နိုင်ငံရပ်ခြားစျေးကွက်မှာ ထုတ်လုပ်မှုကျဆင်းလာတာကြောင့် Toyota ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ မေလကစပြီး လေးလဆက်တိုက်ကျဆင်းခဲ့ပါတယ်။

စုစုပေါင်းထုတ်လုပ်မှုလျော့ကျတာ ၄ ရာခိုင်နှုန်း၊ အစီးရေ ၈၁၂,၁၉၁ အထိ ရှိပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံမှာ ထုတ်လုပ်မှုဟာ ၂၂ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပြီး ပြိုင်ဘက် တရုတ်အမှတ်တံဆိပ်ကားတွေနဲ့ ဈေးနှုန်းယှဉ်ပြိုင်နေရသလို လျှပ်စစ်ကားတွေကြောင့်လည်း အခုလို ကျဆင်းလာတာဖြစ်ပါတယ်။

တိုရိုတာရဲ့ ထုတ်လုပ်မှုဟာ တရုတ်နိုင်ငံအပြင် ထိုင်း၊ မက္ကဆီကို၊ ဘရာဇီးလ် နဲ့ ပြင်သစ်နိုင်ငံတွေမှာလည်း ထုတ်လုပ်မှုကျဆင်းခဲ့ပြီး အမေရိကန်နဲ့ ဂျပန်မှာတော့ ထုတ်လုပ်မှုတိုးတက်လာပါတယ်။

Toyota ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရောင်းအားကိုကြည့်ရင် ၀.၃ ရာခိုင်နှုန်းပဲ တိုးတက်ခဲ့တာကို တွေ့ရပါတယ်။

အမေရိကန်နဲ့ ဥရောပလို နိုင်ငံရပ်ခြားဈေးကွက်မှာ ထုတ်လုပ်မှုတိုးတက်လာကြောင့်လည်း တရုတ်နိုင်ငံမှာ ရောင်းအားကျဆင်းတာကို ပြန်လည်ဖြည့်တင်းပေးနိုင်ခဲ့တာပါ။ ဒါပေမဲ့ အရမ်းကောင်းတဲ့ ရလဒ်တော့ မဟုတ်ပါဘူး။

Reference:

(1) https://edition.cnn.com/2024/06/20/politics/trump-green-cards-gradutate-college/index.html

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #Economy #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!