Facebook လို့ လူသိများတဲ့ Meta ကုမ္ပဏီရဲ့ ပိုင်ရှင် မာ့ခ်ဇူကာဘက်ဟာ ဂျက်ဘေးဇော့ကို ကျော်ပြီး ကမ္ဘာ့ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သွားပါပြီ။

ဇူကာဘက်ရဲ့ ပိုင်ဆိုင်မှုက ပြီးခဲ့တဲ့ ကြာသပတေးမှာပဲ ဒေါ်လာ ၂၀၆.၁ ဘီလျံကို ရောက်ရှိသွားပြီး အမေဇုံရဲ့ ပဲ့ကိုင်ရှင်ဟောင်း ဂျက်ဘေးဇော့ရဲ့ ဒေါ်လာ ၂၀၅.၁ ဘီလျံကို ကျော်တက်သွားတယ်လို့ Bloomberg က ပြောပါတယ်။ Bloomberg ရဲ့ ဘီလျံနာတွေရဲ့ ပိုင်ဆိုင်မှုပြတဲ့ Index အရ မာ့ခ်ဇူကာဘက်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ခ်ရဲ့ နောက်မှာ ဒေါ်လာဘီလျံငါးဆယ်ကွာရက်နဲ့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး ဖြစ်လာတာပါ။

Meta ကုမ္ပဏီရဲ့ ရှယ်ယာတွေ ဒီနှစ်ထဲမှာတင် ၆၈ ရာခိုင်နှုန်းကျော် ခုန်တက်အပြီးမှာ မာ့ခ်ဇူကာဘက်ရဲ့ ပိုင်ဆိုင်မှုကလဲ အခုလို တိုးမြင့်ခဲ့တာ ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ ဇူကာဘက်ဟာ Bloomberg ရဲ့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် အယောက် ၅၀၀ ကျော်ရဲ့ ပိုင်ဆိုင်မှုတိုးနှုန်းကို ကျော်ပြီး ဒေါ်လာ ၇၈ ဘီလျံကျော်ကို အချိန်တစ်ခဏထဲ ပိုင်ဆိုင်နိုင်ခဲ့တာပါ။

တစ်ဖက်မှာလဲ Meta ကုမ္ပဏီဟာ အသုံးစရိတ်ခြွေတာဖို့အတွက် လပိုင်းထဲမှာတင် ကုမ္ပဏီတစ်ခုလုံးရဲ့ ဝန်ထမ်းစုစုပေါင်း လေးပုံတစ်ပုံ၊ အယောက်နှစ်သောင်းကျော်ကို တာဝန်က ရပ်ဆိုင်းထုတ်ပယ်တာမျိုး ဆောင်ရွက်ခဲ့ပါတယ်။

Reference: https://www.cnbc.com/2024/10/03/mark-zuckerberg-passes-jeff-bezos-as-worlds-second-richest-person.html


Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!