
ကယ်လီဖိုးနီးယားက Alef Aeronautics ကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံး လမ်းပေါ်ကနေ လေထဲ တန်းပျံတက်နိုင်တဲ့ ကားတစ်စီးရဲ့ Model Zero Prototype ဗီဒီယိုကို ထုတ်ပြလိုက်ပါပြီ။ သတင်းတွေအရ ဒီလျှပ်စစ်ကားဟာ လမ်းပေါ်မှာ အရင်မောင်းပြီးမှ လေထဲ ပျံတက်ရင်း အဲဒီလိုပျံတက်ချိန်မှာလဲ ဟယ်လီကော်ပတာလို လေပင့်တင်အားကို အခြေခံရင်း ဒေါင်လိုက်ထောင်တက်သွားတာပါ။
ဒီကားရဲ့ ထူးခြားချက်က လမ်းသွားနေရင်းကနေ တစ်ခါတည်းပျံတက်နိုင်လို့ လေယာဉ်ကွင်းတွေ၊ ပျံတက်ရမဲ့နေရာတွေရယ်လို့ မလိုတော့ပါဘူး။ ကယ်လီဖိုးနီးယား ဆန်မာတီယိုမြို့မှာ စမ်းသပ်တုန်းကတော့ အဆိုပါ ကားပျံယာဉ် Model Zero ဟာ ရပ်ထားတဲ့ကားတစ်စီးကို လေပေါ်က ကျော်ပျံပြီး မြေပြင်ပေါ် ဆင်းသက်ကာ ခရီးဆက်သွားနိုင်ခဲ့ပါတယ်။
Alef Aeronautics ရဲ့ CEO Jim Dukhovny က "ဒီအောင်မြင်မှုဟာ ရိုက်ဘရားသားတွေရဲ့ ပထမဆုံးပျံသန်းမှုလို အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခုပါ။ မြို့ပြဒေသတွေမှာ လူတွေရဲ့ သွားလာမှုပုံစံကို ပြောင်းလဲပစ်နိုင်တဲ့ တော်လှန်မှုတစ်ခုလို့ ပြောလို့ရပါတယ်" လို့ ဆိုပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်
Community Center . . .? ဘယ်လိုမျိုးလဲ . . .?
- ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
- အလုပ်လုပ်နိုင်မဲ့ Co-working Space
- Networking Session တွေ
- နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
- အသိပညာရေသောက်မြစ်အတွက် Library နဲ့
- တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။
Model Zero ဟာ လူတစ်ယောက် သက်တောင့်သက်သာ စီးနိုင်တဲ့ ဒီဇိုင်းဖြစ်ပြီး ဘက်ထရီအနေနဲ့ လမ်းပေါ်မှာ ၃၂၀ ကီလိုမီတာနဲ့ လေထဲမှာ ၁၆၀ ကီလိုမီတာအထိ ခရီးဆက်နိုင်ပါတယ်။ လုံခြုံရေးအတွက် တစ်နာရီ ၄၀ ကီလိုမီတာထက်မပိုတဲ့ မြန်နှုန်းနဲ့သာ မောင်းနှင်နိုင်တာပါ။ ပျံသန်းနေချိန်မှာတော့ ခရီးသည်ထိုင်ခုံကို ဂင်ဘယ်စနစ်နဲ့ ငြိမ်အောင်ဆောင်ရွက်ပေးထားပါတယ်။
လက်ရှိမှာ ကုမ္ပဏီဆီကို Pre-order မှာထားသူ အယောက် ၃၀၀၀ ကျော်ရှိပြီး စီးပွားဖြစ် Model A ကို တစ်စီး ဒေါ်လာ သုံးသိန်းနဲ့ ရောင်းချမယ် ဆိုပါတယ်။
Reference: Flying car developed by Alef Aeronautics completes test, with production planned soon. (2025, February 25). [Video]. Euronews. https://www.euronews.com/video/2025/02/25/flying-car-developed-by-alef-aeronautics-completes-test-with-production-planned-soon
ဆက်လက်ဖတ်ရှုဖို့


Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Build Myanmar Media: Daily News - Sharing Myanmar's Important News Daily
Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:
Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia