Huawei ကုမ္ပဏီကို  ချစ်ပ်ပြားတင်ပို့‌မဲ့  ပို့ကုန် လိုင်စင် ၈ ခုကို  အမေရိကန်ပြည်ထောင်စု ၊ ကုန်သွယ်ရေးဝန်ကြီးဌာနက အခုနှစ်အတွင်း ရုပ်သိမ်းခဲ့တယ်ဆိုပြီး Reuters သတင်းမှာဖော်ပြထားပါတယ်။

Reuters က ရရှိတဲ့ စာရင်းထဲမှာတော့ Huawei ကုမ္ပဏီကို  ချစ်ပ်ပြားတင်ပို့‌ရောင်းချနေတဲ့ကုမ္ပဏီတွေရဲ့  နာမည်ကို အတိအကျဖော်ပြထားတာမရှိပေမဲ့ အဲဒီထဲမှာ Qualcomm နဲ့ Intel ကုမ္ပဏီတို့တော့ပါဝင်နေပါတယ်။

တရုတ်တယ်လီကွန်းပစ္စည်းကုမ္ပဏီကြီးဖြစ်တဲ့ Huawei ဆီ ချစ်ပ်ပြားတွေ  တင်ပို့ရောင်းချနေတဲ့ ပို့ကုန်လိုင်စင် ၈ ခု ကို ဘိုင်ဒန်အစိုးရက အခုနှစ်အတွင်း  ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ 

အမေရိကန်အနေနဲ့ နိုင်ငံတော်လုံခြုံရေးအတွက်ရည်ရွယ်ပြီး တရုတ်ကုမ္ပဏီတွေနည်းပညာလွှမ်းမိုးမှုကိုတားဆီးဖို့အတွက် အခုလိုစီစဉ်ဆောင်ရွက်လိုက်တာပါ။

ဒီလိုပို့ကုန်လိုင်စင်ရုပ်သိမ်းမှုတွေနဲ့ပတ်သတ်ပြီး Huawei က Reuters ‌ ရဲ့ မေးမြန်းချက်တွေကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန် အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက တရုတ်ကို ကုန်သွယ်ရေးကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့်  အမေရိကန်အခြေစိုက် ကုမ္ပဏီတချို့ကတော့  Huawei ဆီ ကုန်ပစ္စည်းတွေ ဆက်လက်ရောင်းချနေခဲ့တာဖြစ်ပါတယ်။

Reference

https://www.reuters.com/technology/biden-revoked-8-licenses-chinas-huawei-2024-document-shows-2024-07-02/#:~:text=Biden%20revoked%208%20licenses%20for%20China%27s%20Huawei%20in%202024%2C%20document%20shows

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!