NASA က လွှတ်တင်ထားတဲ့ ပါကာနေလေ့လာရေးယာဉ်ဟာ နေမျက်နှာပြင်နဲ့ မိုင်ပေါင်း ၃.၈ သန်းအကွာကို ရောက်ရှိနိုင်ခဲ့တယ် ဆိုပါတယ်။ ပါကာယာဉ်ဟာ သမိုင်းတစ်လျှောက် လူသားတွေ ဖန်တီးပြုလုပ်တဲ့ထဲ နေနဲ့ အနီးဆုံးကို ရောက်ရှိနိုင်ခဲ့တဲ့ အရာဝတ္ထုအဖြစ် စံချိန်တင်သွားပါပြီ။

အဆိုပါ လေ့လာရေးယာဉ်ဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ မစ်ရှင်ကို စတင်ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့မှာတော့ တစ်နာရီကို မိုင်ပေါင်း လေးသိန်းသုံးသောင်းအရှိန်နဲ့ နေမျက်နှာပြင်ကို အနီးကပ်ဖြတ်သန်းနိုင်ခဲ့တယ် ဆိုပါတယ်။ ဖြတ်သန်းနေစဉ် အတောအတွင်း ဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ ယာဉ်ကပေးပို့တဲ့ အချက်ပြလှိုင်းကို မြေပြင်အဖွဲ့က လက်ခံရရှိခဲ့တာပါ။

လေ့လာရေးယာဉ် ပါကာမှာ ထိခိုက်ပျက်စီးမှု မရှိကြောင်း NASA က အတည်ပြုပြောဆိုထားပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မတိုင်ခင် မစ်ရှင်က ရတဲ့ အချက်အလက်အသေးစိတ်ကို မြေပြင်ဆီ ပြန်ပို့နိုင်ဖို့ မျှော်လင့်တယ် ဆိုပါတယ်။ နေရဲ့ အပူချိန်၊ Solar Wind ခေါ် နေကထွက်တဲ့ စွမ်းအင်မြင့်လှိုင်းတွေနဲ့ စွမ်းအင်မြင့်အမှုန်တွေအကြောင်း ဒီမစ်ရှင်က တစ်ဆင့် ပိုနားလည်လာနိုင်တယ်လို့လဲ ဆိုထားတာပါ။

ပါကာဆိုလာလေ့လာရေးယာဉ်ကို NASA နဲ့ John Hopkins အသုံးချရူပဗေဒဓာတ်ခွဲခန်းတို့က ၂၀၁၈ ခုနှစ်မှာ အာကာသထဲ လွှတ်တင်ခဲ့တာ ဖြစ်ပြီး နေရဲ့ အပေါ်ယံအလွှာကို လေ့လာဖို့ ရည်ရွယ်ခဲ့တာပါ။

အင်မတန်ပူပြင်းတဲ့ ပတ်ဝန်းကျင်ဒဏ်တွေကို ခံနိုင်ဖို့ ယာဉ်မှာ အပူခံကာဒိုင်းလွှာတွေ ပါဝင်ပြီး အဲဒီဒိုင်းလွှာတွေ ၂၅၀၀ ဒီဂရီဖာရင်ဟိုက်ထိ အပူချိန်မြင့်တက်နေချိန်မှာတောင် ယာဉ်အတွင်းပိုင်းက ၈၅ ဒီဂရီဖာရင်ဟိုက်ဝန်းကျင်ပဲ ရှိတယ် ဆိုပါတယ်။

Reference: Roth, E. (2024, December 27). NASA’s Parker Solar Probe has survived the closest-ever Sun flyby. The Verge. https://www.theverge.com/2024/12/27/24330216/nasa-parker-solar-probe-touch-the-sun

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!