Google ကုမ္ပဏီကနေ သိပ္ပံသုတေသနလုပ်ငန်းတွေကို အထောက်အကူပြုမဲ့ AI စနစ်သစ်တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။ Gemini 2.0 ကို အခြေခံထားတဲ့ ဒီစနစ်သစ်က နှစ်နဲ့ချီကြာတတ်တဲ့ သုတေသနတွေကို ရက်ပိုင်းအတွင်း ပြီးမြောက်အောင် ကူညီပေးနိုင်မယ်လို့ သိရတာပါ။

Google မိတ်ဆက်လိုက်တဲ့ Co-scientist မှာဆိုရင် သိပ္ပံပညာရှင်တွေက သူတို့ လေ့လာချင်တဲ့ ခေါင်းစဉ်ကို ပြောပြရုံနဲ့ ဒီစနစ်ကို ဘယ်လို စမ်းသပ်လေ့လာသင့်သလဲ၊ အရင်က ဘယ်လိုတွေ့ရှိချက်တွေ ရှိခဲ့သလဲ ဆိုတာတွေကို ပြန်လည်တင်ပြပေးပါတယ်။ ထူးခြားတာက သုတေသီတွေရဲ့ ယူဆချက်တွေကို စမ်းသပ်နိုင်အောင် သူက အဆင့်ဆင့် စီစဉ်ပေးနိုင်ပြီး နောက်ဆုံးပေါ် သုတေသနစာတမ်းတွေနဲ့လဲ တိုက်ဆိုင်စစ်ဆေးပေးနိုင်ပါတယ်။

Co-scientist ကို စမ်းသပ်အသုံးပြုထားတဲ့ ရလဒ်တွေကလဲ အတော်လေး အံ့ဩစရာကောင်းတယ်လို့ သိရတာပါ။ Stanford နဲ့ Imperial College London က ပညာရှင်တွေရဲ့ မထုတ်ပြန်သေးတဲ့ တွေ့ရှိချက်တွေနဲ့ AI စနစ်က ထုတ်ပြန်တဲ့ ရလဒ်တွေက ထပ်တူကျနေတယ်လို့လဲ ဆိုပါတယ်။ နမူနာ၊ ဘယ်တီးရီးယားတွေ ဘယ်လိုဆင့်ကဲပြောင်းလဲလဲ ဆိုတဲ့ လေ့လာမှုတစ်ခုမှာ ပညာရှင်တွေ ဆယ်စုနှစ်တစ်ခုစာ လေ့လာပြီးမှ တွေ့ခဲ့ရတဲ့အဖြေကို Google Co-scientist က နှစ်ရက်တည်းနဲ့ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရတာပါ။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

လောလောဆယ်တော့ ဂူဂဲလ်က အဲဒီ Co-scientist ကို အများသုံးအဖြစ် Public မဖွင့်ထားသေးဘဲ ယုံကြည်စိတ်ချရတဲ့ သုတေသနအဖွဲ့အစည်းတချို့ဆီပဲ စမ်းသပ်သုံးစွဲခွင့်ပေးထားပါတယ်။ စနစ်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သေချာစစ်ဆေးပြီးမှ ပိုကောင်းအောင် ဆက်လက်ပြုပြင်သွားမှာမျိုးပါ။

ဒီစနစ်မှာ စိုးရိမ်စရာကောင်းတဲ့ အချက်တွေလဲ ရှိနေပါသေးတယ်။ AI က ကိုးကားတဲ့ အချက်အလက်တွေဟာ မှန်ကန်ဖို့ အရေးကြီးသလို၊ မရိုးမသား သုတေသနတွေ မဖြစ်လာအောင် ထိန်းချုပ်ဖို့လဲ လိုအပ်တာပါ။ ပညာရှင်တွေကတော့ ဒီစနစ်က အဖြေတစ်ခုကို ရွေးတယ်ဆိုရင် ဘာလို့ရွေးတာလဲဆိုတဲ့ နောက်ကွယ်ကို မသိနိုင်တာအပေါ် စိုးရိမ်မှု မြင့်နေပါတယ်။

ဒါပေမဲ့ Google ဘက်ကတော့ ဒီ Co-scientist စနစ်က ပညာရှင်တွေကို အစားထိုးဖို့ မဟုတ်ဘဲ သိပ္ပံသုတေသနလုပ်ငန်းတွေကိုသာ ပိုမြန်ဆန်ထိရောက်အောင် ကူညီပေးဖို့ပဲ ရည်ရွယ်တယ်လို့ အခိုင်အမာပြောထားပါတယ်။

Reference: Google unveils AI Co-Scientist. (n.d.). Perplexity AI. https://www.perplexity.ai/page/google-unveils-ai-co-scientist-NZDe0.6QTtSb60pv5D7ntg

ဆက်လက်ဖတ်ရှုဖို့

Google ရဲ့ NotebookLM AI Podcast က Host တွေနဲ့ ကိုယ်တိုင်ဝင်စကားပြောလို့ ရပြီ
Google is introducing an experimental feature allowing users to talk with AI hosts of Audio Overviews.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!