Google ကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ ဒေါ်လာ တစ်ဘီလျံ (သန်းတစ်ထောင်) ရင်းနှီးမြှုပ်နှံဖို့ အစီအစဉ်ရှိတယ်လို့ တနင်္လာနေ့က ပြောပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုမှာ ထိုင်းနိုင်ငံထဲ Google ရဲ့ ဒေတာစင်တာနဲ့ Cloud အခြေပြု အဆောက်အအုံတွေ တည်ဆောက်သွားမှာပါ။

ဒေတာစင်တာဆိုတာ ကွန်ပျူတာအများအပြားကို စုစည်းပြီး အချက်အလက်တွေ သိမ်းဆည်း၊ စီမံခန့်ခွဲတဲ့နေရာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ချွန်ဘူရီခရိုင်တို့မှာ တည်ဆောက်မဲ့ ဒီဒေတာစင်တာနဲ့ Cloud အဆောက်အအုံတွေက အရှေ့တောင်အာရှမှာ လိုအပ်တဲ့ Cloud ပိုင်းဆိုင်ရာ ဝန်ဆောင်မှုလိုအပ်ချက်တွေကို ဖြည့်ဆည်ပေးနိုင်မှာ ဖြစ်သလို ဉာဏ်ရည်တု (AI) နည်းပညာ တိုးချဲ့ရေးအတွက်လဲ အထောက်အကူပြုသွားမဲ့ သဘောပါ။

Google ရဲ့ DeepMind ဉာဏ်ရည်တု မော်ဒယ် သင်္ချာအိုလံပစ်မှာ ငွေတံဆိပ်ဆုရ
Google က ထုတ်လုပ်ထားတဲ့ DeepMind ဉာဏ်ရည်တု နည်းပညာမော်ဒယ်က နောက်ထပ် မှတ်ကျောက်တစ်ရပ်ကို စိုက်ထူလိုက်နိုင်ပြန်ပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ

Cloud ဆိုတာ အင်တာနက်က တစ်ဆင့် အချက်အလက်တွေ သိမ်းဆည်းတာ၊ သုံးစွဲတာတွေ လုပ်နိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ အခု ထိုင်းနိုင်ငံမှာ တည်ဆောက်မှာက ဒေတာစင်တာအပြင်ကို ဒီ Cloud Server တွေကို သိမ်းဆည်းထားမဲ့ အဆောက်အအုံနေရာတွေလဲ ပါဝင်တာပါ။ ဒီပရောဂျက်နဲ့ပတ်သက်ပြီး ဒီလွိုက်စ်ကုမ္ပဏီရဲ့ လေ့လာချက်အရ ၂၀၂၉ ခုနှစ်မတိုင်ခင်အထိ ဒီစီမံကိန်းကြောင့် နှစ်စဉ် ပျမ်းမျှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၄၀၀၀ ကျော် ဖန်တီးပေးနိုင်ဖို့ ရှိပါတယ်။

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက ပြီးခဲ့တဲ့ မေလတုန်းက မိုက်ခရိုဆော့ဖ်ကုမ္ပဏီကလဲ ထိုင်းနိုင်ငံမှာ သူတို့ရဲ့ ဒေသဆိုင်ရာ ဒေတာစင်တာကို ပထမဆုံးအကြိမ် ဖွင့်လှစ်မယ်လို့ ကြေညာထားပါတယ်။ အခုလိုမျိုး ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတွေရဲ့ ဒေတာစင်တာတွေ အပြိုင်အဆိုင် တည်ဆောက် များပြားလာတာနဲ့အမျှ ထိုင်းနိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကလဲ အများကြီး ပိုမြန်ဆန်လာနိုင်တာပါ။

ချွန်ဘူရီခရိုင်မှာ ရှိတဲ့ စက်မှုဇုန်ထဲမှာ Google ရဲ့ ဒေတာစင်တာကို ဆောက်လုပ်သွားမှာဖြစ်ပြီး၊ ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာတော့ အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကို ဝန်ဆောင်မှုပေးမယ့် Google Cloud ကို တည်သွားမှာ ဖြစ်ပါတယ်။

Google ရဲ့ ပြောဆိုချက်အရ အခုလို ရင်းနှီးမြှုပ်နှံမှုလုပ်ရင်းကနေ Google Cloud စွမ်းဆောင်ရည်ပိုင်းနဲ့ ဉာဏ်ရည်တုနည်းပညာတွေအပြင် Search Engine, Map နဲ့ Google Workspace တို့လို လူကြိုက်များတဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကိုပါ ပိုကောင်းအောင် လုပ်ဆောင်ပေးနိုင်တော့မှာပါ။

Reuters. (2024, September 30). Google to invest $1 billion in Thai data centre, cloud infrastructure. Reuters. https://www.reuters.com/technology/google-invest-1-billion-thai-data-centre-cloud-infrastructure-2024-09-30/

Data Scientist တစ်ယောက်လိုဘယ်လိုတွေးခေါ်မလဲ | TOETAT EPISODE 3
မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ Data Scientist တစ်ယောက်လိုဘယ်လိုတွေးခေါ်နိုင်မလဲ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!