မာ့ခ်ဇူကာဘက်တို့ရဲ့ Meta ကုမ္ပဏီက Apple က မကြာသေးခင်ကမှ ထုတ်လာတဲ့ Vision Pro ကို ယှဉ်နိုင်ဖို့ စီစဉ်နေတဲ့ ‘လာဂျိုလာ’ အမည်ရ Reality Headset ထုတ်လုပ်ရေး ပရော့ဂျက်ကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ သတင်းဌာနတွေက ပြောကြားချက်အရ အဲဒီ လာဂျိုလာထုတ်လုပ်ရေးအတွက် ကုန်ကျစရိတ်က အင်မတန်များတာရယ်၊ Device မှာ ထည့်သုံးရမဲ့ မိုက်ခရို OLED က ဈေးကြီးတာရယ်ကြောင့် ပရော့ဂျက်ကို ဖျက်သိမ်းလိုက်တဲ့ သဘောပါ။

အစကတော့ အဲဒီပရော့ဂျက်ကို ၂၀၂၇ အမီ လုပ်မယ်လို့ အစီအစဉ်ချပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ထက် စီနီယာကျတဲ့ ဒေါ်လာ ၃၅၀၀ တန် Apple Vision Pro တောင် ပေးရတဲ့ ဈေးနဲ့ ပြန်ရတာနဲ့ မကိုက်နေလို့ ဝယ်သူနည်းပြီး ‘ဖုန်တက်နေ’ရတဲ့ အဖြစ်မြင်ပြီး ဇူကာဘက်နဲ့ တခြားခေါင်းဆောင်ပိုင်းတွေက Product Review Meeting မှာ ပယ်ဖျက်လိုက်တာပါ။

Meta ရဲ့ လာဂျိုလာ ပရော့ဂျက်က ဒေါ်လာ ၁၀၀၀ ဝန်းကျင်နဲ့ AR Headset တွေကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်တကယ်တမ်း Apple Vision Pro ကို မီဖို့ဆိုရင် Display ပိုင်းမှာ အတော်ကောင်းမွန်ဖို့ လိုပြီး အဲဒီလို ကောင်းမွန်ဖို့ဆိုတာလဲ ဒေါ်လာတစ်ထောင်ဝန်းကျင်နဲ့ မဖြစ်နိုင်သေးပါဘူး။ မဖြစ်နိုင်သေးတာဟာ မဖြစ်နိုင်တော့တာ မဟုတ်လို့ နောင်တစ်ချိန်မှာတော့ အလားတူထုတ်လုပ်မှုမျိုး ပြန်ရှိလာနိုင်တယ် ဆိုပါတယ်။

လာဂျိုလာကို ဖျက်သိမ်းလိုက်ပေမဲ့ တခြားတစ်ဖက်မှာတော့ Mix-reality device တွေကို ဆက်ထုတ်လုပ်နေဆဲ ဖြစ်တယ်လို့ Meta က‌ ဆိုထားတာပါ။ နမူနာ၊ လာမဲ့ ၂၀၂၆ ခုနှစ်မှာဆိုရင် Quest 4 ကို ပျမ်းမျှ ဒေါ်လာငါးရာဝန်းကျင်နဲ့ ထုတ်လုပ်ဖြစ်ဖို့ ရှိပါတယ်။ တခြား AR/VR နဲ့ ဆိုင်တဲ့ စီမံကိန်းတွေကိုလဲ ရေးဆွဲနေသေးတာပါ။

Reference: Meta Cancels Vision Pro Competitor. (n.d.). Perplexity AI. https://www.perplexity.ai/page/meta-cancels-vision-pro-compet-0YdufFfWSuOpvewDU4W1.A


Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!