ပုံမှန်အချိန်ထက် စောပြီး Google ကနေ သူတို့ရဲ့ နှစ်စဉ်လုပ်နေကျ Made by Google Event ကို ဆောင်ရွက်လိုက်ပါတယ်။ ဒီပွဲမှာ Google က သူတို့ရဲ့ မင်းသားတွေဖြစ်ကြတဲ့ Pixel 9, Pixel 9 Pro မော်ဒယ်သစ် တွေကို မိတ်ဆက်ပေးခဲ့တာပါ။ အဲဒါအပြင် တခြား product တွေမှာ ပါလာတဲ့ feature အသစ်တွေ၊ ဉာဏ်ရည်တုတွေကိုလဲ အများကြီး မိတ်ဆက်ပေးသွားလို့ နောက်လလာမဲ့ Apple ရဲ့ iPhone 16 ပွဲကိုတောင် လူတွေ စိတ်လှုပ်ရှားဖို့ မေ့သွားလေရဲ့။

ဒီတော့ ပွဲထဲမှာ ပြောသွား၊ ပြသွားတဲ့ထဲက အထူးခြားဆုံးနဲ့ အကြီးမားဆုံး အပြောင်းအလဲလေးတွေကို ကြည့်ကြရအောင်ပါ။ ဒီနှစ် Google Pixel 9 မှာတော့ ဒီဇိုင်းပိုင်းအပြုအပြင်လေးတွေ နည်းနည်းစီ ရှိလာတယ် ဆိုရပါမယ်။ Google က သုံးနေကျလို Oval shape layout နဲ့ ကင်မရာဘားကို ဒီဇိုင်းပြင်ထားပါတယ်။ Display ၆.၃ လက်မထိ ပါလာပြီးတော့ Tensor G4 chip ကို သုံးထားသလို Ai function တွေအတွက် အဆင်ပြေအောင် Ram ကို 8GB ကနေ 12GB ကို အစားထိုးလိုက်ပါပြီ။ Pixel 9 Pro နဲ့ Pro XL မှာတော့ Ram က 16GB ထိ တိုးလာပြီးတော့ Storage ကတော့ 1TB ထိ ရွေးနိုင်တာပါ။ ကင်မရာပိုင်းမှာတော့ 12MP ကနေ 48MP ကို ပြောင်းသုံးပေးထားပါတယ်။ ရေပန်းစားနေတဲ့ Pixel 9 Pro Fold မှာတော့ display အရွယ်အစားမှာ အပြောင်းအလဲတချို့ ရှိသွားပါတယ်။

Pixel 9 Pro က ၉၉၉ ဒေါ်လာက စပြီးတော့ Pro XL ဆိုရင်တော့ ၁၀၉၉ ဒေါ်လာက စဝယ်ရပါမယ်။ Pro Fold ဆိုရင်တော့ ၁၇၉၉ ဒေါ်လာ ဖြစ်ပါမယ်။ ဒီမော်ဒယ်လေးခုထဲက တစ်ခုခုကို ဝယ်ရုံနဲ့ Gemini ကို အပြည့်အဝသုံးနိုင်မဲ့ တစ်နှစ်စာပလန်ကို အခမဲ့ပေးမယ်လို့ Google က ပြောထားပါသေးတယ်။ အေအိုင်နဲ့ ပတ်သက်လို့ တိုးတက်လာတာတွေကို နောက်မှာ ဆက်ကြည့်ကြပါမယ်။

အခုတော့ Pixel Brand အောက်က ထွက်ရှိလာတဲ့ Watch 3 နဲ့ Buds Pro 2 အကြောင်း စပ်စုကြည့်ရအောင်။ Google က ပထမဆုံးအကြိမ်အဖြစ် display size နှစ်မျိုးနဲ့ Watch 3 ကို မိတ်ဆက်လိုက်ပါတယ်။ ၄၁ မီလီမီတာနဲ့ ၄၅ မီလီမီတာဆိုပြီးပါ။ Wireless Earbuds ကို မထုတ်တာ နှစ်နှစ်ကျော်ပြီမို့ ခုတစ်ခေါက် Buds pro 2 မှာတော့ ဒီဇိုင်းပိုင်း အပြောင်းအလဲမရှိဘဲ ဟိုနား ဒီနား မိတ်ကပ်တို့ပြီး လူမြင်လှအောင် ပွဲထုတ်လာပါတယ်။ အရွယ်အစားကတော့ ပိုသေးပြီး ပိုပေါ့သွားလေရဲ့။

အခုတော့ ဒီပွဲရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံးနဲ့ အထူးခြားဆုံးဖြစ်တဲ့ အေအိုင်ပိုင်း တိုးချဲ့မှုတွေကို ဆက်ကြည့်ကြပါမယ်။

