Apple ကုမ္ပဏီအနေနဲ့ ဥရောပသမဂ္ဂမှာ iOS ဂိမ်းစတိုး  ဝန်ဆောင်မှုတွေနဲ့  ပတ်သတ်ပြီး နှောင့်နှေးမှုတွေဖြစ်ပေါ်နေတာကြောင့် ဂိမ်းထုတ်လုပ်သူတွေအနေနဲ့ များစွာ အခက်အခဲကြုံတွေ့နေရတယ်လို့ Epic Games မှ အမှု‌ဆောင်အရာရှိချုပ်တစ်ဦးကပြောကြားထားတာကိုကိုးကားပြီး Reuters သတင်းမှာဖော်ပြထားပါတယ်။  

ပြီးခဲ့တဲ့ မတ်လအတွင်းက  Apple အနေနဲ့ ဥရောပစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ဖိအားပေးမှုတွေ ကြောင့် iOS ဂိမ်းစတိုးအပိုင်းမှာ ပြောင်းလဲ ရွှေ့ဆိုင်းမှုတွေ ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။

 Epic Games ဟာ အမေရိကန်အခြေစိုက် ဗီဒီယိုဂိမ်းနဲ့  ဆော့ဖ်ဝဲတွေရေးဆွဲထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

 Apple က အခုလို ဂိမ်းစတိုး ဝန်ဆောင်မှုအပိုင်းမှာ နှောနှေးမှုတွေဖြစ်ပေါ်နေတာကြောင့် ဥရောပမှာရှိတဲ့  iPhones နဲ့  iPad အသုံးပြုသူတွေအနေနဲ့   ဂိမ်း ဆော့ကစားရာမှာ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ Epic Games မှ အမှု‌ဆောင်အရာရှိချုပ်တစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းကလည်း Apple ကုမ္ပဏီဟာ iOS အက်ပ်အတွင်းငွေပေးချေမှု အပေါ် ၃၀ % အထိ ပေးဆောင်ရမယ့် စည်းမျဉ်းတွေကိုချိုးဖောက်ခဲ့တယ်လို့ ဥရောပစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကဆိုပါတယ်။

Reference:

https://www.reuters.com/technology/epic-games-says-apple-stalling-launch-its-game-store-europe-2024-07-05/#:~:text=Technology-,Apple%20okays%20Epic%20Games%20marketplace%20app%20in%20Europe,-By%20Jaspreet%20Singh

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

#TechNews #BuildMyanmar #tech #myanmar #weeklynews #media #BuildMyanmarMedia

Share this article
The link has been copied!