အခုနောက်ပိုင်း U.S အပါအဝင် ကမ္ဘာတစ်ဝှမ်းက ကားကုမ္ပဏီတွေ မော်တော်ကားနဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်ရာမှာ ထည့်သွင်းစဉ်းစားလာကြတာက Vehicle-to-Everything လို့ ခေါ်တဲ့ V2X - ဗွီတူးအိတ်စ် နည်းပညာပါ။ ဒီနည်းပညာက ယာဉ်တစ်စီးနဲ့ တစ်စီး အနီးနားမှာရှိနေရင် ဆက်သွယ်နိုင်ဖို့နဲ့ လမ်းအန္တရာယ်ကင်းရှင်းရေးတွေ၊ ယာဉ်ကြောပိတ်ဆို့တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လို့ သိရပါတယ်။

ဒီ V2X နည်းပညာမှာ ဆက်သွယ်ရေးစနစ်မျိုးကွဲတွေ အများကြီး ပါဝင်ပြီး ဒါတွေအကုန်လုံး ပေါင်းပြီးတော့ ယာဉ်တွင်းမှာ ‘Ecosystem’ တစ်ရပ် တည်ဆောက်ပေးမှာ မျိုးပါ။ အဲဒီထဲမှာ

  • ကားတစ်စီးနဲ့ တစ်စီး သွားနေတဲ့ အရှိန်တွေ၊ တည်နေရာတွေနဲ့ ဦးတည်ချက်တွေလိုမျိုး အချက်အလက်တွေကို အချိန်နဲ့ တပြေးညီ မျှဝေနိုင်မယ်
  • နောက် ယာဉ်တွေအချင်းချင်း ယာဉ်ကြောနဲ့ ဆိုင်တဲ့ အချက်အလက်တွေ၊ မီးပွိုင့်အခြေအနေတွေအကြောင်း လှမ်းဆက်သွယ်ပြောနိုင်မယ်
  • ပြီးရင် ဒုက္ခိတတွေနဲ့ စက်ဘီးသမားတွေလိုမျိုး လမ်းအသုံးပြုသူတွေကိုလဲ ထောက်လှမ်းနိုင်ပြီး သူတို့နဲ့ အဆက်အသွယ်ပြုနိုင်မယ်
  • နောက် အင်တာနက်ကွန်ယက်တွေက တစ်ဆင့်လဲ လမ်းခရီးနဲ့ ဆိုင်တဲ့ အချက်အလက်တွေနဲ့ Update တွေကို သိရှိအောင် ဆောင်ရွက်ပေးပါလိမ့်မယ်။

ဒါတွေကို လုပ်ဆောင်နိုင်ဖို့ ယာဉ်တွေထဲမှာ အာရုံခံစနစ်တွေ၊ ကင်မရာတွေနဲ့ 5G တို့ LTE တို့လို ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာတွေ၊ နောက် အနီးကပ်ဆက်သွယ်မှုတွေအတွက် သုံးနိုင်တဲ့ DSRC နည်းပညာတွေကို သုံးမယ်လို့ သိရပါတယ်။

အမေရိကန် အမြန်လမ်းကြော ထိန်းချုပ်ရေး ဦးစီးဌာနက ပြောတာအရ ယာဉ်တစ်စီးနဲ့ တစ်စီး အဆက်အသွယ်ပြုနိုင်စွမ်း ရှိတာတစ်ခုတည်းနဲ့တင် တစ်နှစ်ကို ယာဉ်မတော်တဆမှုပေါင်း လေးသိန်းခွဲနီးပါး လျှော့ချနိုင်ကြောင်း ဆိုထားတာပါ။

ဒါပေမဲ့ ပြဿနာတွေ အတော်များများတော့ ရှိဆဲပါပဲ။ နမူနာ၊ ယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အကုန်လုံး သူတို့ရဲ့ ယာဉ်တွေထဲ ဒီနည်းပညာကို တပြိုင်တည်း ထည့်သွင်းနိုင်ဖို့က လတ်တလော အလှမ်းဝေးနေပါသေးတယ်။ နောက်၊ လက်ရှိ ရှိနေတဲ့ ယာဉ်တွေဆိုတာလဲ မတူညီတဲ့ ကုမ္ပဏီပေါင်းစုံက အမျိုးအစားပေါင်းစုံမို့ ဒီယာဉ်တွေထဲကို မဖြစ်မနေ ထည့်ရမယ်ဆိုတဲ့ စီမံကိန်းတစ်ရပ် သတ်မှတ်ပြီး မလုပ်ရင် အကောင်အထည်ပေါ်ဖို့ မဖြစ်နိုင်ပါဘူး။ ပြီးရင် ဆက်သွယ်ရေးတွေ ခိုင်ခိုင်မာမာ ဖြစ်ဖို့နဲ့ ယာဉ်တွေကြားက လုံခြုံရေးအခြေအနေပိုင်းတွေ ကောင်းမွန်ဖို့လဲ လိုပါသေးတယ်။

Reference: Vehicle-To-Everything Tech. (n.d.). Perplexity AI. https://www.perplexity.ai/page/vehicle-to-everything-tech-avRlEPthQvSqGfXxcHuZlA


Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!