နျူကလီးယားစွမ်းအင်သုံး ဒေတာစင်တာတွေ တည်ဆောက်ဖို့တွက် ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့  Amazon နဲ့  Microsoft တို့က စီစဉ်နေတာကို Perplexity AI ရဲ့ ထုတ်ပြန်ဖော်ပြချက်မှာပါရှိပါတယ်။

ဒေတာစင်တာစက်မှုလုပ်ငန်းတွေက အရှိန်အဟုန်နဲ့ မြင့်တက်လာတဲ့အပြင်  လျှပ်စစ်ဓာတ်အားလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ ရေရှည်တည်တံ့ပြီး  ယုံကြည်စိတ်ချရတဲ့ စွမ်းအင်ဖြေရှင်းချက်အဖြစ် နျူကလီးယားစွမ်းအင်ကိုရှာဖွေနေပြီး Amazon နဲ့  Microsoft ကဲ့သို့နည်းပညာ ကုမ္ပဏီကြီးတွေက  နျူကလီးယားစွမ်းအင်သုံးဒေတာစင်တာတွေမှာ   ရင်းနှီးမြုပ်နှံဖို့ စီစဉ်နေတာဖြစ်ပါတယ်။ 

နျူကလီးယားစွမ်းအင်ဘက်ကိုအသွင်ကူးပြောင်းလာတာက  AI နဲ့  စွမ်းဆောင်ရည်မြင့်မားတဲ့  ကွန်ပျူတာလုပ်ငန်းခွင်တွေအတွက် ဒေတာစင်တာတွေအတွင်း အဓိကလိုအပ်နေတဲ့  စွမ်းအင် လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့  အတွက်ဘဲဖြစ်ပါတယ်။

ဒါ့အပြင်ယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့တဲ့  စွမ်းအင်ဖြေရှင်းချက်တွေကို  ရှာဖွေနေတဲ့  ဒေတာစင်တာတွေအတွက် အဓိကအားသာချက်များစွာကို နျူ ကလီးယားစွမ်းအင်က ပေးစွမ်းနိုင်ပါတယ်။

ဒေတာစင်တာလည်ပတ်ခြင်းအတွက် နျူကလီးယားစွမ်းအင်ကပေးစွမ်းနိုင်တဲ့  အဓိကအကျိုးကျေးဇူးတွေထဲကတစ်ခုကတော့  ကာဗွန်ထုတ်လွှတ်မှုနည်းတဲ့  သန့်ရှင်းတဲ့ စွမ်းအင်အရင်းအမြစ်ကိုပေးစွမ်းနိုင်တာဘဲဖြစ်ပါတယ်။

နျူကလီးယားစွမ်းအင်သုံး ဒေတာစင်တာတွေ တည်ဆောက်ခြင်းက ရေရှည်တည်တံ့ခိုင်မြဲပြီး ထိရောက်တဲ့ လုပ်ငန်းလည်ပတ်မှုတို့ ဖြင့် စွမ်းအင်လိုအပ်ချက်တွေကို လျင်မြန်စွာဖြည့်ဆည်းပေးနိုင်ဖို့အတွက်ဘဲဖြစ်ပါတယ်။

Reference:

https://www.perplexity.ai/page/nuclear-powered-data-centers-Z3Zbhbe5Q4iFfF1Z4qfpug#:~:text=Powered%20Data%20Centers-,Nuclear%2Dpowered%20data%20centers,-Curated%20by

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!