"တကယ်ကို မထင်ထားခဲ့တာပါ၊ နှစ်ပတ်ကျော်ကာလထဲမှာတင် လူ ၁၀၀ ကျော် စာရင်းပေးလာလိမ့်မယ်လို့"

Build Myanmar အဖွဲ့အစည်းရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ James Win က ပြောပါတယ်။ သူ့မျက်နှာမှာ အံ့အားသင့်နေဆဲ အပြုံးတစ်ခုက မပျောက်သေးပါဘူး။

အောက်တိုဘာလ ၁ ရက်နေ့က စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရေဘေးကယ်ဆယ်ရေး နည်းပညာပြိုင်ပွဲကြီးဟာ ကြေညာပြီး ရက်သတ္တပတ်တစ်ပတ်အတွင်းမှာတင် ပါဝင်ယှဉ်ပြိုင်သူ ၇၀ ကျော် ရှိခဲ့ပြီး နှစ်ပတ်ကျော်ကာလထဲရောက်တော့ လူအယောက် ၁၀၀ ကျော် ရှိနေပါပြီ။

ဒီအယောက် ၁၀၀ ကျော်ထဲမှာ ပြည်တွင်းက နည်းပညာရှင်လူငယ်တွေ ပါဝင်သလို ပြည်ပကနေ ပါဝင်ယှဉ်ပြိုင်သူတွေလဲ ရှိနေပါတယ်။ အလားတူ၊ တစ်ဦးတည်း ဝင်ရောက်ယှဉ်ပြိုင်သူတွေ ရှိနေသလို အဖွဲ့လိုက်ပါဝင်သူတွေလဲ အများအပြားပါ။ သူတို့တွေရဲ့ နောက်ခံတွေ၊ လာတဲ့နေရာတွေနဲ့ လားတဲ့နေရာတွေ ဘယ်လိုကွဲကွဲ ရည်ရွယ်ရင်းကတော့ တစ်ခုတည်းပါပဲ။

ထိရောက်ဆန်းသစ်တဲ့ ဖြေရှင်းချက်တွေကို ရှာဖွေရင်း အမြစ်တွယ်စွဲကပ်နေတဲ့ ပြဿနာဟောင်းကြီးကို ဖယ်ရှင်းပစ်ဖို့ . . .

Image - Build Myanmar Foundation
"မြန်မာနိုင်ငံမှာ တလောက ဖြစ်ခဲ့တဲ့ ရေဘေးရဲ့ သက်ရောက်မှုက အရမ်းကို ကြီးမားလွန်းခဲ့တယ်။ ဆုံးရှုံးခဲ့ရတဲ့ အသက်တွေလဲ မနည်းဘူး။ အဲဒီတော့ ကျွန်တော်တို့က လူငယ်တွေဖြစ်တာနဲ့ အညီ ဒီအရာတွေကို နောက်ထပ်မဖြစ်လာဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်။" လို့ ဟက်ကသွန်မှာ ပါဝင်သူ လူငယ်တစ်ဦးက Build Myanmar က ပြိုင်ပွဲမတိုင်ခင် ကနဦးကျင်းပခဲ့တဲ့ မြေပြင်တွေ့ဆုံမှုမှာ ပြောပါတယ်။

ဒီပြိုင်ပွဲဟာ နည်းပညာနဲ့ လူသားချင်းစာနာမှုကို ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ပွဲတစ်ပွဲပါ။ ပါဝင်သူတွေက ရေဘေးကာကွယ်ရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် နည်းပညာဖြေရှင်းချက်တွေကို တစ်လတာ ရှာဖွေကြရမှာ ဖြစ်ပါတယ်။

"ဒါမျိုးတွေ ထပ်မဖြစ်အောင် ကျွန်တော်တို့ ဘယ်လိုကာကွယ်မလဲပေါ့၊ လူငယ်တစ်ယောက်အနေနဲ့ တိုင်းပြည်တည်ဆောက်မှုမှာ ပါဝင်ဖို့အတွက် ဒီပွဲကို လာခဲ့တာပဲ" . . . လို့ အဲဒီလူငယ်က ဆက်ပြောပါတယ်။

ရေဘေးတွေနဲ့ သဘာဝဘေးတွေကို စီမံခန့်ခွဲရာမှာ အထိရောက်ဆုံးနဲ့ ဆန်းသစ်တီထွင်မှုအရှိဆုံးလို့ ယူဆရတဲ့ ဖြေရှင်းချက် ငါးရပ်အတွက် ဆုငွေ သိန်း ၁၀၀ ကို ခွဲဝေချီးမြှင့်မှာ ဖြစ်ပေမဲ့ ပါဝင်သူအများစုဟာ ဆုငွေထက် သူတို့ရဲ့ နည်းပညာအတွေးအခေါ်နဲ့ လူမှုအသိုင်းအဝိုင်းကို အကျိုးပြုနိုင်မဲ့ အခွင့်အရေးကို ပိုစိတ်ဝင်စားကြတာပါ။

Image - Build Myanmar Foundation

မိုးရေချိန်တိုင်းတာရေးစနစ်တွေကစလို့ ဒရုန်းတွေသုံးပြီး ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ပေးနိုင်မဲ့ အစီအစဉ်တွေအလယ် AI သုံးပြီး ရေဘေးကြိုတင်ခန့်မှန်းတဲ့ မော်ဒယ်တွေအထိ စိတ်ဝင်စားစရာကောင်းတဲ့ ဖြေရှင်းနည်းတွေကို ဒိုင်လူကြီးတွေနဲ့ ဟက်ကသွန်ရဲ့ mentor တွေက မျှော်လင့်နေကြပါတယ်။

"လူငယ်တွေရဲ့ တီထွင်ဖန်တီးမှုတွေ အားလုံးကို ကျွန်မ မျှော်လင့်တယ်။ ဆန်းသစ်တီထွင်မှုတွေ၊ နည်းပညာပံ့ပိုးမှုတွေကနေ လူထုကို ပိုပြီး ကာကွယ်နိုင်မဲ့၊ သဘာဝဘေးတွေ စီမံခန့်ခွဲတဲ့ နေရာမှာရော လူထုကို အကျိုးပြုနိုင်မဲ့အရာတွေကို လူငယ်တွေ ဖန်တီးစေချင်ပါတယ်။" လို့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရေဘေးကယ်ဆယ်ရေးဟက်ကသွန်မှာ ဒိုင်လူကြီးအဖြစ် ပါဝင်ထားသူ ဒေါက်တာလွင်လွင်ဝေက ပြောပါတယ်။

ဒေါက်တာလွင်လွင်ဝေရဲ့ အမြင်မှာ ဆင်းရဲတဲ့နိုင်ငံတွေ၊ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပိုခံရလေ့ရှိပြီး၊ သဘာဝဘေးတွေကို ကာကွယ်ဖို့ နည်းပညာအခန်းကဏ္ဍ အရမ်းအရေးကြီးတယ်လို့ ယုံကြည်တာပါ။ သူ(မ)ရဲ့ အမြင်တွေနဲ့ ဟက်ကသွန်ကနေ ထွက်လာမဲ့ ပရောဂျက်တွေ ကိုက်ညီမှုရှိမယ်လို့ မျှော်လင့်ရပါတယ်။

"လူငယ်တွေရဲ့ တီထွင်ဖန်တီးမှုတွေကို မျှော်လင့်မိပါတယ်။ နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုတွေကနေ လူထုကို ပိုကောင်းတဲ့ သဘာဝဘေးစီမံခန့်ခွဲမှုတွေ ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ ဒေါက်တာက ဆက်ပြောပါတယ်။

ဒီရေဘေးကယ်ဆယ်ရေးဟက်ကသွန်ရဲ့ ထူးခြားမှုတစ်ခုက သာမန်ပရိုဂရမ်မာတွေ နည်းပညာသမားတွေတင်မက စီမံကိန်းရေးဆွဲသူတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေနဲ့ ဒေသတွင်းက တက်ကြွလှုပ်ရှားသူတွေပါ ပူးပေါင်းပါဝင်နေကြတာပါ။ ဖွဲ့စည်းထားတဲ့ အသင်းတွေထဲမှာလဲ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတွေက စလို့ အသက် ၄၀ ကျော်အရွယ် ပညာရှင်တွေထိ မတူညီတဲ့နောက်ခံအသီးသီး ရှိကြပါတယ်။ ဒါကြောင့် ဒီဟက်ကသွန်ဟာ မျိုးဆက်တစ်ခုနဲ့ တစ်ခုကြား ပေါင်းကူးတံတားသဖွယ် ချိတ်ဆက်ပေးတယ်လို့လဲ ဆိုနိုင်ပါမယ်။ လူငယ်တွေရဲ့ နည်းပညာကျွမ်းကျင်မှုနဲ့ လူကြီးတွေရဲ့ အတွေ့အကြုံပေါင်းစပ်ချိန်မှာ တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းတဲ့ ရလဒ်တွေ ထွက်လာဖို့ မျှော်လင့်ရတာပါ။

အခုတော့ ပြိုင်ပွဲဟာ ဇာတ်ရှိန်အမြင့်ဆုံးအချိန်ကို ရောက်ရှိနေပြီး မကြာခင်ရက်သတ္တပတ်အတွင်းမှာတင် ပြိုင်ပွဲပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတွေနဲ့ အပတ်စဉ် အွန်လိုင်းက တစ်ဆင့် တွေ့ဆုံဆွေးနွေးမှုတွေလဲ ပြုလုပ်နေပြီး လိုအပ်တဲ့ လမ်းညွှန်မှုတွေနဲ့ အနီးကပ်ကြီးကြပ်မှုတွေ ပေးအပ်နေတာပါ။

"ကျွန်တော်တော့ အတော်စိတ်လှုပ်ရှားနေပြီ"
James Win, Founder of Build Myanmar Foundation

ဒီဟက်ကသွန်ပွဲကြီးဟာ မြန်မာနိုင်ငံရဲ့ နည်းပညာအသိုင်းအဝိုင်းအတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာမှာ သေချာပါတယ်။ ရေဘေးဒဏ်သင့် ဒေသတွေအတွက် မျှော်လင့်ချက် အလင်းရောင်သစ်တွေ ယူဆောင်လာမယ့် ဒီပွဲကြီးကို စိတ်ဝင်တစား စောင့်ကြည့်သွားရမှာပါ။

အားလုံးအသင့်ဖြစ်နေပြီ ဟုတ် . . .?။

Image - Build Myanmar Media
BUILD MYANMAR FOUNDATION CORP
Build Myanmar Foundation is a 501(c)(3) nonprofit organization dedicated to empowering…

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!