
မိုက်ခရိုဆော့ဖ်က ၂၀၁၁ ခုနှစ်မှာ ဒေါ်လာ ၈.၅ ဘီလီယံနဲ့ ဝယ်ယူထားတဲ့ Skype Video Conferencing ကို လာမဲ့ မေလမှာ ပိတ်ချသွားတော့မယ်လို့ ကြေညာလိုက်ပါပြီ။ Skype ရဲ့ ဝန်ဆောင်မှုတွေကို Microsoft Teams ဆီကို ပြောင်းရွှေ့ပေးသွားမှာဖြစ်ပြီး Skype သုံးနေတဲ့သူတွေအနေနဲ့ ရှိပြီးသားအကောင့်ကို Teams မှာ ဝင်ပြီး ဆက်သုံးလို့ရမှာပါ။
Skype ကို ၂၀၀၃ ခုနှစ်က အက်စတိုးနီးယားနိုင်ငံမှာ စတင်တည်ထောင်ခဲ့တာပါ။ သူ့မှာ ကြိုးဖုန်းအစား အင်တာနက်ကနေ ဖုန်းခေါ်နိုင်တဲ့ VOIP နည်းပညာ ပါဝင်ခဲ့ပြီး ၂၀၀၅ ရောက်တော့ eBay က ဝယ်ယူပြီးနောက် ဗီဒီယိုနဲ့ ခေါ်ဆိုနိုင်တဲ့ နည်းပညာပါ ထပ်ဖြည့်ခဲ့ပါတယ်။
"ကုမ္ပဏီကြီးတွေရဲ့ မန်နေဂျာတွေပဲ မဟုတ်တော့ဘဲ သာမန်လူတွေကပါ အရည်အသွေးကောင်းတဲ့ ဗီဒီယိုခေါ်ဆိုမှုတွေကို Skype ကျေးဇူးနဲ့ လုပ်နိုင်လာတယ်" လို့ North Eastern တက္ကသိုလ်က ပါမောက္ခ ဘာဘရာ လာဆင်က ပြောပါတယ်။
"ဒါဟာ ကမ္ဘာတစ်ဝှမ်းက လူတွေကို ပိုပြီး ရင်းနှီး နီးစပ်လာစေခဲ့တယ်။"
၂၀၁၇ ခုနှစ်ထိ Skype က နည်းပညာမြင့်မားတဲ့ ဆက်သွယ်ရေးပလက်ဖောင်းအဖြစ် နာမည်ကြီးနေဆဲပါ။ အဲဒီနှစ်မှာပဲ Microsoft က Teams ကို စတင်မိတ်ဆက်ခဲ့ပြီး ကိုဗစ်ကာလမှာတော့ Teams နဲ့ Zoom တို့လို ပလက်ဖောင်းအသစ်တွေဟာ Skype ကို ကျော်တက်ပြီး သုံးစွဲမှု အင်မတန်များပြားလာခဲ့ပါတယ်။
"အရည်အသွေးမြင့်တဲ့ ဗီဒီယိုခေါ်ဆိုမှုတွေက လူတွေရဲ့ဆက်ဆံရေးကို ပိုကောင်းစေပြီး ခက်ခဲတဲ့ပြဿနာတွေကိုလည်း ပိုမြန်မြန် ဖြေရှင်းနိုင်စေတယ်။ Skype က အင်တာနက်ရှိရုံနဲ့ ဒါတွေကို လုပ်နိုင်အောင် လမ်းဖွင့်ပေးခဲ့တာဟာ တကယ့်ကို တော်လှန်ရေးတစ်ခုပါပဲ" လို့ လာဆင်က ဆက်ပြောပါတယ်။
Microsoft ကုမ္ပဏီဘက်က Skype ကို ပိတ်လိုက်ရတဲ့ ရည်ရွယ်ချက်ထဲမှာ သူတို့ရဲ့ ပလက်ဖောင်းတွေကို တစ်စုတစည်းတည်း ပေါင်းလိုက်ချင်တာကြောင့်လဲ ပါပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက Skype ထက် Teams ကို ပိုဦးစားပေးလာပြီး Zoom နဲ့ Meet တို့ကို ယှဉ်ပြိုင်နိုင်ဖို့ ပိုအားစိုက်လာတာပါ။ ကိုဗစ်ကာလမှာ Remote Platform တွေ အမြောက်အမြားပေါ်လာပြီးတဲ့နောက် Teams ဟာလဲ Skype ထက် အသုံးပြုသူ ပိုများလာခဲ့ပါတယ်။
Reference: O’brien, M. (2025, February 28). Skype is shutting down in May | AP News. AP News. https://apnews.com/article/microsoft-closing-skype-7ac4e86f55acb40098476e01d8d4a473
ဆက်လက်ဖတ်ရှုဖို့

Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia