နာမည်ကြီး ဆိုရှယ်မီဒီယာနဲ့ နည်းပညာ ကုမ္ပဏီ Meta က ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကပဲ ရုပ်ရော အသံပါ ပါပြီး အရည်အသွေးမြင့်တဲ့ ဉာဏ်ရည်တု ဗီဒီယိုထုတ်လုပ်ရေး ဆော့ဝဲကို စတင်မိတ်ဆက်လိုက်ပါပြီ။ ဒါဟာ ပြိုင်ဘက် OpenAI ကနေ စာ-ဗီဒီယို ပြောင်းလဲပေးနိုင်တဲ့ ဆိုရာ (Sora) ကို မိတ်ဆက်အပြီး လပိုင်းအကြာမှာ ခုလို ပွဲဦးထုတ်လာတာလဲ ဖြစ်ပါတယ်။ Movie Gen ရော Sora ရောကတော့ လက်ရှိအချိန်ထိ အများသုံးအဖြစ် မထွက်ရှိလာသေးပါဘူး။

Movie Gen AI က သူ့ထဲကို ကိုယ်လိုချင်တဲ့ ဗီဒီယိုပုံစံကို စာနဲ့ ရိုက်ပြီး ပြောပြပေးတာနဲ့ ရှိပြီးသား အတိုအစတွေကို ပေါင်းစပ်ပြီး ဖြစ်စေ၊ ရုပ်သေတွေကို ထည့်ပြီး ဖြစ်စေ၊ အသစ်လုံးလုံး ဖန်တီးတာ ဖြစ်စေ ဆောင်ရွက်ပေးပါတယ်။ နယူးယော့ခ်တိုင်းမ်က ဖော်ပြတာအရ အဲဒီဗီဒီယိုထဲမှာ ပါတဲ့ အသံဟာလဲ ဉာဏ်ရည်တုက ဖန်တီးထားတာ ဖြစ်ပြီး ပြနေတဲ့ ပုံရိပ်နဲ့ လိုက်ဖက်ညီတဲ့ နောက်ခံအသံတွေ၊ အသံပြုလုပ်ချက်တွေနဲ့ သဘာဝဆူညံသံတချို့ပါ ပေါင်းစပ်ပါဝင်ပါတယ်။ နောက် ဗီဒီယိုတွေကိုလဲ နှစ်သက်ရာ အချိုးတွေနဲ့ ဖန်တီးနိုင်မှာပါ။

OpenAI ရဲ့ Dev Day 2024 ဘာလဲ၊ ဘယ်လဲ . . .?
Explore key announcements from OpenAI Dev Day 2024: Vision fine-tuning, model distillation, and prompt caching.

Movie Gen က ဗီဒီယိုအသစ်တွေကိုပဲ ဖန်တီးမှာ မဟုတ်ဘဲ ဓာတ်ပုံတွေကနေလဲ လိုတဲ့ ဗီဒီယိုကို ပြန်ပြောင်းနိုင်သလို ရှိထားပြီးသား ဗီဒီယိုကိုမှ အထဲမှာ ပါဝင်တဲ့ အရာတွေကို ပြောင်းလဲချင်တယ်ဆိုလဲ အဆင်ပြေတယ်လို့ Meta ကတော့ ပြောပါတယ်။ နောက်၊ ရှိထားပြီးသား ဗီဒီယိုကဒ်တွေကိုလဲ ပြန်တည်းဖြတ်တာ၊ ကလစ်တစ်ခုနဲ့ တစ်ခု အရွှေ့အပြောင်းတွေ ချိန်တာနဲ့ ဗီဒီယိုတစ်ခုလုံးရဲ့ စတိုင်ကိုလဲ ပြောင်းလဲပေးနိုင်စွမ်း ရှိတာပါ။ ဒါတွေအပြင် အရင်တုန်းက မပါတဲ့ အရာတွေကိုလဲ လိုသလို ပြင်ဆင်ထည့်သွင်းနိုင်ပါလိမ့်မယ်။

အောက်မှာ ထည့်ထားတဲ့ ဗီဒီယိုဆိုရင် အစအဆုံး ဒီ Movie Gen ကို သုံးပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

Via Meta YouTube

အတော်လေးကို အဆင့်မြင့်ပြီး အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ထုတ်လုပ်နိုင်တဲ့ ဉာဏ်ရည်တု နည်းပညာတွေ ခေတ်ရေစီးကြောင်းတစ်ရပ်အသွင် ဖြစ်လာတာ အချိန်နှစ်နှစ်ထဲကို ရောက်လာပါပြီ။ ဉာဏ်ရည်တု ကုမ္ပဏီတွေကလဲ ရှိထားပြီးသား နည်းပညာတွေကိုပဲ ဆက်ဆက် အဆင့်မြှင့်နေပြီး ပြီးခဲ့တဲ့ ခြောက်လထဲမှာ Google နဲ့ OpenAI တို့လို ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီတွေက အခုလို tool တွေကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြတာပါ။

References: https://www.theverge.com/2024/10/4/24261990/meta-movie-gen-ai-video-generator-openai-sora

Meta က ဆယ်စုနှစ်တစ်ခုကြာ အချိန်ယူဖန်တီးထားရတဲ့ AR မျက်မှန်သစ်ကို မိတ်ဆက်
Meta ကုမ္ပဏီက Orion လို့ အမည်ရတဲ့ သူတို့ရဲ့ ပထမဆုံး AR (Augmented Reality) မျက်မှန်တွေကို စတင်မိတ်ဆက်ပြီး လက်တွေ့ဘဝနဲ့ အတုအယောင်ကမ္ဘာကို ပေါင်းစပ်ပေးမယ်လို့ ကြွေးကြော်လိုက်ပါပြီ။ ဒီမျ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!