အီလွန်မတ်စ် ဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံသူအဖွဲ့က ChatGPT ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ OpenAI ကို ဒေါ်လာ ၉၀ ဘီလီယံကျော်နဲ့ လက်လွှဲယူဖို့ ကမ်းလှမ်းလိုက်ပြီလို့ Wall Street Journal မှာ ဖော်ပြထားပါတယ်။

မက်စ်က အရင်က OpenAI ရဲ့ တွဲဘက်တည်ထောင်သူတစ်ယောက် ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကုမ္ပဏီနဲ့ သဘောထားကွဲလွဲပြီး ထွက်သွားခဲ့တာပါ။

အခုတော့ OpenAI ကို သူ့လက်ထဲ ပြန်ရအောင် ကြိုးစားနေပါတယ်။

အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းအဖြစ် စတင်ခဲ့တဲ့ OpenAI ဟာ အခုတော့ မိုက်ခရိုဆော့ဖ်နဲ့ ပူးပေါင်းပြီး အမြတ်အစွန်းကိုပဲ ဦးတည်နေတယ်လို့ စွပ်စွဲပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက မက်စ်က OpenAI ကို တရားလဲ စွဲထားသေးတာပါ။

တီထွင်ဖန်တီးမှုတို ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို၊ စာကြည့်ဖို၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

OpenAI ဘက်ကတော့ အရင်က မက်စ်ကိုယ်တိုင် သူတို့ရဲ့ စီးပွားရေးပုံစံ ပြောင်းလဲမှုကို ထောက်ခံခဲ့ပြီး သူ့ကို ကုမ္ပဏီရဲ့ အဓိကကျတဲ့ လုပ်ပိုင်ခွင့်တွေ မပေးတော့မှ မကျေနပ်ပြီး ထွက်သွားတာလို့ ပြန်ပြောထားပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက ChatGPT နဲ့ OpenAI ဟာ လူသားတွေအတွက် အကျိုးရှိမဲ့ AI နည်းပညာကို ဖန်တီးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာပါ။ အခုတော့ စီးပွားရေးအရ အကျိုးအမြတ်ရှာတာနဲ့ လူသားတွေအတွက် တကယ်အကျိုးရှိအောင် လုပ်တာ ဘယ်လိုဟာက ပိုကောင်းမလဲဆိုတဲ့ ငြင်းခုံမှုတွေ ဖြစ်ပေါ်လာနေပါတယ်။

အဓိက အငြင်းပွားနေတဲ့ အချက်ကတော့ AI နည်းပညာကို အများပြည်သူအကျိုးအတွက် အသုံးချမလား၊ စီးပွားရေးအကျိုးအမြတ်အတွက် အသုံးချမလားဆိုတဲ့ မေးခွန်းပါပဲ။ ဒီကိစ္စက AI နည်းပညာရဲ့ အနာဂတ်ကို သက်ရောက်မှုရှိနိုင်တဲ့အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်လို့ ပြောရင်လဲ ဘယ်မှားပါ့မလဲ။

References: Perplexity

ဆက်စပ်ဖတ်ရှုဖို့

OpenAI က Operator Agent ကို စမိတ်ဆက်
OpenAI has launched a research preview of its general-purpose AI agent, Operator, which can take control of a web browser and perform specific actions.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!