မြန်မာနိုင်ငံဟာ ပြည်တွင်းမှာ မငြိမ်သက်မှု ရှိနေပေမဲ့ နေရာဒေသအသီးသီးမှာလည်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းတွေက ရှိနေဆဲပါ။ ဒီအခြေအနေဟာ အဆီတဝင်းဝင်း သဲရှပ်ရှပ်အခြေအနေနဲ့ ဆင်တူနေပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့၊ ရင်းနှီးမြှပ်နှံမှုတစ်ခုစတင်ဖို့ ရည်ရွယ်တယ်ဆိုရင် အခုတင်ပြချက်တွေက အထောက်အကူဖြစ်ပါလိမ့်ယ်။ 

တစ်ခုတော့ သတိပြုစရာရှိပါတယ်။ ဒီဖော်ပြချက်တွေဟာ စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့  လမ်းညွှန်ချက်တွေ၊ အကြံပေးချက်တွေ မဟုတ်ပါဘူး။ စီးပွားရေးတစ်ခုစတင်ဖို့အတွက် အသုံးဝင်နိုင်စရာရှိတယ်လို့ ယူဆရတဲ့ တရားဝင် အချက်အလက်တွေကိုပဲ Information Sharing အနေနဲ့ ဖော်ပြတာဖြစ်ပါတယ်။ 

တကယ်လို့များ ကိုယ်က မြန်မာနိုင်ငံမှာ စီးပွားရေးတစ်ခုစတင်တော့မယ်ဆိုရင်တော့ စီးပွားရေးအတိုင်ပင်ခံလုပ်ငန်းတွေ၊ စီးပွားရေးဆိုင်ရာ အကြံပေးတွေ၊ ရှေ့နေတွေနဲ့ ဦးစွာဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါလိမ့်မယ်။ အခုတော့ စလိုက်ရအောင်ပါ။ 

ရင်းနှီးမြှုပ်နှံမှု မူဝါဒ

မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေကို သိရှိဖို့ လိုပါတယ်။ ဒါမှလည်း ဘယ်ကဏ္ဍတွေကို အစိုးရက ဦးစားပေးမယ်။ ဘာတွေကိုတော့ တားမြစ်ထားတယ်ဆိုတာ ခြေခြေမြစ်မြစ် ကျကျနနသိနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ ရင်းနှီးမြှုပ်နှံမှု မူဝါဒထဲက အရေးကြီးအချက်တွေကို အနှစ်ချုပ်ဖော်ပြပေးပါမယ်။ 

ရင်းနှီးမြှုပ်နှံမှု မူဝါဒ ၇ ရပ် ရှိပါတယ်။ အဲဒါတွေက -

  1. တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အပြန်အလှန်အကျိုးရှိတဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံက ကြိုဆိုပါတယ်။
  2. ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေ လုပ်ကိုင်ရလွယ်ကူအောင် အစိုးရယန္တရားက ကူညီမယ်ဆိုပြီး ဖိတ်ခေါ်ထားပါတယ်။
  3. စီးပွားရေးဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ ယုံကြည်ကိုးစားရတဲ့ ဖြန်ဖြေရေးစနစ်ရှိသလို ယုံကြည်စိတ်ချရတဲ့ ဘဏ်စနစ်ရှိတယ်လို့လည်း ဆိုပါတယ်။
  4. ပြည်တွင်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက် ခွဲခြားမှုမရှိတဲ့ ရပ်ဝန်းထူထောင်မယ်လို့လည်း တာဝန်ခံထားပါတယ်။အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အငြင်းပွားဖွယ်သိမ်းယူခြင်းကနေ ကာကွယ်မယ်။ ဒီအချက်ကိုတော့ အခြေခံဥပဒေမှာလည်း အတိအကျ ပြဌာန်းထားပါတယ်။ ဥပဒေအရပေးဆောင်ရမဲ့ အခွန်အကောက်နဲ့ တခြားပေးစရာရှိတာတွေကို ပေးဆောင်ပြီး ကျန်ရစ်တဲ့ အမြတ်ငွေကိုလည်း ပြည်ပကို သယ်ယူခွင့် တရားဝင်ခွင့်ပြုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံဖို့ ကာလရှည် မြေငှားရမ်းမှုကိုလည်း ခွင့်ပြုထားပါတယ်။
  5. ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ တာဝန်ယူမှုအနေနဲ့ကတော့ သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုနဲ့ ပတ်သက်ရင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းတွေဟာ ခွဲခြားမှုမရှိဘဲ တပြေးညီ လိုက်နာရပါမယ်။
  6. ယဉ်ကျေးမှု၊ လူမှုရေးနဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ဆက်စပ်လုပ်ငန်းတွေ လုပ်ကိုင်ခြင်းကိုတော့ ခွင့်မပြုပါဘူး။ ရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆) ပုဒ်မ ၄၁၊ ပုဒ်မ ၄၂ တို့မှာလည်း တားမြစ်ကန့်သတ်ထားတဲ့ လုပ်ငန်းတွေကို ကြည့်ရှုနိုင်ပါတယ်။
  7. တန်ဖိုးမြှင့် (Value Added) လယ်ယာထွက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ နည်းပညာလွှဲပြောင်း ပေးနိုင်တဲ့ လုပ်ငန်းတွေ၊ SMEs တွေ ဖွံ့ဖြိုးတိုးတက်စေတဲ့ လုပ်ငန်းတွေ၊ ဖွံ့ဖြိုးမှုနည်းတဲ့ ဒေသမှာ လုပ်ဆောင်မဲ့ လုပ်ငန်းတွေ၊ စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေမှာ လုပ်ကိုင်မဲ့လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတွေကို ကြိုဆိုတယ်လို့ ဆိုပါတယ်။ 

အာမခံချက်များ

မြန်မာနိုင်ငံမှာ လုပ်ကိုင်ကြမဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပဲဖြစ်ဖြစ်၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပဲ ဖြစ်ဖြစ် အစိုးရက အာမခံ ၃ ချက်ကို တိတိကျကျ ပေးထားပါတယ်။ ဒါကို အစိုးရရဲ့ အာမခံချက်များလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ အဲဒါတွေကတော့  - 

၁) နိုင်ငံပိုင်အဖြစ် ပြောင်းလဲမည် မဟုတ်ခြင်း။

မြန်မာ့သမိုင်းမှာ ၁၉၆၂ ခုနှစ်တုန်းက ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းပြီးတဲ့နောက် ၁၉၆၃ ခုနှစ်ကစတင်ပြီး ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းခဲ့ဖူးပါတယ်။ အဲဒီနောက်မှာ နိုင်ငံခြားသားပိုင် ဘဏ်လုပ်ငန်းတွေ၊ ရေနံလုပ်ငန်းတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေကိုလည်း ပြည်သူပိုင်အဖြစ် သိမ်းဆည်းခံလိုက်ရဖူးတဲ့ သာဓကရှိခဲ့ပါတယ်။ အဲဒီကနေ စီးပွားရေးချွတ်ခြုံကျမှုကို သင်ခန်းစာယူပြီး အခုတော့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၊ ပုဒ်မခွဲ (ဃ) မှာ  “စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြု” ဆိုပြီး အတိအလင်း ဖော်ပြထားပါတယ်။ 

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

လက်ရှိ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒ ၇ ချက်မှာလည်း ပြည်သူပိုင်အဖြစ်သိမ်းဆည်းမှာ မဟုတ်ဘူးဆိုပြီး ရှင်းရှင်းလင်းလင်းဖော်ပြထားသလို အစိုးရရဲ့ အာမခံချက်မှာလည်း ဒီအချက်ကို ထည့်သွင်းဖော်ပြထားပါသေးတယ်။၂) လုံလောက်သော အကြောင်းတစ်စုံတစ်ရာမရှိဘဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို ရပ်ဆိုင်းမှုမပြုခြင်း။

မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံကြမဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို လုံလောက်သော အကြောင်းတစ်စုံတစ်ရာမရှိဘဲ ရပ်ဆိုင်းမှာမဟုတ်ပါဘူးလို့ ဆိုပါတယ်။ 

လုံလောက်သော အကြောင်းလို့ဆိုရာမှာလည်း အဓိကအားဖြင့် နိုင်ငံတော်လုံခြုံရေး၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ဆိုင်တဲ့ကိစ္စမျိုးကို အဓိက ဆိုလိုတာဖြစ်ပါတယ်။ တခြားကိစ္စတွေလည်း ရှိကောင်းရှိနိုင်ပါသေးတယ်။ ဒါတွေက လွဲရင်တော့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ 

၃)မူလရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြားငွေကြေးအတိုင်း လွှဲပြောင်းပေးအပ်ခွင့်ရှိခြင်း။

မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်မဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအနေနဲ့ ကနဦး မတည်ရင်းနှီးထားတဲ့ နိုင်ငံခြားငွေကြေး( ဒေါ်လာ၊ ယွမ်…စသည်ဖြင့်) အတိုင်း ပြည်ပကို ပြန်လည်လွှဲပြောင်းခွင့် ပြုထားပါတယ်။ ဆိုလိုတာကတော့ လုပ်ငန်းရှင်တစ်ဦးဟာ အမေရိကန်ဒေါ်လာနဲ့ မတည်ရင်းနှီးထားတယ်ဆိုရင် ပြည်ပကို ဒေါ်လာနဲ့ ပြန်လွှဲခွင့်ကို ခွင့်ပြုထားပါတယ်။ ယွမ်နဲ့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင်လည်း ယွမ်နဲ့ ပြန်လွှဲနိုင်ပါတယ်။ 

ဝင်ငွေခွန်ကင်းလွတ်ခွင့်သို့မဟုတ် သက်သာခွင့်များ

ကုန်ထုတ်လုပ်ငန်း ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်းဟာ စီးပွားဖြစ်စလုပ်တဲ့နှစ်ကနေစပြီး တဆက်တည်း ငါးနှစ် ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဥပမာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဟာ ၂၀၂၅ ခုနှစ်မှာ စီးပွားဖြစ်စပြီးလည်ပတ်တယ်ဆိုရင် ၂၀၂၉ ခုနှစ်အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိမှာပါ။ 

ရရှိလာတဲ့အမြတ်ငွေကို သီးသန့်ရန်ပုံငွေထားပြီး အဲဒီလုပ်ငန်းမှာပဲ တစ်နှစ်အတွင်း ပြန်ပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အဲဒီလို ရင်းနှီးမြှုပ်နှံလို့ ထပ်ရလာတဲ့ အမြတ်ငွေအပေါ်ကို ဝင်ငွေခွန် ကင်းလွတ်ခွင့် ဒါမှမဟုတ် ဝင်ငွေခွန်သက်သာခွင့် ရရှိမှာဖြစ်ပါတယ်။ သာဓကအနေနဲ့ ပြောပြပါမယ်။ ပထမနှစ်အတွက် အမြတ်ငွေက သိန်း ၁၀၀၀ ရှိတယ်ဆိုပါစို့။ ၁၀ သိန်းကို မူလရင်းနှီးမြှုပ်နှံနဲ့အတူ ထပ်ပေါင်းပြီး ရင်းနှီးမြှုပ်နှံလိုက်ပါမယ်။ ၁၀ ရင်းနှီးမြှုပ်နှံလို့ ထပ်ရလာမဲ့ အမြတ်အတွက် ဝင်ငွေခွန်ကို လုံးဝကင်းလွတ်ခွင့် ဒါမှမဟုတ် သက်သာခွင့်ရရှိမှာဖြစ်ပါတယ်။ 

ဒီနေရာမှာ အခွန်လုံးဝကင်းလွတ်ခွင့်ဆိုတာက အခွန်သုညရာခိုင်နှုန်းကို ပြောတာဖြစ်ပြီး သက်သာခွင့်ဆိုတာကတော့ တစ်စိတ်တစ်ပိုင်းအခွန်နှုန်းထားတစ်ရပ်ပေးဆောင်ရမှာကို ဆိုလိုတာ ဖြစ်ပါတယ်။ 

