ရွေးကောက်ခံ သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ လူယုံလက်ရုံးဖြစ်သူ အီလွန်မက်စ်ခ် ပိုင်ဆိုင်တဲ့ X (ယခင်တွစ်တာ) ကို The Guardian အပါအဝင် ကမ္ဘာ့သတင်းဌာနတချို့က သပိတ်မှောက်လိုက်ပြီး ပလက်ဖောင်းပေါ်မှာ သတင်းတင်ဆက်မှုတွေ မလုပ်တော့ဘူးလို့ ကြေညာလိုက်ပါတယ်။
"အစဉ်တစိုက်ဖတ်ရှုနေသူတွေကို အသိပေးချင်တာက ဆိုရှယ်မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ X ပေါ်မှာ The Gurdian ရဲ့ တရားဝင်အကောင့်တွေကနေ သတင်းတင်ဆက်တာမျိုး မလုပ်တော့ပါဘူး" လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က The Gurdian ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
X ဟာ သတင်းတု/သတင်းမှားတွေ၊ လုပ်ကြံသတင်းတွေ၊ အယူအဆမှားတွေ၊ နိုင်ငံရေးဝါဒအခြေပြု အမုန်းစကားတွေ၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ ပြည့်နှက်နေတာကြောင့် ပလက်ဖောင်းကနေ အခုလို ထွက်ခွာတာဖြစ်ကြောင်း Gurdian က ရှင်းပြပါတယ်။
စပိန်သတင်းစာ La Vanguardia ကလဲ X လို အစွန်းရောက်ဝါဒတွေနဲ့ အမုန်းစကားတွေ အားလုံးရဲ့ စုဝေးရာနေရာမှာ နေမဲ့အစား ပုံမှန်ဖတ်သူပဲ အဆုံးရှုံးခံလိုက်မယ် ဆိုပါတယ်။
BBC, The New York Times နဲ့ PBS သတင်းဌာနတွေကလဲ X ပေါ်မှာ သတင်းတင်ဆက်တာတွေ ရပ်နားပြီလို့ အသီးသီးထုတ်ပြန်ခဲ့ကြတာပါ။
X Platform ဟာ ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ သတင်းတု/သတင်းမှားတွေ၊ သမ္မတလောင်းတွေနဲ့ ပါတီဝင်တွေအကြောင်း ပုဂ္ဂိုလ်ရေးအရ အမုန်းစကားပြော တိုက်ခိုက်တဲ့ အကြောင်းတွေ အမြောက်အမြား ရှိခဲ့ပြီး 'Disinformation' လို့ ခေါ်တဲ့ လုပ်ကြံသတင်းတွေရဲ့ ကွန်ယက်သဖွယ် ဖြစ်ခဲ့ပါတယ်။
X က ကမ္ဘာတစ်ဝှမ်းအသုံးပြုသူတွေ များပြားပေမဲ့ အီလွန်မက်စ် ဝယ်ယူပြီးတဲ့နောက်မှာ ကွန်းတန့်ထိန်းချုပ်မှုမူဝါဒတွေ ပြေလျော့ခဲ့ပြီးနောက် အခုလို အခြေအနေဆိုးရွားနေတာပါ။
Reference: Afp. (2024, November 15). End of a love affair: news media quit X over “disinformation.” The Economic Times.
ဆက်လက်ဖတ်ရှုဖို့
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia