လူသားဆန်ဆန် စက်ရုပ်တွေရဲ့ အကြောင်းနဲ့ ပြည့်နှက်ခဲ့တဲ့ ၂၀၂၄ ခုနှစ် အဆုံးသတ်မှာလဲ နောက်ထပ်စိတ်ဝင်စားစရာ သတင်းတစ်ခု ရှိနေပြန်ပါတယ်။ ဉာဏ်ရည်တုနည်းပညာမှာ ထိပ်တန်းရောက်တဲ့ Google DeepMind နဲ့ လူဆန်ဆန်စက်ရုပ်တွေ ထုတ်လေ့ရှိတဲ့ Apptronik တို့ ပူးပေါင်းပြီး ဉာဏ်ရည်တု လူသားစက်ရုပ်တွေ ထုတ်လုပ်တော့မယ် ဆိုပါတယ်။

"လက်ရှိကမ္ဘာမှာ ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ လူသားစက်ရုပ်တွေ အနာဂတ်မှာ ပေါ်ပေါက်နိုင်ဖို့ထိ ကျွန်တော်တို့ ရှေးရှုပါတယ်" လို့ Apptronik ရဲ့ CEO ဂျက်ဖ်က ပြောတာပါ။

Apptronik ရဲ့ နောက်ဆုံးပေါ် Robotics နည်းပညာတွေကို အခြေခံ၊ Google DeepMind က ဉာဏ်ရည်တုနဲ့ ပေါင်းစည်းရင်း ဉာဏ်ရည်မြင့်၊ လုပ်ဆောင်နိုင်စွမ်းမြင့်ပြီး စိတ်ချရတဲ့ . . . လူမှုဘဝအတွက်ရော ကုန်ထုတ်လုပ်ရေးအတွက်ပါ အသုံးဝင်တဲ့ စက်ရုပ်တွေ တီထွင်မယ် ဆိုပါတယ်။

Apptronik ကုမ္ပဏီဟာ လူသားဗဟိုပြုစက်ရုပ်နည်းပညာနဲ့ robot တွေ ထုတ်လုပ်လာတာ ဆယ်စုနှစ်တစ်ခု ကျော်လွန်လာပြီ ဖြစ်ပြီး ကုမ္ပဏီဘက်က ဒီဇိုင်းဆွဲ ထုတ်လုပ်ခဲ့တဲ့ထဲ NASA ရဲ့ Valkyrie Robot လဲ ပါဝင်ပါတယ်။ ဒါ့အပြင် အာကာသထဲ လူသားယာဉ်မှူးတွေနဲ့အတူ တွဲဘက်အလုပ်လုပ်နိုင်တဲ့ အပိုလို လူသားစက်ရုပ်ကိုလဲ ထုတ်လုပ်ဖူးသေးတာပါ။ အဲဒီ အပိုလိုစက်ရုပ်ဆိုရင် အရပ် ငါးပေရှစ်လက်မ ရှိပြီး ပေါင် ၁၆၀ လေးပါတယ်။

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet အောက်က DeepMind ကလဲ ဉာဏ်ရည်တုနည်းပညာနယ်ပယ်မှာ 'ဆရာတစ်ဆူ' ဖြစ်ပြီး ဉာဏ်ရည်တုစက်ရုပ်နည်းပညာအတွက် အခြေခံအုတ်မြစ်တွေ တည်ထားပေးသူပါ။ Deepmind ကုမ္ပဏီက Gemini Robotics လိုမျိုး အေအိုင်မော်ဒယ်တွေကိုလဲ ထုတ်လုပ်ဖူးပြီး အေအိုင်သုံးရင်း ပရိုတိန်းတွေရဲ့ တည်ဆောက်ပုံကို ဖော်ထုတ်နိုင်ခဲ့လို့ ၂၀၂၄ ခုနှစ်အတွက် ပညာရပ်ဆိုင်ရာဓာတုဗေဒ နိုဘယ်ဆုကို ကုမ္ပဏီက ပညာရှင်နှစ်ဦးက ရရှိထားပါသေးတယ်။

အခုတော့ စက်ရုပ်လောကမှာ ထိပ်တန်းရောက်သူနဲ့ ဉာဏ်ရည်တုတို့ရဲ့ အရှင်သခင် ပေါင်းစည်းမှု . . . ဘယ်လိုမျိုး ကြီးကျယ်ခမ်းနားတာတွေ ပေါ်ထွက်လာမလဲဆိုတာတော့ မျက်ခြည်မပြတ်စောင့်ကြည့်ရမှာပါ။

References

ဆက်လက်ဖတ်ရှုဖို့

အေအိုင်ကို သုံးပြီး ပရိုတိန်းတည်ဆောက်ပုံ ဖော်ထုတ်နိုင်သူ ပညာရှင်များ နိုဘယ်ဆုရ
Demis Hassabis and John Jumper have developed an AI model to solve a 50-year-old problem: predicting proteins’ complex structures.
ဗီဒီယိုဂိမ်းဆန်ဆန် ဒစ်ဂျစ်တယ်ကမ္ဘာတွေကို ဖန်တီးပေးနိုင်မဲ့ DeepMind Genie 2
DeepMind, Google’s AI research org, has unveiled a model that can generate an “endless” variety of playable 3D worlds.

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!