Nvidia က အင်္ဂါနေ့က စတော့ရှယ်ယာစျေးကွက်တွင် မှတ်တမ်းသစ်တင်ပြီးနောက်ကမ္ဘာ့အတန်ဖိုးအကောင်းဆုံးကုမ္ပဏီဖြစ်လာပါတယ်။ အခု Nvidia ရဲ့ တန်ဖိုးက $3.34 တရီလီယံ ရှိပြီး ဒီနှစ်အစမှစပြီးနောက်ပိုင်းမှာ တန်ဖိုးနီးပါးနှစ်ဆတက်လာပါတယ်။ Nvidia ရဲ့ စတော့ရှယ်ယာက $136 နီးပါးဖြင့် တစ်နေ့တာ စတော့ဈေးကွက် ပိတ်သွားပြီး Microsoft နဲ့ Apple ကိုကျော်တက်သွားပါတော့တယ်။ ဒီတိုးတက်မှုဟာ AI (Artificial Intelligence) မှာအရေးကြီးတဲ့ chip တွေကို Nvidia ရဲ့ ထုတ်လုပ်နိုင်စွမ်းကြောင့်ပါပဲ။

Copenhagen မှာပြုလုပ်တဲ့ အခမ်းအနားမှာ Nvidia ရဲ့ စီမံကိန်းများအတွက် ကမ္ဘာ့ စီးပွားရေး ဖွံဖြိုးတိုးတက်ရေးဌာနဥက္ကဌဖြစ်တဲ့ Chris Penrose ကနောက်ထပ်အဆင့်တိုးတက်မှုအတွက် ကြိုတင်ခန့်မှန်းပြောကြားခဲ့သလို သူက AI နည်းပညာက ကုမ္ပဏီတွေနဲ့ တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍတွေကို ပြောင်းလဲစေမယ်လိုပြောပါတယ်။ စီးပွားရေးခွဲခြမ်းစိတ်ဖြာသူတွေကလည်း တွေကလည်း Nvidia, Apple, Microsoft တိုဟာ နောက်တစ်နှစ်အတွင်း ဈေးကွက်တန်ဖိုး ဒေါ်လာ 4 ထရီလီယံတန်ဖိုးကို ရောက်ဖို ကို ဦးတည်နေတာကိုတော့ ခန့်မှန်းထားကြပါတယ်။

Nvidia ရဲ့တိုးတက်မှုဟာ အလွန်ထူးခြားပြီး လွန်ခဲ့သော ရှစ်နှစ်ကစတော့ရှယ်ယာတန်ဖိုးက ယခုတန်ဖိုးရဲ့ ၁% ထက်ပင်နည်းနေခဲ့ပြီးတော့ အစပိုင်းမှာ Nvidiaဟာ AMD နဲ့ယှဉ်ပြိုင်ကာ Gaming Graphic Card ဈေးကွက်အတွက်အားပြိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်များမှာ AI model များကို Train ပေးဖိုနဲ့ chip များအတွက် လိုအပ်ချက်များကြောင့် အလွန်အောင်မြင်လာခဲ့သလို အတိတ် 2020 ခုနှစ်က Bitcoin mining များကြောင့် Nvidia ရဲ့ graphic card အရောင်းလည်း တက်လာခဲ့တာကလည်း တစ်စိတ်တစ်ပိုင်း ပါပါတယ်။

Nvidia ရဲ့တိုးတက်မှုကြောင့် CEO Jensen Huang က လူသိများတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာပြီး သူ့ကို "Taylor Swift of tech" လို Meta ရဲ့ CEO Mark Zuckerberg က နောက်ပြောင် ပြောကြားခဲ့သလို သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ Taiwan မှာလည်း လူကြိုက်များပြီး rock star လိုတောင် ခေါ်နေကြပါပြီ။

AI ဖွံဖြိုးရေးမှာ ယှဉ်ပြိုင်မှုကြီးမားပြီး Microsoft, Google, Alphabet, Meta, Apple တိုလို ကုမ္ပဏီကြီးများက ကမ္ဘာ့အကောင်းဆုံးထုတ်ကုန်တစ်ခုဖန်တီးရန် ယှဉ်ပြိုင်နေကြပါတယ်။ AI နည်းပညာကို ဖွံဖြိုးတိုးတက်အောင်လုပ်ရာမှာ Nvidia က AI chip များကို ထုတ်လုပ်ရေးမှာ ထိပ်ဆုံးက ဦးဆောင်နေဆဲဖြစ်ပါတယ်။

ဆိုတော့ဘာတွေဆက်ဖြစ်လာမလဲ။ ရွေထုတ်တဲ့သူတွေ ကြားမှာ ပေါက်တူးရောင်းတာ က အမှန်တစ်ကယ် အလုပ်ဖြစ်တာကိုတော့ Nvidia က သက်သေပြသွားပါပြီ။

Reference:

(1) https://www.bbc.com/news/articles/cyrr40x0z2mo

Build Myanmar Media ရဲ့ နောက်ဆုံးရ အချက်အလက်များကို သိရှိနိုင်ရန် ...

Facebook https://www.facebook.com/buildmyanmar

YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

LinkedIn https://www.linkedin.com/showcase/build-myanmar/

နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

https://t.me/+6_0G6CLwrwMwZTIx

လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!