၂၀၂၂ ခုနှစ်ဝန်းကျင်က အတော်လေးကို ဟိုးလေးတကျော် ဖြစ်ခဲ့ရတဲ့ Midjourney Ai ပုံ ထုတ်လုပ်ရေးပလက်ဖောင်းကို သိကြမယ် ထင်ပါတယ်။ ခါတိုင်းတော့ Midjourney က Discord လို နေရာကနေ Prompt ပေးပြီး ပုံတွေ ထုတ်လုပ်ရတာ ဖြစ်ပေမဲ့ အခုတော့ ဝဘ်ဆိုက်က တစ်ဆင့် ပုံတွေ ထုတ်လုပ်နိုင်အောင် အဆင့်မြှင့်တင်လိုက်တာပါ။

User အသစ်တွေဆိုရင် ၂၅ ပုံတိတိ အခကြေးငွေပေးစရာ မလိုဘဲ စမ်းသပ်ထုတ်လုပ်နိုင်ကြောင်း Midjourney ကတော့ တရားဝင်ပြောထားပါတယ်။ Discord server တွေထဲမှာ Command Prompt တွေ ရှည်ရှည်ဝေးဝေး ပေးပြီး လိုက်ထုတ်နေစရာ မလိုတော့ဘဲ website တစ်ခုထဲပေါ်မှာတင် လိုအပ်တာကို ပြောရုံနဲ့ ပုံတွေ ထုတ်နိုင်ရုံမက ပုံဆိုဒ်ချဲ့တာ၊ Zoom ဆွဲတာနဲ့ တခြား Lasso tool တွေ၊ Brush tool တွေပါ ပါလာပါပြီ။ ဒီတော့ အရင်လို Ai က ပေးတဲ့ထဲက အနီးစပ်ဆုံး တူတာကိုပဲ ယူရတဲ့ အခြေအနေကနေ ကိုယ်လိုချင်တဲ့ ပုံစံကို ကိုယ့်ဘာသာ စိတ်ကြိုက် ပြန်ပြင်နိုင်စွမ်း ရှိလာတဲ့ သဘောပေါ့။

Midjourney က ဝဘ်ဗားရှင်းကို ထုတ်တာ နောက်ကျတယ်လို့ အသုံးပြုသူတချို့က မှတ်ချက်ပြုပါတယ်။ ဥပမာ အီလွန်မက်စ်ခ်ရဲ့ xAI ဆိုရင် Grok2 ကို တစ်လောကတင် ပွဲဦးထုတ်လိုက်ပြီးတော့ အဲဒီမှာဆိုရင် စာလေးတစ်ကြောင်း ပေးရုံနဲ့တင် အတော်လေး ကောင်းမွန်တဲ့ ပုံတွေ ထုတ်ပေးတာပါ။ နောက် Google ကနေလဲ Imagen 3 ကို ထုတ်လုပ်ထားပြီးတော့ Flux 1 တို့လို အလကားရတဲ့ tool တွေကလဲ ဈေးကွက်ထဲ ရှိနေပါတယ်။ ဒါတွေကြောင့်ပဲ Midjourney က ဉာဏ်ရည်တုဓာတ်ပုံ ထုတ်လုပ်ရေးမှာ စီနီယာကျခဲ့ပေမဲ့ သူ့နောက်မှ လာတဲ့ သူတွေက သူ့ကို ကျော်တက်တာ ခံနေရတဲ့ သဘော ဖြစ်နေတာပါ။

Reference: Midjourney’s web version opens up. (n.d.). Perplexity AI. https://www.perplexity.ai/page/midjourney-s-web-version-opens-sUCCQdkkS9KK..w9uaNl4A

xAI က ထုတ်လုပ်ထားတဲ့ Grok2 အကြောင်းကို ဒီက တစ်ဆင့် ဆက်ဖတ်နိုင်ပါပြီ။

အီလွန်မက်စ်ရဲ့ xAI ကနေ Grok 2 ကို စတင်ပွဲထုတ်
အီလွန်မက်စ် ပိုင်တဲ့ xAI ကုမ္ပဏီကနေ X (ယခင်တွစ်တာ) ကို Premium ဝယ်ယူ အသုံးပြုသူတွေအတွက် ထားရှိထားတဲ့ Ai Assitant ကို အဆင့်မြှင့်တင်လိုက်ပါပြီ။ အခုတော့ အဲဒီအဆင့်မြှင့

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!