လူဆန်တဲ့ စက်ရုပ်တွေ ထုတ်လေ့ရှိတဲ့ Figure AI ကုမ္ပဏီက Helix လို့ ခေါ်တဲ့ အဆင့်မြင့် စက်ရုပ်ထိန်းချုပ်မှု နည်းပညာတစ်ရပ်ကို ထပ်မိတ်ဆက်လိုက်ပြန်ပါပြီ။ ဒီစနစ်မှာဆိုရင် နဂိုကတည်းက လူတွေလို ပြုမူစဉ်းစားနိုင်တဲ့ စက်ရုပ်တွေဟာ အသံနဲ့ အမိန့်ပေးတာကို နာခံလာနိုင်ပြီး ရှုပ်ထွေးတဲ့ အလုပ်တွေကိုပါ လုပ်လာနိုင်ပြီ ဖြစ်ပါတယ်။

Helix စနစ်သစ်ထဲမှာ အသံကို နားလည်နိုင်တဲ့ ဉာဏ်ရည်နဲ့ ကိုယ်လက်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ ဉာဏ်ရည်တု . . . နှစ်မျိုးကို ပေါင်းစပ်ထားတယ်လို့ သိရတာပါ။ အရင်ကဆိုရင် စက်ရုပ်တွေကို တစ်ခုခုခိုင်းချင်ရင် အစကနေ အဆုံး လမ်းညွှန်ချက်ပေးရပေမဲ့ Helix စနစ်ထည့်ထားတဲ့ စက်ရုပ်တွေမှာတော့ ပစ္စည်းအသစ်တွေ၊ အခြေအနေအသစ်တွေနဲ့ တွေ့လဲ အမြင်အာရုံနဲ့ ကြည့်ရှုဆုံးဖြတ်နိုင်ပြီ ဆိုပါတယ်။

လူကနေ အသံနဲ့ ခိုင်းစေရင်လဲ ချက်ချင်းနားလည်ပြီး စက်ရုပ်ရဲ့ လက်တွေဆိုရင်လဲ အဖျော့အတင်း အကွေးအဆန့်တွေဟာ ချောမွေ့ညက်ညောတာမို့ ရှုပ်ထွေးပြီး ဂရုစိုက်ဖို့ လိုတဲ့ အလုပ်တွေကိုတောင် မြန်မြန်လုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

တီထွင်ဖန်တီးမှုတို့ ပြည့်နှက်ရာ Community Center

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလိုအပ်ဆုံးက အလုပ်လုပ်ဖို့၊ စာကြည့်ဖို့၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံဖို့ 'သီးသန့်ဆန်တဲ့ နေရာတစ်ခု' ဖြစ်ပါလိမ့်မယ်။ ဒီပြဿနာအတွက် ဖြေရှင်းနည်းက Build Myanmar Community Center မှာ ရှိပါတယ်

Community Center . . .? ဘယ်လိုမျိုးလဲ . . .?

  • ရေမီးအစုံ၊ အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာ
  • အလုပ်လုပ်နိုင်မဲ့ Co-working Space
  • Networking Session တွေ
  • နယ်ပယ်ပေါင်းစုံက ပညာရှင်တွေရဲ့ Workshop တွေ
  • အသိပညာရေသောက်မြစ်အတွက် Library နဲ့
  • တီထွင်ဖန်တီးနိုင်ဖို့ Maker Space တွေ ပါဝင်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်က တစ်ဆင့် အခုပဲ ဝင်လေ့လာကြည့်ပါ။

ဒီကိုနှိပ်ပါ

စက်ရုပ်တွေဟာ သူတို့ရဲ့ လက်ဆစ်၊ ခေါင်း၊ ကိုယ်ထည်အပိုင်းထိ သေးသေးမွှားမွှား Joint တွေကိုပါ ထိန်းချုပ်နိုင်တဲ့အပြင် ရှုပ်ထွေးတဲ့အမိန့်တွေကိုလဲ လူလိုပဲ နားလည်နိုင်ပါတယ်။ ဥပမာ "မင်းရဲ့ညာဘက်က စက်ရုပ်ကို ကွတ်ကီးထုပ် ပေးလိုက်" ဆိုတဲ့ အမိန့်မျိုးပေးရင် ညာဘက်ကိုလှည့်၊ စက်ရုပ်ရှာ၊ ကွတ်ကီးထုပ်ကို ကောက်ယူ၊ ပြီးတော့ ပေးအပ်တဲ့အထိ အစအဆုံး အလိုအလျောက် လုပ်ဆောင်နိုင်ပါပြီ။

Helix စနစ်ထည့်ထားတဲ့ စက်ရုပ်တွေကို လက်တွေ့မီးဖိုချောင်ထဲနဲ့ အိမ်မှုကိစ္စတွေထဲ စမ်းသုံးကြည့်ချိန်မှာလဲ အစားအသောက်တွေကို ရေခဲသေတ္တာထဲ ထည့်တာ၊ ဟင်းချက်ပစ္စည်းတွေ ရှာဖွေတာလိုမျိုး ခပ်ရှုပ်ရှုပ်အမိန့်တွေကို နာခံနိုင်၊ လိုက်နာဆောင်ရွက်နိုင်ခဲ့ပါတယ်။

စက်ရုပ်က အရင်က မလုပ်ဖူးတဲ့ အလုပ်ဆိုရင်လဲ အသံနဲ့ ပြောပြရုံနဲ့ အလုပ်လုပ်နိုင်တာမို့ နောင်တစ်ချိန် အိမ်တွင်းအလုပ်တွေမှာ အများကြီး အသုံးဝင်မယ်လို့ မျှော်လင့်နေကြတာပါ။

ပညာရှင်တွေတော့ အချိန်တိုအတွင်းမှာတင် စက်ရုပ်တွေက လူတွေရဲ့ အိမ်ဖော်အကူတွေ ဖြစ်လာနိုင်ပြီး အိမ်တိုင်းအတွက် မရှိမဖြစ် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ Figure AI ကုမ္ပဏီကတော့ Helix စက်ရုပ်တွေကို အလုပ်ရုံတွေမှာ ဦးစားပေးအသုံးပြုဖို့ ရည်ရွယ်ထားပြီး နောက်ပိုင်းမှ အိမ်သုံးစက်ရုပ်တွေအဖြစ် ထုတ်လုပ်သွားမယ်လို့ သိရတာပါ။

Reference: https://www.perplexity.ai/page/figure-ai-announces-helix-3vQoFG_SQbOtBJPizfT99g

ဆက်လက်ဖတ်ရှုဖို့

အီလွန်မက်စ်ရဲ့ Optimus စက်ရုပ်ကို တည့်ဖိုက်လိုက်တဲ့ Figure 02
၂၀၂၃ ခုနှစ်တုန်းက ရေပန်းစားခဲ့တဲ့ လူဆန်တဲ့ Figure 01 ဉာဏ်ရည်တုစက်ရုပ်ကို မှတ်မိကြအုံးမယ် ထင်ပါတယ်။ အခုတော့ Figure ကုမ္ပဏီကနေ 02 ကို စတင်မိတ်ဆက်လိုက်ပါပြ

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. ? New updates every day before 9:00 pm, MMT. ? Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

?
? Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!