Meta ကုမ္ပဏီက Orion လို့ အမည်ရတဲ့ သူတို့ရဲ့ ပထမဆုံး AR (Augmented Reality) မျက်မှန်တွေကို စတင်မိတ်ဆက်ပြီး လက်တွေ့ဘဝနဲ့ အတုအယောင်ကမ္ဘာကို ပေါင်းစပ်ပေးမယ်လို့ ကြွေးကြော်လိုက်ပါပြီ။
ဒီမျက်မှန်ကို ထုတ်လုပ်နိုင်ဖို့ ဆယ်စုနှစ်တစ်ခုနီးပါး အချိန်ယူပြင်ဆင်ထားရပြီး လက်ရှိအချိန်ထိ နည်းပညာပိုင်းအရ အဆင့်အမြင့်ဆုံး AR ပုံရိပ်ယောင် မျက်မှန်တစ်လက် ဖြစ်တယ်လို့လဲ Meta က ဆိုထားပါတယ်။
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
မျက်မှန်ရဲ့ နာမည်ကို 'Orion - အော်ရီယွန်' လို့ အမည်ပေးထားပြီး ဒီမျက်မှန်ကို အသုံးပြုသူတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ နှစ်ဖက်မြင်နဲ့ သုံးဘက်ရုပ်ကြွ ပုံရိပ်တွေ ပတ်လည်ဝိုင်းနေတာကို ပေါင်းစပ်မြင်ရနိုင်မှာပါ။ ဒီလို မြင်ရတာက AR မျက်မှန်တိုင်း လုပ်ဆောင်နိုင်တာ မှန်ပေမဲ့ Meta ရဲ့ အော်ရီယွန်ကတော့ အဆင့်မြင့်တဲ့ ဉာဏ်ရည်တုနည်းပညာပါ ပါဝင်လာပါတယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝတ္ထုတွေကို ဒီမျက်မှန်တပ်ဆင်ပြီး ကြည့်မယ်ဆိုရင် မျက်မှန်ရဲ့ စနစ်ထဲမှာ ပါဝင်တဲ့ ဉာဏ်ရည်တုကို ကိုယ်သိချင်တာ၊ နားမလည်တာမျိုးတွေ မေးနိုင်မှာပါ။
တခြား VR/AR headset တွေလိုမျိုး အလေးချိန်လဲ အရမ်းမများတာမို့ အိမ်နေရင်းရော အပြင်ထွက်ရင်ပါ သရုပ်မပျက်ဘဲ စတိုင်ကျကျ သုံးနိုင်မယ်လို့ Meta က ဆိုပါတယ်။
ဒီတစ်ခေါက် အော်ရီယွန်မျက်မှန်ဟာ စမတ်မျက်မှန်တွေနဲ့ AR နည်းပညာကို ပေါင်းစပ်ထားတာ ဖြစ်ပြီး လက်နဲ့ ထိတွေ့ကိုင်တွယ်စရာမလိုဘဲ ဒစ်ဂျစ်တယ်လောကနဲ့ အကူးအလူးပြုနိုင်မဲ့ လူမှုဘဝတစ်ရပ် ပေါ်ပေါက်လာဖို့ ရည်ရွယ်ထားတာပါ။ ဒါကြောင့်ပဲ Meta ရဲ့ အစောပိုင်းကာလတွေမှာ ထုတ်လုပ်ခဲ့တဲ့ Ray-Ban မျက်မှန်တွေရဲ့ အိုင်ဒီယာကိုပဲ အဓိက အခြေခံလိုက်ပြီး ခု အော်ရီယွန်ဟာတော့ Ray-Ban မှာ မပါထားတဲ့ display ပါ ပါလာပြီး ဟိုလိုဂရက်ဖစ်နည်းပညာလဲ ထည့်သွင်းထားပါတယ်။
နေ့စဉ်ဘဝနဲ့လဲ အဆက်အသွယ်မပြတ်အောင် မှန်အကြည်ကို အသုံးပြုထားပြီး စတိုင်ကျ၊ စမတ်ကျပြီး ဝတ်ထားမှန်းတောင် မသိသာတဲ့ မျက်မှန်တစ်လက်ပါ . . .။
အော်ရီယွန်မှာ ပါဝင်တဲ့ Meta Ai က ရေခဲသေတ္တာထဲမှာ ရှိတဲ့ ပစ္စည်းတွေကို ကြည့်ရင်း ဟင်းချက်နည်း ထုတ်ပေးတတ်သလို ဗီဒီယိုကောပြောချင်လဲ အဆင်ပြေပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ဒစ်ဂျစ်တယ်ပြက္ခဒိန်ကို ကြည့်ရင်း ပလန်ဆွဲချင်တယ်၊ လုပ်စရာတွေမှတ်ချင်တယ်ဆိုလဲ သဘောပါ . . .။
အော်ရီယွန် AR မျက်မှန်ကို လတ်တလောမှာ ဈေးကွက်ထဲ တွေ့ရအုံးမှာ မဟုတ်ပေမဲ့ Meta ဘက်ကတော့ ဒီမျက်မှန်က သုတေသနစီမံကိန်းတစ်ခုထက် ပိုပြီး လူထုဆီ အမှန်တကယ်ပေးပို့ဖို့ ရှိတယ် ဆိုပါတယ်။ အချိန်ယူပြီး အော်ရီယွန်ကို 'ပြန်ခြယ်သ' ဖို့ စီစဉ်နေ၊ အတွင်းစည်း/အပြင်စည်း စမ်းသပ်ချက်တွေ ဆောင်ရွက်ဖို့ ရည်ရွယ်နေပြီး မကြာခင်မှာ ဈေးကွက်ထဲ တရားဝင်ဝယ်ယူနိုင်မယ်လို့ သိရတာပါ။
Company, F., & Meta. (2024, September 27). Introducing Orion, our first true augmented reality glasses. Meta. https://about.fb.com/news/2024/09/introducing-orion-our-first-true-augmented-reality-glasses/
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.
📅 New updates every day before 9:00 pm, MMT.
📰 Read on:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: support@buildmyanmar.com
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia