ကမ္ဘာ့အကောင်းဆုံး စူပါကွန်ပြူတာ သုံးပြီး ဖြေရှင်းရင်တောင် စကြဝဠာကြီးတစ်ခုလုံးရဲ့ သက်တမ်းထက် ပိုကြာမဲ့ ပြဿနာကို Google ရဲ့ ကွမ်တမ်ချစ်ပ်ပြားက အချိန်ငါးမိနစ်တည်းနဲ့ ဖြေရှင်းနိုင်ခဲ့တယ်လို့ Google ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သာမန်ကွန်ပြူတာတစ်လုံးနဲ့ နှစ်ပေါင်းသန်းချီဖြေရှင်းယူရမဲ့ ကိစ္စတွေကို မိနစ်ပိုင်းတည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ တွေးကြည့်ပါ။ ကွမ်တမ်ကွန်ပြူတာတွေမှာ အဲဒီအစွမ်းသတ္တိရှိပါတယ်။

သာမန်ကွန်ပြူတာတွေက စနစ်လည်ပတ်ဖို့အတွက် 0 ဒါမှမဟုတ် 1 . . . နှစ်ခုထဲက တစ်ခုကိုပဲ တစ်လှည့်စီ အခြေခံပြီး သွားပါတယ်။ ဒါကိုတော့ Bits တွေလို့ ခေါ်တာပါ။ ဒါပေမဲ့ ကွမ်တမ်ကွန်ပြူတာတွေကတော့ 'Qubit' လို့ ခေါ်တဲ့ 0 ရော 1 ပါ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တည်ရှိအလုပ်လုပ်ပါတယ်။ အကြွေစေ့တစ်စေ့ကို ခေါင်းပန်းလှန်ချိန်မှာ ခေါင်းရော ပန်းရော တစ်ပြိုင်တည်း ကျသလိုပေါ့။

ဒါပေမဲ့ ကွမ်တမ်ကွန်ပြူတာတွေရဲ့ ပြဿနာက အမှားများတာ ဖြစ်ပါတယ်။ ပုံမှန်ကွန်ပြူတာတွေလို 1 ရယ် 0 ရယ် တစ်လှည့်စီ အတိအကျဘောင်ခတ်အလုပ်လုပ်တဲ့ စနစ်တွေမှာတော့ အမှားတွေက ရှားပေမဲ့ ကွမ်တမ်ကွန်ပြူတာတွေက မကြာခဏမှားလေ့ရှိပါတယ်။

ShweNote နဲ့အတူ ဆုကြီးတွေယူ

အချိန်မရလို့ စာမဖတ်ဖြစ်တာလား၊ စာအုပ်တွေက များလွန်းနေလို့ ဘာဖတ်ရမှန်း မသိတာလား။ ကားပေါ်မှာ… ကော်ဖီဆိုင်မှာ... အိမ်မှာ... နာမည်ကြီး စာအုပ်တွေကို အချိန်တိုတိုနဲ့ ဖတ်ခွင့်ရမယ်၊ စာနဲ့ရော အသံနဲ့ပါဆိုရင် စိတ်ဝင်စားလား။ 

နာမည်ကြီး စာအုပ်တွေရဲ့ အနှစ်ချုပ်တွေ၊ Audio Book တွေကို လမ်းလျှောက်ရင်းဖြစ်ဖြစ်၊ လုပ်စရာရှိတာ လုပ်ရင်းဖြစ်ဖြစ် အဆင်သင့် နားထောင်နိုင်ဖို့ ShweNote ရှိပါတယ်။ စာဖတ်ချင်ရင် Book Summary၊ အသံ နားထောင်ချင်ရင် Audio Book အချိန်၊ နေရာမရွေး လက်လှမ်းမီနိုင်တဲ့ Digital Library . . .။

၂၀၂၅ ခုနှစ်မှာ သင့်ဘဝအတွက် အကြီးမားဆုံး အပြောင်းအလဲတွေ ရှိလာဖို့ ဒီနေ့က စလို့ တစ်နေ့ကို စာတစ်ပုဒ် ShweNote နဲ့ တူတူ ဖတ်ပါ။ ဒီဇင်ဘာလထဲ Subscription ဝယ်ဖြစ်ရင်လဲ သိန်း ၂၀၀ တန်ဖိုးရှိ ဆုကြီးတွေကို ကံစမ်းနိုင်အုံးမယ်။ 

တစ်နေရာတည်းမှာ အကုန်ရနိုင်တဲ့ ရွှေနုတ် . . . အသိပညာကုန်ကြမ်းတို့ရဲ့ ရေသောက်မြစ်

ဝယ်ယူနိုင်ဖို့ ဒီလင့်ခ်ကို နှိပ်ပါ

ဒါပေမဲ့ Google က တီထွင်ထုတ်လုပ်ထားတဲ့ Willow အမည်ရ ကွမ်တမ်ချစ်ပ်ကတော့ ပုံမှန်စူပါကွန်ပြူတာက ဖြေရှင်းရင်တောင် နှစ်ပေါင်း ၁၀ ဆက်ပ်တီလီယမ် (10 Septillion) ကြာမဲ့ ပြဿနာကို အချိန်ငါးမိနစ်တည်းနဲ့ ဖြေရှင်းနိုင်ခဲ့တာပါ။ နှစ်ပေါင်း ၁၀ ဆက်ပ်တီလီယမ်ဆိုတာ ၁ နောက်မှာ သုညပေါင်း ၂၄ လုံးလိုက်တဲ့ ပမာဏနဲ့ ညီတဲ့အချိန်ဖြစ်ပါတယ်။ စကြဝဠာကြီးတစ်ခုလုံးရဲ့ သက်တမ်းဖြစ်တဲ့ နှစ်ပေါင်း ၁၃ ဘီလျံထက်တောင် ပမာဏအများကြီး ပိုကြာတဲ့အချိန်ပါ။

ဒီလိုခက်ခဲနက်နဲလှတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ Google က သာမန် Qubit တွေအစား 'Logical Qubit' တွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒီ Logical Qubit တွေက Qubit တစ်ခုနဲ့ တစ်ကြား အချက်အလက်တွေ မြန်မြန်ဆန်ဆန်စီးဆင်းနိုင်သလို တချို့ qubit တွေ အမှားဖြစ်သွားရင်တောင် မှန်နေသေးတာတွေကို အခြေခံပြီး ဆက်အလုပ်လုပ်နိုင်တာပါ။ ရှိတဲ့အမှားတွေကိုလဲ နည်းပညာတစ်မျိုးသုံးပြီး ထောက်လှမ်းပြင်ဆင်ပေးပါသေးတယ်။

ကွမ်တမ်ကွန်ပြူတာတွေကို သာမန်နည်းပညာနဲ့ တွက်ချက်နိုင်ဖို့ အင်မတန်များပြားရှုပ်ထွေးလွန်းလှတဲ့ . . . ဥပမာ ဆေးဘက်ဆိုင်ရာ သုတေသနတွေ၊ ရာသီဥတုခန့်မှန်းရေးမော်ဒယ်တွေ၊ ဉာဏ်ရည်တုတွေနဲ့ ဆေးဝါးအသစ် ထုတ်လုပ်ရေးနယ်ပယ်က ပြဿနာတွေကို အချိန်တိုတိုနဲ့ ဖြေရှင်းနိုင်ပါတယ်။

Google ဘက်ကတော့ ဘာအမှားမှကို မဖြစ်နိုင်တဲ့ ကွမ်တမ်ချစ်ပ်တွေ ထုတ်လုပ်နိုင်တဲ့ထိ ဆက်သွားမယ်လို့ပြောထားပါတယ်။

References: Afifi-Sabet, K. (2024, December 9). Google “Willow” quantum chip has solved a problem the best supercomputer would have taken a quadrillion times the age of… livescience.com. https://www.livescience.com/technology/computing/google-willow-quantum-computing-chip-solved-a-problem-the-best-supercomputer-taken-a-quadrillion-times-age-of-the-universe-to-crack

ဆက်လက်ဖတ်ရှုဖို့

Google က နျူကလီးယားစွမ်းအင်ကို ဒေတာစင်တာမှာ သုံးမယ်
Google has signed a corporate agreement to purchase nuclear energy from multiple small modular reactors (SMRs) from Kairos Power.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!