ဝင်ငွေခွန်စည်းကြပ်ဖို့အတွက် စက်ပစ္စည်း၊ စက်ကိရိယာ၊ အဆောက်အအုံ ဒါမှမဟုတ် တခြားမတည် ပစ္စည်းတွေကို နိုင်ငံတော်က သတ်မှတ်ထားတဲ့ ပစ္စည်းတန်ဖိုးလျော့တွက်နှုန်း (Depreciation)နဲ့ တွက်ပြီး ဝင်ငွေခွန်ထဲကနေ နုတ်ယူခွင့်ပြုပါတယ်။ ဥပမာပြောရရင် ဆန်စက်လုပ်ငန်းမှာ မတည်ပစ္စည်းဖြစ်တဲ့ ဆန်စက်ဝယ်ထားတာမျိုးဆို နှစ်စဉ် တန်ဖိုးလျော့နှုန်းထား တွက်ချက်ရပါတယ်။ အဲဒီလို တွက်ချက်တဲ့နှုန်းထားက နိုင်ငံတော်က သတ်မှတ်တဲ့ နှုန်းထားနဲ့ တွက်ရမှာပါ။ ဥပမာ ဆန်စက်အတွက် တစ်နှစ် တန်ဖိုးလျော့နှုန်းထားက ကျပ် ၁၀ သိန်း၊ လုပ်ငန်းတစ်ခုလုံးရဲ့ ဝင်ငွေခွန်က သိန်း ၁၀၀ ကျသင့်တယ်ဆိုပါစို့။ ဝင်ငွေခွန် သိန်း ၁၀၀ ထဲကနေ တန်ဖိုးလျော့ (Depreciation) ၁၀ သိန်းကို ခုနှိမ်လိုက်ရင် ဝင်ငွေခွန်ဆောင်ရမှာက သိန်း ၉၀ ကျပ် ပဲ ကျသင့်မှာဖြစ်ပါတယ်။ 

ကုန်ထုတ်လုပ်ငန်းတစ်ခုခုက ထုတ်လုပ်တဲ့ပစ္စည်းကို ပြည်ပကို တင်ပို့မယ်ဆိုရင် ရလာတဲ့ အမြတ်ရဲ့ ၅၀ ရာခိုင်နှုန်းအထိကို ဝင်ငွေခွန် သက်သာခွင့်ပြုထားပါတယ်။ 

ဒါ့အပြင် နိုင်ငံခြားသားတွေ ပေးဆောင်ရတဲ့ ဝင်ငွေခွန်ကိုလည်း ပြည်တွင်းနေ နိုင်ငံသားတွေပေးဆောင်တဲ့ နှုန်းထားအတိုင်းပဲ ကောက်ခံမှာဖြစ်ပါတယ်။ 

ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ဇုန်အလိုက်ခွဲခြားထားပြီး အသေးစိတ်ကိုတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ အခန်း ၁၈ ၊ ပုဒ်မ ၇၄ မှာလည်း အသေးစိတ်ဖော်ပြထားပါသေးတယ်။ 

ကုန်သွယ်လုပ်ငန်းခွန်သက်သာခွင့် သို့မဟုတ် ကင်းလွတ်ခွင့်

ပြည်ပကိုတင်ပို့မဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်မယ်ဆိုရင်လည်း ကုန်သွယ်လုပ်ငန်းခွန် သက်သာခွင့် ဒါမှမဟုတ် ကင်းလွတ်ခွင့်ပြုနိုင်ပါသေးတယ်။ 

နောက်တစ်ချက်တော့ နိုင်ငံအတွင်းလိုအပ်နေတဲ့ လုပ်ငန်းဆိုင်ရာသုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကုန်ကျစရိတ်ကိုလည်း အခွန်စည်းကြပ်ထိုက်တဲ့ ဝင်ငွေကနေ နုတ်ပယ်ခွင့်ပြုထားပါသေးတယ်။ 

