အီလွန်မက်စ်ခ်က YouTube လိုမျိုး ဗီဒီယိုတွေ ကြည့်ရှုနိုင်မဲ့ ပလက်ဖောင်းတစ်ရပ်ကို X TV ဆိုတဲ့ အမည်နဲ့ စတင်ထုတ်လုပ်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။ အဲဒီအကြောင်းကို လွန်ခဲ့တဲ့ လပိုင်းက X (ယခင်တွစ်တာ) ပေါ်မှာ ကြေညာခဲ့ပြီးတော့ စမတ်တီဗွီလောကကို တစ်ခေတ်ဆန်းစေမယ်လို့ ပြောထားတာပါ။

တကယ်လို့ အဲဒီ X TV သာ ထွက်လာခဲ့မယ်ဆိုရင် ကမ္ဘာပေါ်က စမတ်တီဗွီတိုင်းမှာ ရနိုင်ပြီးတော့ လက်ရှိရှိနေတဲ့ ဗီဒီယိုထုတ်လွှင့်ရေး ပလက်ဖောင်းတွေထက် အများကြီး အားကောင်းတဲ့ လုပ်နိုင်စွမ်းတွေ ပါလာနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ X ရဲ့ စီအီးအို Linda Yaccarino ကတော့ သူ(မ) အနေနဲ့ ဒီ app အပေါ်ကို အတော်စိတ်အားထက်သန်နေကြောင်းနဲ့ ဗီဒီယိုတွေကို ခန့်မှန်းရွေးချယ်ပေးနိုင်တဲ့ အယ်လ်ဂိုရစ်သမ်တွေ၊ ဉာဏ်ရည်တုနည်းပညာ ထည့်သွင်းထားတဲ့ ခေါင်းစဉ်အကြံပြုမှုတွေနဲ့ အဆင့်မြင့်ဗီဒီယိုရှာဖွေနိုင်စွမ်းတွေရှိလာမယ်လို့ ထည့်ပြောသွားတာပါ။

X TV က device တစ်လုံးနဲ့ တစ်လုံး အပြန်အလှန် မျှဝေကြည့်ရှုနိုင်စွမ်းရှိလို့ စမတ်ဖုန်းမှာ ဝင်ကြည့်နေလို့ တီဗွီမှာ အနှောင့်အယှက်ဖြစ်တာမျိုး မရှိသလို ဖုန်းစခရင်ကနေလဲ တီဗွီဆီ ဗီဒီယိုတွေ ချိတ်ဆက်ပြသနိုင်ပါတယ်။ လောလောဆယ်တော့ တခြားနောက်ထပ် ဘယ်လိုလုပ်ဆောင်နိုင်စွမ်းတွေနဲ့ အဆင့်မြင့်နည်းပညာတွေ ပါလာမလဲ မသိရသေးပေမဲ့ YouTube လို လူသုံးအများဆုံး Video Streaming Platform မျိုး ရှိနေရက်နဲ့ X TV app ကို ထုတ်ဖို့ ကြိုးစားတာက ဈေးကွက်တိုးချဲ့ရာမှာ အဆင်မပြေဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုနေတာပါ။ တကယ်လို့ ဒီအက်ပ်သာ ထွက်လာခဲ့မယ်ဆိုရင်တော့ အီလွန်မက်စ်ဟာ လျှပ်စစ်ကားတွေ၊ အာကာသစူးစမ်းလေ့လာရေး လုပ်ငန်းတွေရဲ့ ပိုင်ရှင်သာမက ဆိုရှယ်မီဒီယာနဲ့ ဖျော်ဖြေရေးကဏ္ဍမှာပါ အတော်လေး နေရာယူလာပါလိမ့်မယ်။

 Reference: Bohannon, M. (2024, July 2). X TV App: What we know about X’s new Cross-Device video Service. Forbes. https://www.forbes.com/sites/mollybohannon/2024/04/23/x-tv-app-what-we-know-about-xs-new-cross-device-video-service/

အီလွန်မက်စ်ရဲ့ xAI ကနေ Grok 2 ကို စတင်ပွဲထုတ်
အီလွန်မက်စ် ပိုင်တဲ့ xAI ကုမ္ပဏီကနေ X (ယခင်တွစ်တာ) ကို Premium ဝယ်ယူ အသုံးပြုသူတွေအတွက် ထားရှိထားတဲ့ Ai Assitant ကို အဆင့်မြှင့်တင်လိုက်ပါပြီ။ အခုတော့ အဲဒီအဆင့်မြှင့
သမ္မတဆက်ဖြစ်ရင် အီလွန်မက်စ်ခ်ကို အစိုးရအဖွဲ့ထဲ ခေါ်မယ်လို့ ထရမ့်ပြော
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူသာ လာမဲ့ရွေးကောက်ပွဲမှာ သမ္မတအဖြစ် နောက်တစ်ကြိမ် ရွေးကောက်တင်မြှောက်ခံရမယ်ဆိုရင် တက်စ်လာနဲ့ SpaceX ရဲ့ စီအီးအို အီလွန်မက်

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - support@buildmyanmar.com

Share this article
The link has been copied!