Google ကုမ္ပဏီက ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မိတ်ဆက်ခဲ့တဲ့ ဗီဒီယိုထုတ်လုပ်ရေး AI "Veo 2" ရဲ့ စျေးနှုန်းတွေကို တရားဝင်ထုတ်ပြန်လာပါပြီ။

ဒီစနစ်ကို သုံးမယ်ဆိုရင် ဗီဒီယို တစ်စက္ကန့်အတွက် ဆင့် ၅၀ ကျသင့်မှာ ဖြစ်ပြီး တွက်ကြည့်ရင် တစ်မိနစ်ကို ဒေါ်လာ ၃၀ နဲ့ တစ်နာရီစာဆိုရင် ဒေါ်လာ ၁,၈၀၀ ကျမယ်လို့ သိရပါတယ်။

Google DeepMind က သုတေသီတစ်ဦးဖြစ်တဲ့ ဂျွန်ဘယ်ရွန်က ဒီစျေးနှုန်းကို Marvel ရဲ့ နာမည်ကြီးရုပ်ရှင် "Avengers: Endgame" နဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။ အဲဒီရုပ်ရှင်ရဲ့ ထုတ်လုပ်မှုစရိတ်က ဒေါ်လာ ၃၅၆ သန်း (တွက်ကြည့်ရင် တစ်စက္ကန့်ကို ဒေါ်လာ ၃၂,၀၀၀ လောက်) ရှိခဲ့တယ်လို့ ဆိုတာပါ။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

Google က မိတ်ဆက်လာတဲ့ Veo 2 ဟာတော့ လက်ရှိမှာ နှစ်မိနစ်လောက်ထိ အရှည်ရှိတဲ့ အရည်အသွေးမြင့် ဗီဒီယိုတွေကို ထုတ်လုပ်ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမဲ့ "Avengers" လိုမျိုး နာရီနဲ့ချီကြာတဲ့ ရုပ်ရှင်ကားကြီးတွေထဲ ထည့်သုံးလို့ရတဲ့အထိတော့ မျှော်လင့်လို့ မရသေးဘူး ဆိုပါတယ်။

တခြားတစ်ဖက်မှာတော့ OpenAI ကုမ္ပဏီက သူတို့ရဲ့ Sora ဗီဒီယိုမော်ဒယ်ကို တစ်လ ဒေါ်လာ ၂၀၀ ပေးသွင်းထားတဲ့ ChatGPT Pro သုံးစွဲသူတွေ ရရှိနိုင်ပြီလို့ မကြာသေးခင်က ကြေညာခဲ့တာပါ။ Sora ဗီဒီယိုထုတ်လုပ်ရေးမော်ဒယ်ကတော့ Veo 2 လောက် အရည်အသွေးမကောင်းပေမဲ့ ဗီဒီယိုပမာဏများများ ထုတ်လုပ်နိုင်လို့ သာမန်အသုံးပြုသူတွေအတွက် အဆင်ပြေတယ်လို့ ဆိုပါတယ်။

အခုလိုမျိုး အေအိုင်သုံးပြီး ဗီဒီယိုတွေ ဖန်တီးတဲ့ နည်းပညာဟာ ကြော်ငြာတွေ၊ Marketing လုပ်ငန်းတွေနဲ့ တခြားမီဒီယာလုပ်ငန်းတွေအတွက် အင်မတန်အသုံးဝင်နိုင်ပေမဲ့ ဈေးနှုန်းကတော့ သာမန်သုံးစွဲသူတွေအဖို့ လက်လှမ်းမမီနိုင်သေးပါဘူး။

Reference: Ha, A. (2025, February 24). Google’s new AI video model Veo 2 will cost 50 cents per second. TechCrunch. https://techcrunch.com/2025/02/23/googles-new-ai-video-model-veo-2-will-cost-50-cents-per-second/

ဆက်လက်ဖတ်ရှုဖို့

OpenAI ရဲ့ ဗီဒီယိုထုတ်လုပ်ရေး အေအိုင် Sora ထွက်ပြီ . . .
OpenAI is rolling out an artificial intelligence system called Sora that can generate realistic-looking videos from text prompts, nearly 10 months after the startup first publicly previewed the technology.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!