အကောက်ခွန်သို့မဟုတ် ပြည်တွင်းအခွန် သက်သာခွင့်

လုပ်ငန်းတည်ဆောက်ဆဲကာလမှာလည်း အမှန်တကယ်သုံးဖို့ လိုအပ်လို့တင်သွင်းတဲ့ စက်ပစ္စည်း၊ စက်ကိရိယာ၊ စက်ကိရိယာအစိတ်အပိုင်းနဲ့ လုပ်ငန်းသုံးပစ္စည်းတွေအပေါ် ကောက်ယူတဲ့ အကောက်ခွန် ဒါမှမဟုတ် တခြားပြည်တွင်းအခွန်အကောက်တွေကို နှစ်မျိုးစလုံးသက်သာခွင့် ဒါမှမဟုတ် ကင်းလွတ်ခွင့် ရရှိနိုင်ပါသေးတယ်။ 

နိုင်ငံတကာသဘောတူစာချုပ်များနှင့် အာမခံချက်

အခွန်ကင်းလွတ်ခွင့်တွေ၊ အခွန်သက်သာခွင့်တွေအပြင် မြန်မာနိုင်ငံဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်တွေမှာလည်း လက်မှတ်ရေးထိုးထားတာဖြစ်လို့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အာမခံချက်တစ်စုံတစ်ရာ ရှိစေပါတယ်။ 

မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မူဘောင် သဘောတူစာချုပ်အချို့ကိုပြောပြရရင် 

အာဆီယံ+ဥရောပ (၁၉၈၀)အာဆီယံ+အမေရိကန် (၂၀၀၆) 

အာဆီယံ+တရုတ် (၂၀၀၂) 

အာဆီယံ+အိန္ဒိယ (၂၀၀၃) 

အာဆီယံ+တောင်ကိုရီးယား (၂၀၀၅) တို့ဖြစ်ပါတယ်။ တခြားပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွေလည်း ရှိပါသေးတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေနဲ့တင်မက တခြားနိုင်ငံတွေနဲ့လည်း ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်မြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးစာချုပ်တွေလည်း ချုပ်ဆိုထားပါသေးတယ်။ အဲဒီနိုင်ငံတွေကတော့ စင်ကာပူ (၂၀၁၉) ၊ အစ္စရေး (၂၀၁၄)၊ ကိုရီးယား (၂၀၁၄)၊ ဂျပန် (၂၀၁၃) ၊ ထိုင်း (၂၀၀၈)၊ ကူဝိတ် (၂၀၀၈)၊ လာအို (၂၀၁၃)၊ တရုတ် (၂၀၀၁)၊ ဗီယက်နမ် (၂၀၀၀)နဲ့ ဖိလစ်ပိုင် (၁၉၉၈) တို့ဖြစ်ပါတယ်။ 

တကယ်လို့များ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ လိုအပ်တဲ့သတင်း အချက်တွေအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကို ဆက်သွယ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးအကြံပေးတွေ၊ ရင်းနှီးမြှုပ်နှံမှုအကြံပေးတွေနဲ့ တိုင်ပင်ပြီး စီးပွားရေးအခွင့်အလမ်းကောင်းတွေကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ 

လင်းအိမ် (Y3A)

Read More:

မြန်မာ့သယံဇာတ အခွင့်အလမ်းအလားအလာနှင့် စိန်ခေါ်မှု
မြန်မာနိုင်ငံ၏ ကျောက်မျက်၊ သတ္တု၊ ရေနံနှင့် သစ်တောသယံဇာတများ၏ လက်ရှိအခြေအနေ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် အနာဂတ်အလားအလာများကို ဆန်းစစ်လေ့လာထားသည်။
မြန်မာ့စီးပွား-အတိတ်-ပစ္စုပ္ပန်-အနာဂတ်
မြန်မာ့စီးပွားရေး သမိုင်းကြောင်းနှင့် အနာဂတ်အလားအလာများ - အတိတ်မှ ယနေ့ထိ ပြောင်းလဲမှုများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media

Share this article
The link has been copied!