Google ရဲ့ Gemini Ai မှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး  ရှိလာပြီး အဲဒီထဲက တစ်ခုက သုတေသနပိုင်းမှာ ပိုအားကောင်းလာတာပါ။ Gemini Advanced ဝယ်ယူထားသူဆိုရင် သုတေသနနဲ့ ပတ်သက်လို့ စာတမ်းတွေကို ဖိုင်လိုက် Ai ထဲ ပစ်ချပြီး ကိုယ်လိုချင်တဲ့ ဒေတာဆွဲထုတ်တာတွေ၊ ဆန်းစစ်ပိုင်းခြားတာတွေနဲ့ ကောက်ချက်ချတာအဖြေရှာတာလိုမျိုး သာမန်လူလုပ်ရင် အချိန်ကြာတဲ့ အလုပ်တွေပါ လုပ်နိုင်နေပါပြီ။ နောက်တော့ Pixel 9 ဖုန်းမော်ဒယ်တွေမှာ Ai အကူအညီနဲ့ ဓာတ်ပုံတွေကို လွယ်လင့်တကူ ပြုပြင်နိုင်တဲ့ Magic Editor မှာလဲ တိုးမြှင့်ထားတာတွေ ရှိတယ် ဆိုပါတယ်။ နမူနာ၊ ပုံတွေရဲ့ ဘောင်တွေကို ချဲ့/ဖြည့်ပေးတာမှာ အများကြီး ပိုအားကောင်းလာပြီး တခြားဓာတ်ပုံတစ်ပုံက အစိတ်အပိုင်းကို ဖြတ်ယူ၊ ဒီဘက်ထဲ ပေါင်းထည့်တာလိုမျိုး feature တွေလဲ ပါလာပါပြီ။

နောက်၊ Google က ကြံကြံဖန်ဖန် Pixel Fold မှာ ထည့်ပေးလာတဲ့ feature က ကလေးတွေနဲ့ မိဘတွေ ဓာတ်ပုံရိုက်တဲ့အခါ ကောင်းကောင်းမွန်မွန် အရိုက်မခံတဲ့ ပြဿနာကို ဖြေရှင်းဖို့ ခေါက်ဖုန်းရဲ့ ကင်မရာမပါတဲ့ တခြားဘက်ခြမ်းမှာ ကာတွန်းရုပ်ကွက်လေးတွေနဲ့ တခြား ဗီဒီယိုကလစ်အတိုအထွာလေးတွေကို ထည့်ပေးတာပါ။ ဒီနည်းနဲ့ ကလေးတွေရဲ့ စိတ်ဝင်စားမှုရအောင် လုပ်မယ်လို့ ပွဲထဲမှာ ပြောပါတယ်။ နောက်တော့ Pixel Studio ထဲမှာလဲ ကိုယ်က စာနဲ့ ရိုက်ပြီး လိုချင်တာကို ပြောရုံနဲ့ ပုံထုတ်ပေးနိုင်တဲ့ feature ပါလာပါတယ်။ အတော်လေး ထူးခြားတဲ့ ကင်မရာပိုင်း တိုးမြှင့်မှုတစ်ခုက Add Me ဆိုတာလေးပါ။ ကျွန်တော်တို့ အဖွဲ့လိုက်ဓာတ်ပုံတွေ ရိုက်တဲ့အခါ ကြုံရတတ်တဲ့ ပြဿနာက တစ်ယောက်က ထွက်ရိုက်ပေးရလို့ ပုံထဲ လူမစုံတာ ဖြစ်ပါတယ်။ အခုတော့ ပုံတွေကို Add Me နဲ့ ရိုက်မယ်ဆိုရင် ပထမတစ်ကြိမ်မှာ ရိုက်ပေးတဲ့သူ မပါတဲ့ ဓာတ်ပုံနဲ့ . . . နောက် တခြားတစ်ယောက်က ပြောင်းရိုက်ပေးပြီး ခုနကသူ ပါလာပြီဆိုရင် နှစ်ခုကို AR နည်းပညာသုံးပြီး ပေါင်းစပ်ပေးတဲ့ သဘောပါ။ အခုပြောပြသွားတာလေးတွေကတော့ အထင်ရှား၊ အထူးခြားဆုံးလေးတွေဖြစ်ပါတယ်။ အသေးစိတ် လေ့လာချင်ရင်တော့ အောက်က လင့်ခ်မှာ ဖတ်ရှုနိုင်ပါမယ်။

လက်ရှိတော့ ဒီ product တွေကို pre-order မှာလို့ ရနေပါပြီ။

References: Velasco, J. (2024, August 13). Made by Google Pixel 9 event — all the biggest announcements in one place. Tom’s Guide. https://www.tomsguide.com/phones/live/made-by-google-august-2024-event-live-blog

Google ရဲ့ DeepMind ဉာဏ်ရည်တု မော်ဒယ် သင်္ချာအိုလံပစ်မှာ ငွေတံဆိပ်ဆုရ
Google က ထုတ်လုပ်ထားတဲ့ DeepMind ဉာဏ်ရည်တု နည်းပညာမော်ဒယ်က နောက်ထပ် မှတ်ကျောက်တစ်ရပ်ကို စိုက်ထူလိုက်နိုင်ပြန်ပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ
AI အသုံးပြုမှုကဏ္ဍ ထိပ်ဆုံးနေရာမှာ တရုတ်ဦးဆောင်ရပ်တည်နေ
AI အသုံးပြုမှုကဏ္ဍမှာ တရုတ်က အမေရိကန်ကိုကျော်လွန် ပြီးထိပ်ဆုံးနေရာမှာဦးဆောင်‌ ရပ်တည်နေတာကို Reuters သတင်းမှာဖော်ပြထာားပါတယ်။AI နည်းပညာအသုံးပြုမှုအပိုင်းမှာ တရုတ်
နည်းပညာဆိုင်ရာ အသုံးစရိတ်တွေ လျှော့ချလို့ ယူကေအစိုးရ ဝေဖန်ခံနေရ
နည်းပညာကဏ္ဍနဲ့ အေအိုင်နယ်ပယ်မှာ အသုံးပြုဖို့ လျာထားတဲ့ ဘတ်ဂျပ်တွေကို ထက်ဝက်နီးပါး လျှော့ချလိုက်လို့ ယူကေအစိုးရ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။ ယူကေနိုင်

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!