၂၀၂၃ ခုနှစ်တုန်းက ရေပန်းစားခဲ့တဲ့ လူဆန်တဲ့ Figure 01 ဉာဏ်ရည်တုစက်ရုပ်ကို မှတ်မိကြအုံးမယ် ထင်ပါတယ်။ အခုတော့ Figure ကုမ္ပဏီကနေ 02 ကို စတင်မိတ်ဆက်လိုက်ပါပြီ။ Figure 01 စက်ရုပ်က စက်ရုံတွေ၊ ကုန်ထုတ်လုပ်မှုတွေမှာ သုံးဖို့ ‘တောက်တိုမယ်ရ’ စက်ရုပ်လေးအဖြစ် ဖန်တီးခဲ့ကြတာ ဖြစ်ပြီး ဒီတစ်ခေါက် Figure 02 (သို့) တောက်တိုမယ်ရ ဗားရှင်း ၂.၀ မှာတော့ အလုပ်သီးသန့်ပဲ လုပ်မှာ မဟုတ်တော့ဘူးလို့ ကုမ္ပဏီက ပြောပါတယ်။ Figure 02 မှာဆိုရင် တခြားဝန်ထမ်းတွေနဲ့ စကားပြောဆို ဆက်သွယ်နိုင်စွမ်း ပါလာပြီး အပြုအမူတွေကို အလိုအလျောက် ပြင်ဆင်နိုင်စွမ်း ရှိလာတယ် ဆိုပါတယ်။

အဲဒီစက်ရုပ်နဲ့ အလားတူ ဉာဏ်ရည်တု နည်းပညာသုံး လူသားဆန်တဲ့ စက်ရုပ်မျိုး ထုတ်ဖို့ လုပ်နေတဲ့ အီလွန်မက်စ်ခ်ကတော့ ဒီကိစ္စကို သိပ်ကျေနပ်ပုံ မပေါ်ပါဘူး။

‘လူဆန်တဲ့ စက်ရုပ်တွေ’ ကို မကြာခင် ဈေးကွက်ထဲ ပမာဏများများနဲ့ ဝယ်ယူနိုင်တော့မယ်လို့ အီလွန်မက်စ်ခ် ပြော
အီလွန်မက်စ်ခ်က တက်ဆလာရဲ့ ဉာဏ်ရည်တုနည်းပညာကို အခြေခံထားတဲ့ . . . လူတွေနဲ့ ပိုဆင်ပြီး လူပိုဆန်တဲ့ စက်ရုပ်မော်ဒယ်တွေကို မကြာခင် နှစ်ပိုင်းထဲတင် ဈေးကွက်ပေ

လွန်ခဲ့တဲ့ ၁၀ လ ဝန်းကျင်က Figure 02 ရဲ့ ပထမဆုံး Pilot Version (စမ်းသပ်ဗားရှင်း) ကို ကုမ္ပဏီက စ,မိတ်ဆက်လိုက်ပြီး အရင်တစ်ခေါက် စက်ရုပ်မှာ မပါလာတဲ့ လုပ်ဆောင်နိုင်စွမ်းအသစ်တွေပါ ပါလာပါတယ်။ Figure က တရားဝင်ချပြလိုက်တဲ့ မိတ်ဆက်ဗီဒီယိုမှာဆိုရင် အဲဒီစက်ရုပ်ရဲ့ လူသားဆန်ဆန် ရွေ့လျားလှုပ်ရှားနိုင်တဲ့ လက်တွေကို မြင်နိုင်မှာပါ။ ဗီဒီယိုကို အောက်မှာ ထည့်ပေးထားပါတယ်။

Introduction Figure 02, via Figure YouTube Channel

အဲဒါအပြင်ကိုမှ အခုတစ်ခေါက်ဗားရှင်းမှာဆိုရင် စက်ရုပ်က လူသားတွေနဲ့ပါ အပြန်အလှန်ပြောဆို ဆက်သွယ်လာနိုင်ပြီး တစ်ဖက်မှာလဲ သူ့လုပ်စရာ ရှိတာကို ‘အာရုံမပျက်’ လုပ်နိုင်တယ်လို့ သိရပါတယ်။ Speech-to-Speech ဆော့ဝဲစနစ် ပါလာတဲ့ အပြင် စက်ရုပ်ကိုယ်ထည်မှာလဲ မိုက်ခရိုဖုန်းတွေ၊ စပီကာတွေ တပ်ပေးထားတာပါ။ အဲဒါတွေကို OpenAI နဲ့ ပူးပေါင်းလေ့ကျင့်ပေးထားတဲ့ ဉာဏ်ရည်တုမော်ဒယ်နဲ့ ချိတ်ဆက်ပေးထားလို့ စာတွေ၊ ဓာတ်ပုံတွေ ပြပြီး မေးရင်တောင် နားလည်နိုင်စွမ်း ရှိပါတယ်။ နောက်ပိုင်း OpenAI က ထုတ်တော့မဲ့ လူအစစ်နဲ့ တစ်ထပ်တည်းနီးပါး တူတဲ့ ဉာဏ်ရည်တု အသံနည်းပညာနဲ့ ပေါင်းစပ်လိုက်ရင်တော့ အခုထက် ပိုပြီး လူဆန် (Humanoid) တော့မှာပါ။

