမ္ပဏီက သူတို့ရဲ့ ဒုတိယမြောက် လူသားလူနာကို ခွဲစိတ်တာ အောင်အောင်မြင်မြင်နဲ့ ပြီးသွားပြီလို့ ထုတ်ပြန်လာပါတယ်။
ခွဲစိတ်လူနာ ခွဲခန်းက ထွက်လာအပြီး သတိပြန်ရချိန်မှာ သုံးဘက်မြင်ရုပ်ကြွ ပုံရိပ်တွေ တည်ဆောက်ခိုင်းတာနဲ့ ဗီဒီယိုဂိမ်းတွေ ကစားခိုင်းချိန်မှာ အဆင်ပြေပြေရှိတယ်လို့ ပြောလာတာပါ။ ဗီဒီယိုဂိမ်းဆိုတဲ့ နေရာမှာ Counter-Strike 2 လို ရှုပ်ထွေးပွေလီတဲ့ ဂိမ်းကိုပါ အခက်အခဲမရှိဘဲ ချောချောမွေ့မွေ့ ဆော့ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခွဲစိတ်မှုအတွင်းမှာလဲ ပထမအကြိမ်က ဖြစ်ခဲ့တဲ့ ပြဿနာတွေကို ရှောင်ကြဉ်နိုင်ခဲ့တယ်လို့ သိရတာပါ။
‘ခွဲစိတ်မှုထဲ ဦးနှောက်ရွေ့လျားမှု မရှိသလောက် နည်းအောင်ကို ထိန်းချုပ်ဆောင်ရွက်ထားပါတယ်’ လို့ နျူရာလင့်ခ်က သူတို့ရဲ့ ဘလော့ဂ်ပေါ်မှာ ပြောပါတယ်။
ပထမလူနာတုန်းက ဦးခေါင်းထဲ ထည့်ထားတဲ့ လျှပ်ကူးပစ္စည်း ကွန်ယက်တွေ သွယ်ယှက်ထားတာမှာ အရွေ့အစောင်းရှိခဲ့ပေမဲ့ အခုတော့ အဲဒီလို ပြဿနာမျိုး မဖြစ်တော့ဘူးလို့ ပြောပါတယ်။
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
ကုမ္ပဏီဘက်က သူတို့ရဲ့ လင့်ခ်အမည်ရ ထည့်သွင်းထားတဲ့ ချစ်ပ်ကို ထိန်းချုပ်တဲ့ ကွန်ပြူတာ မျက်နှာစာကိုလဲ လူနာတွေအနေနဲ့ ပိုလွယ်လွယ်ကူကူ ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေဆဲ ဖြစ်ပြီး သူတို့ရဲ့ နည်းပညာကို လူသားတွေရဲ့ ဦးနှောက်လုပ်ဆောင်ချက်နဲ့ လိုက်မီအောင်၊ ရွေ့လျားမှု များများစားစားကို တစ်ကြိမ်တည်း နားလည်နိုင်အောင်နဲ့ လူ့လက်ရေးကို ဖတ်တတ်အောင်၊ နောက် တခြား ဒစ်ဂျစ်တယ် လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်အောင် စီမံထားတာပါ။
နျူရာလင့်ခ်ရဲ့ ဒီနည်းပညာက လေဖြတ်ဝေဒနာသည်တွေနဲ့ သွက်ချာပါဒလူနာတွေအတွက် အဓိကရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒုတိယမြောက်လူနာမတိုင်ခင် ပထမမြောက်လူနာကို စမ်းတုန်းက ရခဲ့တဲ့ အချက်အလက်တွေပေါ် အခြေခံပြီးတော့ ထပ်တိုးမြှင့်တင်မှုတွေ အများကြီး ပြုလုပ်ပေးထားပြီး အဲဒီမြှင့်တင်မှုတွေထဲမှာ စကားမပြောနိုင်သူကို လူတွေနဲ့ ပြန်အဆက်အသွယ်ပြုနိုင်စွမ်းတွေလဲ ရှိလာပါပြီ။
မဝေးတော့တဲ့ အနာဂတ်မှာဆိုရင် နာတာရှည်ဝေဒနာသည်တွေကိုတောင် မှတ်ဉာဏ်ပိုင်း၊ စွမ်းဆောင်ရည်ပိုင်းမှာ သာမန်လူတစ်ယောက်နဲ့ မခြားနားအောင် နျူရာလင့်ခ်ရဲ့ နည်းပညာတွေက တဆင့် ကူညီပေးနိုင်နေပြီလို့ အီလွန်မက်စ်ကတော့ ပြောပါတယ်။
ဒီတစ်ခေါက် လူနာ အဲလက်စ်က အာရုံကြောမကြီးမှာ ထိခိုက်မှု ဖြစ်ထားလို့ လှုပ်ရှားမှု မလုပ်နိုင်တော့တဲ့ လူနာတစ်ယောက်ပါ။ ဒါပေမဲ့ သူလဲပဲ ခွဲစိတ်မှုအပြီး တစ်ရက်အကြာမှာပဲ ဆေးရုံက ဆင်းလိုက်နိုင်ပါတယ်။ ခုဆိုရင် သူက ဒီဇိုင်းဆော့ဝဲတွေကိုပါ သုံးပြီး အလုပ်ပြန်လုပ်နိုင်စွမ်း ရှိနေပါတယ်။ အီလွန်မက်စ်ကတော့ သူ့ရဲ့ နည်းပညာကို နောက်ထပ် လူနာတွေဆီပါ နှစ်မကုန်ခင် ပမာဏတစ်ခု သတ်မှတ်ပြီး မိတ်ဆက်ပေးဖို့ ရှိတယ်လို့ ဆိုထားတာပါ။
Reference - McBride, S. (2024, August 22). Neuralink says second brain device implant ‘Went well.’ Bloomberg.com. https://www.bloomberg.com/news/articles/2024-08-22/neuralink-says-second-brain-device-implant-went-well
အီလွန်မက်စ်ခ်နဲ့ ပတ်သက်လို့ အောက်က သတင်းတွေ ဆက်ဖတ်ဖို့ အကြံပြုပါတယ်။






Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်
📌Facebook https://www.facebook.com/buildmyanmar
📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c
📌LinkedIn https://www.linkedin.com/showcase/build-myanmar/
📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx
📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
Inquiry - support@buildmyanmar.com