Open AI နဲ့  Huffington Post  ကုမ္ပဏီ နှစ်ခုတို့ ပူးပေါင်းပြီး နာတာရှည်ရောဂါတွေအတွက် AI နည်းပညာဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုအသစ်မိတ်ဆက်ခဲ့တာကို TechCrunch သတင်းမှာဖော်ပြထားပါတယ်။

ကုမ္ပဏီနှစ်ခုကအဆင့်မြင့်'Hyper-Personalized'AIကျန်းမာရေးပလက်ဖောင်းအသစ်ကိုမိတ်ဆက်ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ဒါဟာ စိတ်ကူးယဉ်ဆန်ပြီး ဖြစ်နိုင်ခြေမရှိဘူးလို့အထင်မှားလောက်အောင် ကုမ္ပဏီနှစ်ခုရဲ့ စွန့်စား တီထွင်မှုအသစ်ဘဲဖြစ်ပါတယ်။ 

 AI ကျန်းမာရေးဝန်ဆောင်မှု ပလက်ဖောင်း အသစ် ဖြစ်တဲ့  စွန့်စားမှုအသစ်က  နာတာရှည်ရောဂါကို တိုက်ဖျက်နေဖို့ကြိုးပမ်းနေတဲ့  အမေရိကန်လူဦးရေ  သန်း ၁၃၀ နီးပါးကို ကူညီပေးလိမ့်မယ်လို့  ကုမ္ပဏီမှ CEO နှစ်ဦးက မျှော်မှန်းထားပါတယ်။

Open AI အမှုဆောင်အရာရှိချုပ် Sam Altman နဲ့  Arianna Huffington တိုက  AI နည်းပညာ အသုံးပြုပြီး နည်းပညာနဲ့  ကျန်းမာရေး ကဏ္ဍ အတွက်  အဆင့်မြင့်ဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက်  ကြိုးပမ်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။

နာတာရှည်ရောဂါ ခံစားနေရသူတွေကို ကူညီဖို့အတွက် Thrive AI လို့ ခေါ်တဲ့  စွန့်စားမှုအသစ် က Thrive Global ၊  Huffington နဲ့ Open AI တို့အတူတကွ ပူးပေါင်းပြီး အကျိုးတူရန်ပုံငွေထည့်ဝင်ကာ ဒီဝန်ဆောင်မှုအသစ်ကို တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။

ကိုယ်ရေးကိုယ်တာ နဲ့  လုံခြုံရေးအစီအမံတွေနဲ့  စုစည်းထားတဲ့ ကျန်းမာရေးဒေတာပလပ်ဖောင်းကို အသုံးချကာ Thrive AI က သုံးစွဲသူတစ်ဦးချင်းစီရဲ့  တ်မူထူးခြားတဲ့  လိုအပ်ချက်တွေနဲ့ အသွင်ပြောင်းကျန်းမာရေးအတွေ့အကြုံကို ပေးအပ်ဖို့  ရည်ရွယ်ပြီးဖန်တီးထားတာဖြစ်ပါတယ်။

https://techcrunch.com/2024/07/08/openai-startup-fund-backs-ai-healthcare-venture-with-arianna-huffington/#:~:text=OpenAI%20Startup%20Fund%20backs%20AI%20healthcare%20venture%20with%20Arianna%20Huffington

https://observer.com/2024/07/sam-altman-arianna-huffington-launch-ai-health-coach/#:~:text=Sam%20Altman%20and%20Arianna%20Huffington%20to%20Launch%20%E2%80%98Hyper%2DPersonalized%E2%80%99%20A.I.%20Health%20Coach

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!