iPhone 16 ကိုတော့ Apple က ဒီကနေ့ပဲ ပွဲက တစ်ဆင့် ကြေညာသွားခဲ့ပါပြီ။ Apple Event တို့ရဲ့ ထုံးစံအတိုင်း အသစ်ထပ်မံတိုးမြှင့်လာတဲ့ product တွေကြားမှာ iPhone 16 နဲ့ iPhone 16 Max က မင်းသားတွေ ဖြစ်နေပါတယ်။ iPhone 16 ဟာလဲ ပြီးခဲ့တဲ့ အခေါက်တွေက iPhone တွေနဲ့ မကွာတဲ့ ဒီဇိုင်းတွေ၊ အရောင်တွေနဲ့ ပွဲဦးထွက်လာတာပေါ့။

ဒါပေမဲ့ iPhone 16 မှာ ကွဲပြားလာတာလေးတွေ၊ ထူးခြားလာတာလေးတွေနဲ့ တိုးမြှင့်ချက်အသစ်လေးတွေ ရှိနေပါတယ်။ ဒါတွေကို ပြီးခဲ့တဲ့ နှစ်က ထွက်ရှိခဲ့တဲ့ iPhone 15 မော်ဒယ်နဲ့ နှိုင်းယှဉ်ကြည့်ကြစို့။

ဒီတစ်ခေါက် လူတွေပါးစပ်ဖျားထဲ ရေပန်းစားနေတဲ့ iPhone 16 ရဲ့ update က Action နဲ့ Camera Control ခလုတ်တွေ ပါဝင်လာတာ၊ Camera ပိုင်း ပိုကောင်းလာတာရယ်၊ ဘက်ထရီပိုကောင်းလာတာနဲ့ အားသွင်းချိန် ပိုမြန်လာတာ၊ နောက် A18 chip ပါလာတာတို့ ဖြစ်ပါတယ်။ AI ပိုင်းမှာလဲ Artificial Intelligence မဟုတ်တဲ့ Apple Intelligence မှာ တိုးလာတာတွေ အများကြီးပေါ့။

ဒါဖြင့်ရင် လက်ရှိ iPhone 15 ကိုင်ထားသူတွေရော၊ iPhone 16 ကို upgrade လုပ်ဖို့ စဉ်းစားနေသူတွေရော သိချင်နေလောက်ကြမဲ့ အသစ်ထပ်တိုးလာတဲ့ ကွဲပြားမှုလေးတွေကို လေ့လာကြည့်ကြရအောင်။

ပထမဆုံး ဈေးက စပြောရရင် iPhone 16 က $799 ကနေ စပြီး iPhone 15 ကတော့ $699 ကနေ စပါတယ်။

iPhone 16 ရဲ့ specification အသေးစိတ်ကတော့ ထည့်ပြောဖို့ ရှည်လျားနိုင်ပေမဲ့ အရေးကြီးတာတွေကို ဆွဲထုတ်ဖော်ပြရရင်တော့

A18 Bionic Chip ပါလာပါတယ်။ အလျား ၆.၁ လက်မနဲ့ 60 Hz ကို OLED display သုံးထားပါတယ်။ Storage ကတော့ 128 GB ကနေ 512 GB ထိ တိုးလို့ ရမှာပါ။ ဘက်ထရီကတော့ ၂၂ နာရီခံမယ် ဆိုပါတယ်။

iPhone 15 နဲ့ ယှဉ်ရင်တော့

A16 Bionic Chip နဲ့မို့ စွမ်းဆောင်ရည်ပိုင်းမှာ iPhone 16 က အပုံကြီးသာသွားမှာပါ။ ကျန်တဲ့ စခရင်ပိုင်းအချက်အလက်တွေကတော့ ကွဲတာ မရှိပါဘူး။ ဘက်ထရီမှာတော့ 16 က နှစ်နာရီပိုခံသွားပါတယ်။

ဒါပေမဲ့ အဲဒီ chip တွေ၊ ဘက်ထရီတွေနဲ့ မမ်မိုရီတွေက လွဲရင် တခြားပြောင်းလဲသွားတာလေးတွေလဲ ရှိတာပါ။ အရင် iPhone Pro မော်ဒယ်တွေမှာ ရခဲ့တဲ့ feature တွေက ခု iPhone 16 မှာ လာရနေလို့ မမျှတသလို ဖြစ်နေတယ်ဆိုတဲ့ အသံတွေတော့ ထွက်လာနေပါတယ်။

Display ပိုင်းကို ယှဉ်ကြည့်ရင် iPhone 16 ကို အများစုက Refresh Rate 120 Hz နဲ့ လာမယ်လို့ ခန့်မှန်းထားကြတာပါ။ ဒါပေမဲ့ ချစ်လှစွာသော Apple က သူ့ရဲ့ ပြိုင်ဘက်တွေ ကျော်တက်နေတာကို လျစ်လျူရှုပြီး 60 Hz မှာပဲ မရအရ ပေကပ်နေ,နေပါတယ်။ အရင်နှစ်က အသစ်ထပ်ဖြည့်လာတဲ့ Dynamic Island တွေ၊ Peak Brightness 2000 nit တွေကတော့ ပြန်ပါလာဆဲပါပဲ။ Always on Display ကတော့ မပါမြဲ မပါဆဲ . . .။

iPhone 15 နဲ့ 16 ရဲ့ ဒီဇိုင်းပိုင်းယှဉ်ကြည့်ရင်တော့ သိပ်ထူးခြားတာ မပါပါဘူး။ ဒါပေမဲ့ iPhone 16 မှာရော Pro Model တွေမှာပါ အရင်က ရှိနေကျ Silent ခလုတ်နေရာကို Action Button လို့ ခေါ်တဲ့ ခလုတ်တစ်ခု ထည့်ပေးထားပါတယ်။ Action Button ကို ကိုယ်ထားချင်တဲ့ action မှန်သမျှ မြန်မြန်ဆန်ဆန်လုပ်နိုင်အောင် Customize လုပ်ထားနိုင်တာပါ။ Action Button နဲ့အတူ နောက်ထပ် ရှိလာတာက Camera Control Button ပါ။ သူ့ကိုတော့ ပါဝါခလုတ်အောက်မှာ ထည့်ထားပြီး iPhone 16 ရဲ့ ကင်မရာကို ကူညီထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီခလုတ်မှာ ကင်မရာရဲ့ shutter ကို ထိန်းနိုင်လို့ ဓာတ်ပုံအမြန်ရိုက်တာမျိုး လုပ်နိုင်သလို ခလုတ်ပေါ် လက်နဲ့ swipe လုပ်၊ ပွတ်ပြီးလဲ Zoom in/out လုပ်နိုင်တာပါ။

Apple က ရိုးရာမပျက် အသစ်ထွက်တဲ့ မော်ဒယ်တွေကို အပြင်ဘက်က ကြည့်ရင် မော်ဒယ်အဟောင်းနဲ့ မှားမှာစိုးလို့ ကင်မရာကိုတော့ iPhone 15 ကလို တစောင်းမဟုတ်ဘဲ အတည့်ပြောင်းထားပေးပါတယ်။ ဒါပေမဲ့ iPhone 12 နဲ့ ဆင်နေပြန်တယ်လို့ အသုံးပြုသူတွေက ဆိုထားလေရဲ့။

iPhone 16 မှာ Chipset ကို 15 မော်ဒယ်တွေမှာ သုံးထားတဲ့ A16 မဟုတ်ဘဲ A18 ထိ တိုးပြီး သုံးထားတာကတော့ အားရစရာ ကောင်းပါတယ်။ A16 က လက်ရှိအချိန် ချစ်ပ်ဈေးကွက်ထဲမှာ အမြန်ဆုံးနဲ့ အကောင်းဆုံး စာရင်းဝင်နေဆဲကိုမှ A18 ထိ တိုးမြှင့်ပေးလိုက်ချိန်မှာ လုပ်ဆောင်နိုင်စွမ်းပိုင်းက အများကြီး ပိုသာသွားပါလိမ့်မယ်။ Apple Intelligence နဲ့ တွဲလိုက်ချိန်ဆိုရင်တော့ ပိုပြီး အထာကျဖို့ ရှိမှာပါ။

ဘက်ထရီပိုင်းမှာတော့ iPhone 16 က Battery Capacity ပိုများလာပြီး အားသွင်းနှုန်းလဲ ပိုမြန်လာပါတယ်။ Battery Life ကတော့ နှစ်နာရီဝန်းကျင် ပိုခံသွားတာပါ။

iPhone 16 နဲ့ iPhone 15 ရဲ့ ကင်မရာပိုင်းမှာ ထွေထွေထူးထူးပြောင်းလဲတာမျိုး မရှိပါဘူး။ Night Mode မှာတော့ ပိုအားကောင်းလာတယ်လို့ သိရပါတယ်။ ပြီးတော့ မက်ခရိုဓာတ်ပုံတွေ ရိုက်ရာမှာ ပိုအဆင်ပြေလာပြီး အနီးကပ်ရိုက်ချက်တွေက အရင်မော်ဒယ်ထက် ပိုသာလာပါတယ်။

iPhone 16 နဲ့ အရင်မော်ဒယ်တွေ အဓိက ကွာသွားတဲ့အချက်က Apple Intelligence လို့ ပြောလို့ ရနိုင်ပါတယ်။ ChatGPT ရဲ့ အကူအညီနဲ့ Apple AI က ပိုအားကောင်းလာပါပြီ။ Notification ပြတာတွေ ပိုအားကောင်းလာတာ၊ စာတွေကို အေအိုင်အကူအညီနဲ့ ပြန်ရေးလာနိုင်၊ အနှစ်ချုပ်လာနိုင်တာတွေ ရှိလာပါတယ်။ Ai image generation လဲ ရှိလာပြီး အသံကို အလိုအလျောက် transcript လုပ်နိုင်တာ အပြင် ကိုယ့်စိတ်ကြိုက် အီမိုဂျီတွေ ဖန်တီးနိုင်တဲ့ Genmoji ဆိုတာလဲ တွေ့ရပါမယ်။ AI နဲ့ ပတ်သက်လို့ တခြားတိုးမြှင့်မှုတွေနဲ့ စိတ်ဝင်စားဖို့ ကောင်းတာတွေတော့ အများကြီးပါပဲ။

iPhone 15 ကနေ iPhone 16 ကို ပြောင်းကိုင်သင့်လားဆိုတဲ့ မေးခွန်းအတွက်တော့ ဒေါ်လာ တစ်ရာဝန်းကျင်နဲ့ အသစ်မိတ်ဆက်လာတဲ့ ကိုယ်ပိုင် Generative Ai၊ hardware ပိုင်း ပြင်ဆင်မှုတွေ၊ Software ပိုင်း ပြောင်းလဲလာမှုတွေနဲ့ action, camera button တွေရယ်၊ ပိုကောင်းလာတဲ့ ဘက်ထရီနဲ့ ကင်မရာပိုင်းတွေကို မြည်းစမ်းခွင့်ရမယ်ဆိုတဲ့ အဖြေပဲ ရှိပါမယ်။

References: Murphy, D. (2024, September 10). iPhone 16 vs. iPhone 15: Specs, screen size, price. Mashable. https://mashable.com/article/apple-iphone-16-vs-15-price-specs-screen-size
Sarwar, N. (2024, September 10). Apple has announced the iPhone 16 Pro. Here’s everything you need to know. Yahoo Tech. https://www.yahoo.com/tech/apple-just-announced-iphone-16-182302663.html

တရုတ်မှာ ရောင်းအားကျလာတဲ့ အိုင်ဖုန်းတွေ . . .
Apple က ထုတ်လုပ်တဲ့ အိုင်ဖုန်းစီးရီးတွေဟာ တရုတ်နိုင်ငံမှာ သိသိသာသာကို ရောင်းအားကျနေပြီး တရုတ်ရဲ့ လူသုံးအများဆုံး စမတ်ဖုန်း ငါးမျိုးစာရင်းအောက်ကိုတေ

Build Myanmar Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!