Meta ရဲ့ ဉာဏ်ရည်တု သုတေသနအဖွဲ့ FAIR (Fundamental AI Research) က စက်ရုပ်နည်းပညာကို အေအိုင်နဲ့ ပေါင်းစပ်ပြီး အထိအတွေ့ခံစားချက်တွေ ရှိတဲ့ စက်ရုပ်တွေ ဖန်တီးမယ်လို့ ပြောလာပါတယ်။ လူတွေနားမှာ လုံလုံခြုံခြုံ၊ သဘာဝကျကျနေနိုင်ပြီး လက်တွေ့ကမ္ဘာထဲက အလုပ်တွေကို ကူညီပေးနိုင်တဲ့ စက်ရုပ်တွေကို ဦးတည်မှာလို့ ကနဦး သိရတာပါ။

ကော်ဖီခွက်သယ်တာကနေ စလို့ ပန်းကန်တွေ စီတာအလယ် လက်ဆွဲနှုတ်ဆက်တာအဆုံး အထိအတွေ့ကို သိရှိနိုင်ဖို့ လိုအပ်သလို ဂရုတစိုက်ဆောင်ရွက်ဖို့လဲ လိုအပ်ပါတယ်။ စက်ရုပ်တွေဟာ ဘယ်လောက်ပဲ လူသားဆန်လာတယ်ပြောပြော ဒီလို အထိအတွေ့ကို ခံစားမိပြီး လိုက်လျောညီထွေပြောင်းလဲနိုင်စွမ်း မရှိသေးပါဘူး။ တပ်ဆင်ထားတဲ့ ကင်မရာတွေ၊ ပရိုဂရမ်ညွှန်ကြားချက်တွေအပေါ် မူတည်ပြီးပဲ လုပ်ငန်းတွေ ဆောင်ရွက်ကြတာမို့ သူတို့အတွက် အရာဝတ္ထုတွေ ကိုင်တွယ်ရာမှာ မျက်နှာပြင်တွေ၊ ပုံစံတွေကို မသင်ကြားထားရင် နားလည်နိုင်စွမ်း မရှိပါ။

Meta က မိတ်ဆက်လိုက်တဲ့ ဒီ tools သုံးမျိုးကတော့ အဲဒါတွေကို ပြောင်းလဲနိုင်စွမ်း ရှိတယ် ဆိုပါတယ်။

ပထမဆုံးတစ်ခုက Sparsh အမည်ရတဲ့ အာရုံခံနည်းပညာပါ။ ဒီနည်းပညာက ဉာဏ်ရည်တုတွေကို မျက်နှာပြင်တွေ၊ ဖိအားတွေနဲ့ ကိုင်တွယ်ရွေ့လျားပုံတွေကို သိရှိစေဖို့ ကူညီပေးမှာ ဖြစ်ပြီး စက်ရုပ်တွေကို အထိအတွေ့အာရုံခံတဲ့ ဆင်ဆာတွေ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Meta Digit 360 လို့ခေါ်တဲ့ လူသားတွေရဲ့ လက်ဖျားထိပ်လိုမျိုး sensitivity ရှိတဲ့ ဉာဏ်ရည်တုလက်ပါ။ ဒီအရာဝတ္ထုက အင်မတန်ကို သေးငယ်တဲ့ မျက်နှာပြင်တွေနဲ့ ပျော့လွန်းတဲ့ အားပမာဏကိုတောင် ခြေရာခံနိုင်စွမ်းရှိပြီး လူတွေရဲ့ လက်တွေနီးနီး အာရုံခံနိုင်စွမ်း အားကောင်းတယ် ဆိုပါတယ်။ အားကောင်းတဲ့ မှန်ဘီလူးတွေ တပ်ဆင်ထားပြီး မျက်နှာပြင်ပတ်လည် မြင်နိုင်စွမ်းရှိသလို မတူကွဲပြားတဲ့ အပူချိန်တွေကိုလဲ တုံ့ပြန်နိုင်တာပါ။ ဒီနည်းပညာကိုတော့ ဆေးဘက်ဆိုင်ရာနဲ့ တခြားပုံရိပ်ယောင်နယ်ပယ်မှာ သုံးလို့ရတယ်လို့ Meta က ဆိုပါတယ်။

နောက်ဆုံးတစ်ခုကတော့ Meta Digit Plexus လို့ ခေါ်ပါတယ်။ Plexus က အထိအတွေ့ဆင်ဆာတွေ အကုန်လုံးကို စက်ရုပ်လက်တစ်လျှောက် ချိတ်ဆက်ပေးပြီး လက်ဖျားထိပ်ကနေ လက်ဖမိုးထိ ခံစားချက်ရစေအောင် ဆောင်ရွက်ပေးမှာမျိုးပါ။ ဒီနည်းပညာတွေ အကုန်လုံးကို ပေါင်းပြီး မဝေးတော့တဲ့ အနာဂတ်မှာ လူတွေနဲ့ အလားသဏ္ဍာန်တူတဲ့ အထိအတွေ့ခံစားချက်မျိုး စက်ရုပ်တွေ ပိုင်ဆိုင်နိုင်တော့မဲ့ သဘောပါပဲ။

Reference:https://www.businesstoday.in/technology/artificial-intelligence/story/meta-ai-has-made-new-tools-that-will-enable-robots-to-touch-and-feel-like-humans-452279-2024-11-01

Meta က သူတို့ရဲ့ အေအိုင်ကို U.S အစိုးရ သုံးဖို့ တိုက်တွန်းနေ
Meta is “working with the public sector to adopt Llama across the US government,” according to CEO Mark Zuckerberg.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!