အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးကျဆင်းမှု ပြဿနာကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့က စလို့ ကမ္ဘာနဲ့တစ်ဝှမ်းမှာ စတော့ခ်ရှယ်ယာတွေနဲ့ စတော့ခ်ဈေးကွက်တွေ ကျဆင်းလျက်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက အမေရိကားမှာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်း ဒေတာတွေမှာ အားနည်းမှုတွေ၊ ဆုတ်ယုတ်မှုတွေကို မြင်နေရလို့ စိုးရိမ်နေကြတယ်လို့ သိရတာပါ။ သူတို့ပြောတာအရ အမေရိကန်ပြည်ထောင်စုထဲမှာ အခြေစိုက်တဲ့ ကုမ္ပဏီတွေက ဒီနှစ်ဇူလိုင်လပိုင်းက စလို့ ဝန်ထမ်း/အလုပ်သမား ခန့်အပ်မှုနှုန်းက ခန့်မှန်းထားတာထက် ပိုပိုနည်းလာလို့ ကမ္ဘာ့စီးပွားရေး ကွန်ယက်မှာပါ ထိခိုက်မှုတွေ ဖြစ်လာတယ် ဆိုပါတယ်။

ရိုက်တာသတင်းဌာနက ပြောတာအရ အမေရိကန်ထဲမှာရှိတဲ့ အမေဇုံ (Amazon) နဲ့ အင်တဲလ် (Intel) တို့လို နာမည်ကြီး ထိပ်တန်းကုမ္ပဏီကြီးတွေမှာပါ ရှယ်ယာတွေ နည်းလာပြီး အဲဒီက တစ်ဆင့် ဝင်ငွေတွေ တစ်စတစ်တစ် လျော့လာတာပါ။ ဒီကိစ္စကို ဗဟိုဘဏ်က အချိန်တိုအတွင်း ဖြေရှင်းပေးမှာမျိုး မရှိလာနိုင်လို့ စီးပွားရေးက တဖြည်းဖြည်းနဲ့ အနုတ်ဘက်ကို ဆောင်လာနိုင်ပါတယ်။ ကမ္ဘာ့စီးပွားရေးမှာ ကဏ္ဍပေါင်းစုံက ဦးဆောင်နေတဲ့ အမေရိကန်လို နိုင်ငံမှာတောင် အခုလို ပြဿနာအဖုံဖုံနဲ့ ကြုံနေရတာမို့ ဒီဂယက်က ကမ္ဘာအနှံ့ကိုလဲ ပဲ့တင်ထပ်လာနေပါပြီ။

ဂျပန်ရဲ့ Nikkei 225 စတော့ခ်ဈေးကွက်ဆိုရင် ၁၉၈၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှုကို ကြုံခဲ့ရပြီး အညွှန်းကိန်း ၁၂.၄ ရာခိုင်နှုန်းထိ ထိုးကျခဲ့တယ်လို့ ဆိုပါတယ်။ ဥရောပဈေးကွက်ကလဲ ၃ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး အမေရိကားရဲ့ Dow Jones စတော့ခ်မှာဆိုရင် ပွိုင့် ၁၀၀၀ ကျော်တောင် ထိုးကျခဲ့တာပါ။ ပြည်ကြီး အမေရိကန်မှာ ၂၀၂၄ အစကတည်းက ဆုတ်ယုတ်လာနေတဲ့ ဒီစီးပွားရေးဂယက်ဟာ တခြားဆက်စပ်နိုင်ငံတွေဆီပါ ဗိုင်းရပ်စ်သဖွယ် ပျံ့နှံ့လာနေပြီး သူတို့ဈေးကွက်တွေကိုပါ ထိခိုက်သွားစေနိုင်တယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

အခုလို မသေချာ၊ မရေရာနေတဲ့ အခြေအနေကို အမေရိကန်ရဲ့ ဗဟိုဘဏ် (Federal Reserve) က ဘယ်နည်း ဘယ်ဖုံ ကိုင်တွယ်ဖြေရှင်းမလဲ၊ ဘယ်လိုပလန်တွေ ထုတ်မလဲဆိုတာတော့ လတ်တလော မသိရသေးပါဘူး။ နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေး ရုတ်တရက် အနုတ်ဘက်ဆောင်ရင် . . .၊ စတော့ခ်ဈေးကွက် ထိုးကျရင် လုပ်လေ့ရှိတဲ့ နိုင်ငံပိုင် ငွေတိုက်စာချုပ် (bond) တွေ ထုတ်ရောင်းပစ်တဲ့ တစ်နည်းတော့ ရှိပါအုံးမယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ အမေရိကန်ရဲ့ ရွေးကောက်ပွဲ ကာလနီးလာတာနဲ့အမျှ ဖြစ်လာတဲ့ ပထဝီနိုင်ငံရေး/စီးပွားရေး အခြေအနေတွေဟာ အင်မတန် လှုပ်လှုပ်ခတ်ခတ်နိုင်နေလို့ ဘာဆို ဘာမှ သေချာဆုံးဖြတ်မရသေးဘူးလို့ ဆိုထားတာပါ။

References: Nazareth, R. (2024, August 5). Stock Meltdown Puts S&P 500 on Brink of Correction: Markets Wrap. Bloomberg.com. https://www.bloomberg.com/news/articles/2024-08-05/japanese-stocks-tumble-leading-equities-selloff-markets-wrap

Team, P. (2024, August 6). The global stock rout. Perplexity AI. https://www.perplexity.ai/page/the-global-stock-rout-VbrBuN8yR3mMkNk6.DCthg

စီးပွားရေးနဲ့ ပတ်သက်လို့ ဒီသတင်း/ဆောင်းပါးတွေ ဆက်ဖတ်ဖို့ စာရေးသူက အကြံပြုပါတယ်။

Understanding Myanmar’s Banking Crisis
In the three years since the military coup in Myanmar, the nation’s economic landscape has drastically deteriorated. Amidst this turmoil, banking crises have become alarmingly frequent, leaving citizens and businesses in a state of uncertainty and fear. A Glimpse into the Banking Crisis Myanmar’s banking sector is grappling with severe
Myanmar’s Economic Collapse: The Perils of Printing Too Much Money
The world is watching as Myanmar’s economy faces a dramatic collapse, a crisis exacerbated by the military junta’s decision to print vast amounts of new banknotes. This desperate measure, intended to stabilize the economy, is instead driving the nation into deeper financial turmoil, with devastating consequences for its people. The

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!