ဥရောပသမဂ္ဂရဲ့ အထက်တရားရုံးကနေ Antitrust အမှုနဲ့ တရားစွဲခံထားရပြီး ပေါင် ၂.၄ ဘီလျံ ဒဏ်ကြေးဆောင်ဖို့ စီရင်ချက်ချပြီး Google ရဲ့ အယူခံကိုလဲ ပယ်ချလိုက်ပါတယ်။ အလားတူ၊ Apple ကုမ္ပဏီကိုလဲ အိုင်ယာလန်နိုင်ငံကို ပေါင် ၁၃ ဘီလျံ အခွန်ဆောင်ဖို့ အမိန့်ချလိုက်တာပါ။

Antitrust ဆိုတာ နယ်ပယ်တစ်ခုထဲမှာ စိုးမိုးမှုအားကောင်းပြီး ထိပ်ပိုင်းရောက်နေတဲ့ ကုမ္ပဏီကြီးတွေကနေ ဈေးကွက်ကို ချုပ်ကိုင်ချယ်လှယ်တာကို တားမြစ်တဲ့ ဥပဒေရပ် ဖြစ်ပါတယ်။ နည်းပညာနယ်ပယ်မှာ 'ဗြဟ္မာကြီးတွေ' ဖြစ်တဲ့ Apple နဲ့ Google တို့ဟာ အဲဒီဥပဒေတွေကို ချိုးဖောက်တယ်လို့ ဥရောပသမဂ္ဂက ပြီးခဲ့တဲ့ နှစ်တွေကတည်းက စတင်စွဲချက်တင်ထားတာပါ။

နမူနာ၊ Google ဆိုရင် သူတို့ရဲ့ Search Engine ကို 'မောင်ပိုင်စီး' ပြီး ကိုယ်ပိုင်ကြော်ငြာတွေ မမျှမတ တင်တယ်ဆိုတဲ့ စွဲချက်နဲ့ Antitrust အမှု ဖွင့်ခံရပြီး နောက်ဆုံးမှာ ဒဏ်ကြေး ၂.၄ ဘီလျံ ပေးဆောင်ဖို့ ဖြစ်လာပါတယ်။ ဥရောပသမဂ္ဂက Google ဟာ EU ရဲ့ ပြိုင်ဘက်စီးပွားရေးလုပ်ငန်းဥပဒေတွေကို ချိုးဖောက်ပြီး အသုံးပြုသူတွေကို အလွဲသုံးစားလုပ်၊ လက်ဝါးကြီးအုပ်တယ်ဆိုတဲ့ ပြစ်မှုကြီးနဲ့ တရားစွဲဆိုထားတာပါ။ အဲဒီအမှုဟာလဲ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက အသက်ဝင်နေတာ ဖြစ်ပါတယ်။

အဲဒီနောက် Apple ကိုလဲ အခွန်ငွေ ပေါင် ၁၃ ဘီလျံ ပေးရမယ်လို့ တပြိုင်တည်း ချမှတ်လိုက်ပါပြီ။ Apple ကုမ္ပဏီဟာလဲ အိုင်ယာလန်နိုင်ငံကို ပေးချေရမဲ့ အခွန်ငွေတွေကို တရားမဝင်နည်းလမ်းနဲ့ ပမာဏနည်းအောင် တမင်လျှော့ထားပြီး အခွန်ရှောင်ဖို့ ကြိုးစားတယ်ဆိုတဲ့ ပြစ်မှုနဲ့ တရားစွဲခံထားရတာပါ။ အဲဒီ အခွန်ဆောင်ရမဲ့ ပမာဏအပေါ် Apple ဘက်က ပြန်တင်ထားတဲ့ အယူခံလွှာကိုလဲ ပြီးခဲ့တဲ့ ရက်ကပဲ ပယ်ချလိုက်ပါတယ်။

Reference: https://www.perplexity.ai/page/eu-defeats-apple-and-google-aIbuiBG4RbuKeqDOpcxRyw

iPhone 16 ဘာလဲ၊ ဘယ်လဲ . . .?
iPhone 16 ကိုတော့ Apple က ဒီကနေ့ပဲ ပွဲက တစ်ဆင့် ကြေညာသွားခဲ့ပါပြီ။ Apple Event တို့ရဲ့ ထုံးစံအတိုင်း အသစ်ထပ်မံတိုးမြှင့်လာတဲ့ product တွေကြားမှာ iPhone 16 နဲ့ iPhone 16 Max က မင်းသားတွေ ဖြ

Build Myanmar Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source.

📅 New updates every day before 9:00 pm, MMT.

📰 Read on:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media

Share this article
The link has been copied!