OpenAI က လူနဲ့ အင်မတန်တူတဲ့ ChatGPT အသံကို စထုတ်လုပ်
နည်းပညာလောကကို အစဉ်အမြဲ အသစ်အဆန်းတွေနဲ့ နဖူးတွေ့ ဒူးတွေ့မိတ်ဆက်ပေးနေတဲ့ OpenAI ကုမ္ပဏီက သူ့ရဲ့ ChatGPT မှာ လူနဲ့အင်မတန်တူတဲ့ Hyper-realistic Voice Mode ကို ထည့်မယ်လို့ ပြောလိုက်ပါပြီ။ ဒီအသံကိ

အခုတော့ Figure 02 မော်ဒယ်တွေ BMW စက်ရုံမှာ ‘အလုပ်သင်’ အဖြစ် လေ့ကျင့်ရေးဆင်းနေပါတယ်။ အဲဒီမှာ ဒီစက်ရုပ်က သူ့ဉာဏ်ရည်တုအတွက် လိုတဲ့ ဒေတာတွေကို ကိုယ်တိုင်စုပြီး စကေးမြှင့်မှာပါ။

ပြီးရင် Figure 02 က ကိုယ်တိုင်လေ့လာသင်ယူ ပြင်ဆင်နိုင်စွမ်းလဲ ရှိပါတယ်။ RGB ကင်မရာ ခြောက်လုံး တပ်ဆင်ထားတာမို့ ပတ်ဝန်းကျင်အနှံ့ကို မြင်နိုင်သလို တခြားအလုပ်သမားတွေ ဘယ်လိုအလုပ်လုပ်နေလဲ ဆိုတာကိုလဲ လေ့လာနိုင်တာပါ။ သူ့ကို ပေးတဲ့ ညွှန်ကြားချက်တွေကိုလဲ လိုက်မှတ်သားနိုင်ပြီး အဲဒီအတိုင်း တစ်သွေမတိမ်း ဆောင်ရွက်နိုင်စွမ်း ရှိပါတယ်။ တကယ်လို့ စက်ရုံထဲက လူသားလုပ်သားတွေက သူအမှားလုပ်တာကို သတိထားမိတယ်ဆိုရင်လဲ စကားနဲ့‌ ပြောပြီး ပြင်ပေးနိုင်တာပါ။ ပြီးတော့ စက်ရုပ်က နားလည်ထားတဲ့ နည်းစနစ်တွေမှာလဲ ချို့ယွင်းချက်ရှိရင် ပြင်ဆင်ပေးလို့ ရပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် အမှားထပ်မလုပ်မိဖို့ ဆင်ခြင်လို့ရတာပေါ့။ ဒီအရာတွေ အကုန်လုံးကလဲ သူ့ဘာသာ အလိုအလျောက် ပြင်ဆင်မှာ ဖြစ်လို့ လူတွေဝင်ပြီး ပရိုဂရမ်ပြန်ရေးတာမျိုး လုပ်စရာ မလိုတော့ပါဘူး။

Figure 02 ရဲ့ လက်ရှိဒီဇိုင်းက အီလွန်မက်စ်ခ်ရဲ့ တက်ဆလာ ဉာဏ်ရည်တုနည်းပညာကို အခြေခံထားတဲ့ . . . လူတွေနဲ့ ပိုဆင်ပြီး လူပိုဆန်တဲ့ Optimus စက်ရုပ်မော်ဒယ်နဲ့ ဆင်နေတယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပြောနေကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က အီလွန်က သူ့ရဲ့ Optimus စက်ရုပ် ရှေ့ပြေးမော်ဒယ်ကို ပထမဆုံးအကြိမ် ချပြလိုက်ပါတယ်။ အဲဒီမော်ဒယ်ကိုတော့ လူတွေရဲ့ အသွင်သဏ္ဍာန်နဲ့ အနီးစပ်ဆုံးတူညီအောင် ဒီဇိုင်းဆွဲ ဖန်တီးထားတာပါ။ ဒီမော်ဒယ်နဲ့အတူ ထွက်လာတဲ့ တက်စလာရဲ့ ပထမမျိုးဆက် စက်ရုပ်တွေကတော့ လမ်းလျှောက်တာ၊ လူတွေကို လက်ယမ်းပြတာလိုမျိုး အခြေခံလှုပ်ရှားမှုတွေကို ဆောင်ရွက်နိုင်ပါပြီ။ ပြီးခဲ့တဲ့နှစ်က ဆက်ထွက်လာတဲ့ Optimus နောက်မျိုးဆက်စက်ရုပ်တွေမှာတော့ ဒီဇိုင်းပိုင်း ပိုအဆင်ပြေလာပြီး အဆင့်မြင့်တဲ့ အာရုံခံစနစ်တွေလုပ်ဆောင်နိုင်စွမ်းတွေ ရှိလာပါတယ်။ ဒါပေမဲ့ Optimus ရဲ့ မိတ်ဆက်ဗီဒီယိုမှာ ကြက်ဥကို အထိအခိုက်မရှိဘဲ ကိုင်ပြနိုင်တာမျိုးက Figure 02 ရဲ့ လက်တစ်ဖက်တည်းကိုတောင် လူသားတွေလို ပုံစံ ၁၆ မျိုးသုံး လှုပ်ရှားနိုင်တာနဲ့ ယှဉ်ရင် ကလေးကစားစရာလို ဖြစ်နေတာပါ။ ဒါပေမဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုပိုင်းနဲ့ ဒီဇိုင်းပိုင်းမှာတော့ တက်ဆလာရဲ့ Optimus က မျက်စိပဒါသ ပိုဖြစ်ပါတယ်။

Optimus Gen 2, via Telsa YouTube

ဒီဇိုင်းပိုင်းအရ နှစ်ခုစလုံးက လူတွေနဲ့ ဆင်အောင် စုတုပြုဖန်တီးထားတာမို့ ဆင်သယောင် ဖြစ်နေပေမဲ့ တကယ့်တကယ်တမ်း လုပ်ဆောင်နိုင်စွမ်းကတော့ Figure 02 က Optimus ထက် သာလွန်နေပါတယ်။ Figure 02 ထဲ သုံးထားတဲ့ GPU ကလဲ အရင်ကထက် ၃ ဆ ကျော် ပိုကောင်းလာလို့ ဆုံးဖြတ်ချက်တွေ ချရာမှာ၊ လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အရင်ကထက် ပိုမြန်ပြီး ပိုမှန်လာပါပြီ။ လုပ်ငန်းအများစုကိုလဲ လူတွေက သီးသန့်ညွှန်ကြားပေးစရာ မလိုဘဲ သူ့ဘာသာ လုပ်ဆောင်နိုင်စွမ်းရှိလို့ အတော်လေး အဆင့်မြင့်တယ် ဆိုရပါမယ်။ လက်ရှိအချိန်ထိတော့ Figure က အဲဒီစက်ရုပ်ကို ဘယ်အချိန်မှာ စထုတ်မလဲ မကြေညာသေးပါဘူး။

Reference: Designboom. (2024, August 8). humanoid AI robot figure 02 evolves – it talks, corrects its mistakes and has a ‘common sense.’ Designboom | Architecture & Design Magazine. https://www.designboom.com/technology/humanoid-ai-robot-figure-02-openai-08-08-2024/

စက်ရုပ်တွေ . . . ဉာဏ်ရည်တု နည်းပညာတွေနဲ့ ပတ်သက်လို့ Build Myanmar Media မှာ ဖော်ပြဖူးသမျှထဲ အောက်က အကြောင်းအရာတွေကို ဖတ်ဖို့ ညွှန်းချင်ပါတယ်။

‘လူဆန်တဲ့ စက်ရုပ်တွေ’ ကို မကြာခင် ဈေးကွက်ထဲ ပမာဏများများနဲ့ ဝယ်ယူနိုင်တော့မယ်လို့ အီလွန်မက်စ်ခ် ပြော
အီလွန်မက်စ်ခ်က တက်ဆလာရဲ့ ဉာဏ်ရည်တုနည်းပညာကို အခြေခံထားတဲ့ . . . လူတွေနဲ့ ပိုဆင်ပြီး လူပိုဆန်တဲ့ စက်ရုပ်မော်ဒယ်တွေကို မကြာခင် နှစ်ပိုင်းထဲတင် ဈေးကွက်ပေ
OpenAI က လူနဲ့ အင်မတန်တူတဲ့ ChatGPT အသံကို စထုတ်လုပ်
နည်းပညာလောကကို အစဉ်အမြဲ အသစ်အဆန်းတွေနဲ့ နဖူးတွေ့ ဒူးတွေ့မိတ်ဆက်ပေးနေတဲ့ OpenAI ကုမ္ပဏီက သူ့ရဲ့ ChatGPT မှာ လူနဲ့အင်မတန်တူတဲ့ Hyper-realistic Voice Mode ကို ထည့်မယ်လို့ ပြောလိုက်ပါပြီ။ ဒီအသံကိ
OpenAI က အေအိုင်အခြေပြု ရှာဖွေရေးအင်ဂျင် SearchGPT ကို စတင်ကြေညာ
OpenAI ကနေ ChatGPT ရဲ့ ဉာဏ်ရည်တုနည်းပညာကို အခြေခံပြီး SearchGPT ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ရှာဖွေရေးအင်ဂျင် (Search Engine) ဆိုတာ Google တို့၊ Microsoft တို့က ထုတ်ထားတဲ့ Browser အခြေပြု အင်

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!