ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီ Microsoft က အမေရိကန်ရဲ့ သုံးမိုင်ကျွန်းမှာ ရှိတဲ့ စွန့်ပစ်ခံ နျူကလီးယားစွမ်းအင်သုံး ဓာတ်ပေါင်းဖိုတွေကို ပြန်အသက်သွင်းပြီး သူတို့ရဲ့ ဒေတာစင်တာအတွက် စွမ်းအင်ဝယ်ယူဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပါပြီ။ သက်ဆိုင်ရာက ခွင့်ပြုချက် ရရှိခဲ့ရင်တော့ အဲဒီဓာတ်ပေါင်းဖိုတွေက ရတဲ့ စွမ်းအင်ဟာ Microsoft ရဲ့ Ai Data Center (ဉာဏ်ရည်တုဒေတာစင်တာ) ဆီ ၁၀၀ ရာခိုင်နှုန်း စီးဆင်းတော့မယ်လို့ သိရတာပါ။

သုံးမိုင်ကျွန်း (Three Mile Island) မှာ ရှိတဲ့ ဓာတ်ပေါင်းဖိုရဲ့ ပိုင်ရှင် Constellation ကုမ္ပဏီက Microsoft ကုမ္ပဏီနဲ့ စွမ်းအင်အသုံးပြုမှု သဘောတူညီချက် စာချွန်လွှာကို ပြီးခဲ့တဲ့ ၂၇ ရက်နေ့ကပဲ လက်မှတ်ထိုးလိုက်ပြီး ခွင့်ပြုချက်ပါမစ်ရခဲ့မယ်ဆိုရင် ၂၀၂၈ ခုနှစ်မှာ ဓာတ်ပေါင်းဖို ပြန်လည်အသက်ဝင်လာနိုင်တယ် ဆိုပါတယ်။

Microsoft ဘက်က စွမ်းအင်ရယူဖို့ စီစဉ်နေတဲ့ အဲဒီဓာတ်ပေါင်းဖို ယူနစ်ဟာ ၂၀၁၉ ခုနှစ်မှာ စီးပွားရေးပြဿနာတွေကြောင့် လည်ပတ်မှု ရပ်တန့်ထားခဲ့ရပြီး အမေရိကန်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးလို့ သတ်မှတ်ခံထားရတဲ့ ၁၉၇၉ ခုနှစ်၊ နျူကလီးယားမတော်တဆမှု ဖြစ်တဲ့ ပေါင်းဖိုရဲ့ ဘေးကပ်ရက်မှာ တည်ရှိတာပါ။

Constellation ဘက်က Microsoft နဲ့ သဘောတူညီမှုယူပြီး ပြန်လည်ဖွင့်လှစ်ဖို့ လုံးပန်းနေတဲ့ အဲဒီပေါင်းဖိုယူနစ်ဟာ နျူကလီးယားစွမ်းအင်ကို အခြေခံပြီး မက်ဂါဝက် ၈၀၀ ကျော် စွမ်းအင်ထုတ်နိုင်ပါတယ်။ မြင်သာအောင် ပြောရရင် ၈၀၀ မက်ဂါဝက်ဆိုတာ အိမ်အလုံးပေါင်း ရှစ်သိန်းကို လျှပ်စစ်မီး လုံလုံလောက်လောက် ပေးထားနိုင်တဲ့ ပမာဏပါပဲ။ Microsoft ဘက်က ဒီစွမ်းအင်ပမာဏကို သူတို့ရဲ့ အေအိုင်ဒေတာစင်တာအတွက် သုံးမှာပါ။ ပေါင်းဖိုက ထုတ်တဲ့ စွမ်းအင်ကို Microsoft က ဝယ်ယူမှာ ဖြစ်ပြီးတော့ နာမည်ကိုလဲ Crane Clean Energy Center အဖြစ် ပြောင်းလဲမယ် ဆိုပါတယ်။

Microsoft က အေအိုင်ဘက်ကို ပိုပြီး အားစိုက်ထုတ်လာတာနဲ့အမျှ စွမ်းအင်လိုအပ်ချက်တွေလဲ မြင့်တက်လာပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလဲ တစ်စတစ်စ များလာနေတာပါ။ အဲဒီကနေ ကမ္ဘာကြီးကို ပိုနာမကျန်းဖြစ်စေနိုင်လို့ ၂၀၂၅ ခုနှစ်က စပြီး သန့်စင်စွမ်းအင်ကို အခြေခံတဲ့ Data Center တွေ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေကတည်းက Small Modular Reactor အမည်ရတဲ့ ဓာတ်ပေါင်းဖိုအသေးစားလေးတွေကို Microsoft ဘက်က စွမ်းအင်ဝယ်ယူဖို့ လိုက်ကမ်းလှမ်းနေတာမျိုး ရှိပြီး Microsoft ရဲ့ ပဲ့ကိုင်ရှင် ဘီလ်ဂိတ်ကိုယ်တိုင်ကလဲ လက်ရှိကြုံနေရတဲ့ ရာသီဥတုပြောင်းလဲမှုတွေ၊ ကာဘွန်ထုတ်လွှတ်မှု များပြားတာတွေကို နျူကလီးယားစွမ်းအင်သုံးရင်း ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်တာပါ။

အခုတော့ Constellation ဘက်ကနေ ဒေါ်လာ ၁.၆ ဘီလျံ မ,တည်ပြီး နျူပေါင်းဖိုကို ပြန်အသက်သွင်းမယ်လို့ ပြောပါတယ်။ အမေရိကန်အစိုးရရဲ့ နျူကလီးယားစွမ်းအင် ကော်မစ်ရှင်ဆီကနေလဲ ဒီပေါင်းဖို ပြန်လည် လည်ပတ်ဖို့ ခွင့်ပြုချက် တောင်းခံထားပြီး ခွင့်ပြုချက်လိုင်စင် သက်တမ်းတိုးတာ အဆင်ပြေရင်တော့ ၂၀၅၄ ခုနှစ်ထိ လည်ပတ်နိုင်မယ်လို့ သိရတာပါ။

Microsoft ဘက်က စွမ်းအင်ဝယ်ယူမဲ့ ပေါင်းဖိုရဲ့ ဘေးကပ်ရက်က ပေါင်းဖိုယူနစ်ဟာ ၁၉၇၉ ခုနှစ်မှာ နျူကလီးယား မတော်တဆမှုတစ်ရပ် ကြုံတွေ့ထားရပြီး ပေါင်းဖိုထဲက အအေးခံအရည်တွေဟာ အပြင်ကို စိမ့်ထွက်တာကနေ လောင်စာကန်တချို့တဝက် အရည်ပျော်ကျခဲ့ဖူးပါတယ်။ ၁၉၇၉ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါင်းဖိုထဲကနေ ရေဒီယိုသတ္တိကြွ ဓာတ်ငွေ့တွေနဲ့ အိုင်အိုဒင်းတွေ လေထုထဲ စိမ့်ထွက်ခဲ့တာပါ။

Reference: Warren, T. (2024, September 20). Microsoft wants Three Mile Island to fuel its AI power needs. The Verge. https://www.theverge.com/2024/9/20/24249770/microsoft-three-mile-island-nuclear-power-plant-deal-ai-data-centers

မြေအောက် နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ဘာလဲ၊ ဘယ်လဲ . . .?
ရုပ်ကြွင်းလောင်စာတွေ နေရာမှာ သန့်စင်စွမ်းအင်တွေကို တဖြည်းဖြည်းနဲ့ အစားထိုးဖို့ ကြိုးစားလာကြချိန်မှာ နျူကလီးယားဓာတ်ပေါင်းဖိုတွေရဲ့ အခန်းကဏ္ဍကလဲ တစ်စတစ်စ အရေ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!