အခုနှစ် ဇွန်လအတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားရောင်းအားက ၁၃ ရာခိုင်နှုန်းအထိမြင့်တက်လာပြီး ဥရောပသမဂ္ဂမှာတော့ လျှပ်စစ်ကားရောင်းအားက ၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားနဲ့  plug-in hybrid မော်တော်ကားတွေ ရောင်းချမှုက အခုနှစ်ဇွန်လအတွင်း ၁၃ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေရဲ့ခန့်မှန်းပြောကြားချက်အရသိရပါတယ်။ 

ဇွန်လ တစ်လအတွင်း တစ်ကမ္ဘာလုံးမှာ  လျှပ်စစ်ကား ရောင်းအားက အစင်းရေ  ၁.၄ သန်းအထိရှိပြီး တစ်ကမ္ဘာလုံးမှာ  တရုတ်ထုတ်လျှပ်စစ်ကားရောင်းအားက  ၀.၈၆ သန်းအထိရှိတယ်လို့သိရပါတယ်။  

ဥရောပမှာလျှပ်စစ်ကားရောင်းအားကျဆင်းရတာက တရုတ်လျှပ်စစ်ကားတွေ‌ရောင်းအားမြင့်တက်ရတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဥရောပမှာ အခုနှစ်အတွင်း လျှပ်စစ်ကား  လစဉ်ရောင်းအားက  ၇ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီး တစ်ဖက်မှာလည်း  ဖင်လန်၊ အိုင်ယာလန်နဲ့ နယ်သာလန်တို့မှာလည်းလျှပ်စစ်ကားရောင်းအားကျဆင်းနေတယ်လို့သိရပါတယ်။  

ဘရာဇီးမှာတော့ အခုနှစ်အတွင်း တရုတ်လျှပ်စစ်ကားကုမ္ပဏီ  BYD ရောင်းအားက သုံးဆကျော်အထိ တိုးလာတယ်လို့လေ့လာဆန်းစစ်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။

ဆက်စပ်ဖတ်ရှုလိုလျှင်

စက်ရုပ်အကူအညီဖြင့် တောင်ကိုရီးယားမှာ မိတ်ကပ်ပစ္စည်းတွေစတင်ဝယ်ယူနိုင်ပြီ
AI နည်းပညာသုံး စက်ရုပ်တွေ အကူအညီတွေနဲ့တောင်ကိုရီးယားမှာ သုံးစွဲသူတွေအတွက် ကိုယ်နဲ့သင့်တော်မယ့် မိတ်ကပ်ပစ္စည်းတွေ စတင် ဝယ်ယူရရှိနိုင်တော့မှာဖြစ်တာကို Reuters သတင်

https://www.reuters.com/business/autos-transportation/global-ev-sales-up-13-june-down-7-europe-rho-motion-says-2024-07-11/#:~:text=Global%20EV%20sales%20up%2013%25%20in%20June%2C%20down%207%25%20in%20Europe%2C%20Rho%20Motion%20says

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!