Meta က လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရင်ဆိုင်နေတဲ့ အမှုကို ကျေအေးဖို့ သဘောတူလိုက်ပါတယ်။ ထရမ့်ရဲ့ အကောင့်ကို Meta ပလက်ဖောင်းတွေပေါ်က ပိတ်ပင်မိလို့ လျော်ကြေး ဒေါ်လာ ၂၅ သန်း ပေးရမှာပါ။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု Capitol အဆောက်အအုံမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအပြီး ထရမ့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို Meta ဘက်က ပိတ်ပင်လိုက်လို့ ထရမ့်ဘက်က ကုမ္ပဏီကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
အခုတော့ အဲဒီအမှုကို နှစ်ဦးသဘောတူ ကျေအေးဖို့ ညှိနှိုင်းလိုက်ပြီး Wall Street ဂျာနယ်က ပြောတာအရ လျော်ကြေး ၂၅ သန်းထဲက ၂၂ သန်းက ထရမ့်ရဲ့ သမ္မတစာကြည့်တိုက်ရန်ပုံငွေထဲ ရောက်မယ်လို့ သိရတာပါ။ ကျန်တဲ့ပမာဏကိုတော့ တရားစွဲစရိတ်တွေနဲ့ တရားလိုတွေဆီ ပေးရမှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၆ ရက်ဖြစ်စဉ်နောက်ပိုင်း ထရမ့်တရားစွဲဆိုတဲ့ထဲ Facebook (ယခု Meta) အပြင် YouTube, Twitter (ယခု X) နဲ့ အဲဒီကုမ္ပဏီတွေရဲ့ တာဝန်ရှိသူတွေလဲ ပါဝင်တာပါ။ ဖက်ဒရယ်တရားသူကြီးကတော့ Twitter နဲ့ အမှုကို ရုတ်သိမ်းလိုက်ပြီး Google အမှုကတော့ ၂၀၂၃ မှာ ပိတ်သွားပါတယ်။
Facebook ကတော့ Capitol တိုက်ခိုက်မှုအပြီး ခဏအကြာမှာပဲ ထရမ့်ရဲ့ အကောင့်ကို အချိန်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက သမ္မတဒေါ်နယ်ထရမ့်ဟာ Facebook က တစ်ဆင့် ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရေတွက်မှု မှားယွင်းခဲ့ကြောင်း၊ ရွေးကောက်ပွဲကို သူနိုင်ခဲ့ကြောင်းနဲ့ အခြေအမြစ်မရှိတဲ့ ယူဆချက်တွေကို တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာတော့ ထရမ့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို ပြန်ဖွင့်ပေးလိုက်တာပါ။
အခုတော့ ဇူကာဘက်နဲ့ သမ္မတဒေါ်နယ်ထရမ့်က နီးကပ်တဲ့ ဆက်ဆံရေး ရှိနေပြီး ပြီးခဲ့တဲ့ လတွေထဲမှာတင် မကြာခဏတွေ့ဆုံဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမှာလဲ ဇူကာဘက်က အီလွန်မက်စ်ခ်နဲ့ ဂျက်ဖ်ဘေးဇော့အပါအဝင် တခြားနာမည်ကြီးပုဂ္ဂိုလ်တွေနဲ့အတူ ရှေ့ဆုံးတန်းမှာ ရှိနေခဲ့တာပါ။
Reference: Kerr, D. (2025, January 30). Meta agrees to pay Trump $25m for suspending accounts over Capitol riots. The Guardian. https://www.theguardian.com/technology/2025/jan/29/meta-trump-settlement-25-million
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia