Meta ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်ပြောတာအရ Meta ဟာ Llama AI ကို အမေရိကန်ပြည်ထောင်စုရဲ့ အစိုးရဌာနတွင်းတွေမှာ အသုံးပြုနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီကိစ္စကို ဇူကာဘက်က Meta ရဲ့ ၂၀၂၄ ဘဏ္ဍာနှစ် သုံးချိုးနှစ်ချိုးကာလအတွက် ဝင်ငွေစိစစ်တဲ့ အစည်းအဝေး အဖွင့်အမှာစကားမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာပါ။ သူ့ရဲ့ ပြောကြားချက်အပေါ်မှာ မေးခွန်းထုတ်တာတွေတော့ အမြောက်အမြားပါပဲ။

နမူနာ၊ အမေရိကန်အစိုးရရဲ့ ဘယ်ကဏ္ဍခွဲတွေမှာ Meta ရဲ့ ဉာဏ်ရည်တုမော်ဒယ်ကို သုံးမှာလဲ၊ ဘာလို့သုံးမှာလဲစစ်ဘက်ဆိုင်ရာ အသုံးချမှုတွေရော ရှိနိုင်လား၊ Meta ကရော ဒီလိုသုံးတာအတွက် ဘာအကျိုးအမြတ်တွေ ပြန်ရမှာလဲ . . . စသဖြင့်ပါ။

Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူ Faith Eischen ကတော့ US ရဲ့ ပြည်နယ်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီး ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်ကောင်းကောင်းရရေးတို့ကနေ စီးပွားရေးလုပ်ငန်းငယ်တွေကို ကူညီထောက်ပံ့တဲ့အထိ ကဏ္ဍပေါင်းစုံကနေ Llama ကို အသုံးချသွားမယ်လို့ သိရပါတယ်။ သူ(မ)က Meta ဟာ ပညာရေးဝန်ကြီးဌာနနဲ့လဲ ချိတ်ဆက်နေပြီး ပညာရှင်ဆုလျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေကို ကျောင်းသားတွေ ပိုအကျွမ်းတဝင်ရှိစေဖို့နဲ့ တခြားအစိုးရအခန်းကဏ္ဍတွေမှာလဲ Llama က ဘယ်လိုမျိုး အထောက်အကူပြုနိုင်မလဲဆိုတာ ဆွေးနွေးနေကြောင်း ဆက်ပြောတာပါ။

အဲဒီနောက် အခုလိုလက်တွဲလုပ်ဆောင်မှုမှာလဲ ဘယ်လိုအခကြေးငွေသတ်မှတ်ချက်မှ မပါနေဘူးလို့ သိရပါတယ်။ ဒါပေမဲ့ Meta က ဘာလို့ အစိုးရကို အခုလို တိုက်တွန်းနှိုးဆော်ပြီး ကူညီပေးချင်နေရတာလဲဆိုတာတော့ မရေမရာဖြစ်နေဆဲပါ။

လက်ရှိရွေးကောက်ခံသမ္မတလောင်း ဒေါ်နယ်ထရမ့်ဆိုရင် ဇူကာဘက်ကို တရားစွဲဆိုထောင်ချဖို့ ခြိမ်းခြောက်ဖူးပါတယ်။

Reference: https://www.theverge.com/2024/10/30/24283985/meta-government-llama-ai-q3-earnings

ဆက်စပ်သတင်းတွေ . . .

Meta က ဂျက်လေယာဉ်တွေ ခြေရာလိုက်ခံတဲ့ အကောင့်တွေကို ပိတ်ပင်
Meta has banned a series of accounts that post location updates on private jets belonging to some of the world’s richest and most powerful people, including Mark Zuckerberg.
Meta က Movie Gen အမည်ရ Ai Video Generator ကို မိတ်ဆက်
A new AI-powered video generator from Meta produces high-definition footage complete with sound, the company announced today.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!