သိပ္ပံဂျာနယ်တွေရဲ့ အစီရင်ခံစာတွေအရ သုတေသနပညာရှင်တွေဟာ Mal-ID လို့ ခေါ်တဲ့ AI ရောဂါရှာဖွေရေး ကိရိယာတစ်ခုကို တီထွင်လိုက်ပါတယ်။ အဲဒီနည်းပညာက သွေးနမူနာထဲမှာရှိတဲ့ ကိုယ်ခံစွမ်းအားဆဲလ်ရဲ့ မျိုးဗီဇအစဉ်ကို စိစစ်ပြီး COVID-19၊ ဆီးချို နှင့် HIV လို ရောဂါတွေကို အလိုအလျောက် ထောက်လှမ်းနိုင်တယ်လို့ သိရတာပါ။

Mal-ID (Machine Learning for Immunological Diagnosis) - မယ်အိုင်ဒီ လို့ နာမည်ပေးထားတဲ့ ဒီအေအိုင်က ကိုယ်ခံအားစနစ်ရဲ့ ရောဂါပေါင်းစုံအပေါ် တုံ့ပြန်ပုံစံတွေကို နားလည်ဖို့နဲ့ ကိုယ်ခံအားစနစ်ထဲက ဆဲလ်သန်းပေါင်းများစွာကို စိစစ်နိုင်ဖို့ Machine Learning Model ခြောက်ခုကို ပေါင်းထားတယ် ဆိုပါတယ်။ ပြီးရင် ဒီနည်းပညာက ဘီဆဲလ်နဲ့ တီဆဲလ်လို့ ခေါ်တဲ့ ခန္ဓာကိုယ်ကို အကာအကွယ်ပေးနေတဲ့ ကိုယ်ခံအားဆဲလ်တွေကို စိစစ်ရင်း HIV နဲ့ SARS ဗိုင်းရပ်စ်တွေအပြင် ဆီးချိုရောဂါတွေ ရှိ/မရှိ အဲဒီဆဲလ်တွေရဲ့ မျိုးဗီဇကို စစ်ဆေးတာပါ။

ဒီနည်းပညာက သွေးစစ်မှုတစ်ခုတည်းကနေ ရောဂါအများကြီးကို တပြိုင်တည်း ရှာဖွေနိုင်တာကြောင့် စစ်ဆေးရေး လုပ်ငန်းစဉ်ကို အင်မတန်ချောမွေ့စေနိုင်တယ်လို့ သိရပါတယ်။ လူနာတစ်ယောက်ရဲ့ ခုခံအားစနစ် ဘယ်လိုအခြေအနေ ရှိနေတယ်ဆိုတာကိုလဲ ခြုံငုံသုံးသပ်နိုင်လို့ ရောဂါရှာဖွေရေးတွေမှာ အင်မတန်အထောက်အကူဖြစ်စေနိုင်တာပါ။

ဒီစနစ်ကို လောလောဆယ်တော့ ဆေးရုံတွေမှာ သုံးလို့ မရသေးပါဘူး။ ဒါပေမဲ့ အနာဂတ်မှာတော့ ဆေးသိပ္ပံနယ်ပယ်ကို အများကြီးပြောင်းလဲစေနိုင်တယ်လို့ သုတေသနဖော်ပြချက်တွေက ပြောပါတယ်။

ဒီနည်းပညာက ကိုယ်ခံစွမ်းအားစနစ်ကို အခြေခံပြီး ရောဂါရှာဖွေတာမို့ ရောဂါအမျိုးအစားတွေကိုလဲ တိတိကျကျသိနိုင်အောင် ကူညီပေးမှာမျိုးပါ။

Reference: https://www.perplexity.ai/page/ai-tool-diagnoses-diabetes-hiv-60yD.7CfT9OBJzcTZ.LYMw

ဆက်လက်ဖတ်ရှုဖို့

အိမ်ဖော်စက်ရုပ်တွေ ပေါ်လာနေပြီလား . . .?
Figure, a Silicon Valley-based startup, has announced Helix, an AI model that enables robots to pick up objects, collaborate with other robots, and control their upper bodies.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!