Crypto လောင်းကစား ဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Polymarket ရဲ့ ပိုင်ရှင်ဖြစ်သူ ရှိန်းကော့ပ်လန် (Shayne Coplan) နေအိမ်ကို FBI က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဝင်ရောက်စီးနင်းပြီး ဖုန်းနဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ နယူးယော့ခ်တိုင်းမ် သတင်းဌာနရဲ့ ကနဦးဖော်ပြချက်အရ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် Crypto လုပ်ငန်းရှင် ကော့ပ်လန်ရဲ့ မက်ဟန်တန်မှာ ရှိတဲ့ အိမ်ကို FBI က ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းက စီးနင်းခဲ့တာ ဖြစ်ပြီး ပိုင်ဆိုင်မှုတချို့ကို သိမ်းယူသွားပေမဲ့ ကော့ပ်လန်ကို ဖမ်းဆီးတာမျိုး မရှိဘူး ဆိုပါတယ်။

Polymarket ဆိုတာ အသုံးပြုသူတွေကို Yes/No မေးခွန်းတွေရဲ့ ရလဒ်ကို လောင်းကြေးထပ်ပြီး ဖြေဆိုခိုင်းတဲ့ Crypto ပလက်ဖောင်းတစ်ခု ဖြစ်ပြီး ဒီစီးနင်းမှုက နိုင်ငံရေးနဲ့ ဆက်နွယ်နေနိုင်တယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုထားတာပါ။ ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ Polymarket အသုံးပြုသူတွေက ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ နိုင်မယ်လို့ အင်တိုက်အားတိုက် လောင်းကြေးထပ်ထားခဲ့ကြပြီး ဘိုင်ဒန်အစိုးရအနေနဲ့ ဒီကိစ္စအပေါ် သင်္ကာမကင်းဖြစ်ပြီး ဝင်ရောက်စီးနင်းတာလို့ ကုမ္ပဏီက ပြောပါတယ်။

US တရားရေးဌာနကတော့ Polymarket ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ပြုလုပ်နေပြီး Polymarket ဘက်ကလဲ သူတို့ဟာ ပွင့်လင်းပြီး အသုံးပြုသူတွေကို အရေးကြီးဖြစ်စဉ်တွေ နားလည်သဘောပေါက်နိုင်ဖို့ ကူညီပေးနေတဲ့ ပလက်ဖောင်းတစ်ရပ်ဖြစ်ကြောင်း၊ ဥပဒေနဲ့အညီ ရင်ဆိုင်သွားမှာ ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားတာပါ။

Reference: https://www.theguardian.com/technology/2024/nov/13/fbi-raid-polymarket-founder-trump-election

ဆက်စပ်သတင်းတွေကို ဖတ်ရှုဖို့

Crypto ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ထရီလီယမ်ကို ရောက်ရှိ
The global cryptocurrency market’s value has topped $3 trillion as the election of Donald Trump as U.S. president spurred bets that friendlier U.S. regulation could usher in a new boom for all corners of the asset class.
ကန်ရွေးကောက်ပွဲအပြီးမှာ Bitcoin ဈေး စံချိန်တင်မြင့်တက်
နာမည်ကြီး ဒစ်ဂျစ်ငွေကြေးအမျိုးအစားတစ်ခုဖြစ်တဲ့ Bitcoin ဟာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာတင် ဒေါ်လာ ၇ သောင်းခွဲကျော်ကို စံချိန်တင် မြင့်တက်သွားတယ်လို့ Cryptocurrency ဈေးကွက်ဆန်

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!