၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ US ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရပြီးကတည်းက အီလွန်မက်စ်ခ်ရဲ့ ချမ်းသာကြွယ်ဝမှုကလဲ တဖြည်းဖြည်းမြင့်မားလာတယ်လို့ Bloomberg ရဲ့ ဘီလျံနာညွှန်းကိန်းအစီရင်ခံစာတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာတင် အီလွန်မက်စ်ခ်ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုက ဒေါ်လာ ၄၀၀ ဘီလျံကို ကျော်လွန်သွားပြီး အဲဒီပမာဏကို ပိုင်ဆိုင်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားပါပြီ။

မက်စ်ခ်ရဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Tesla, SpaceX ရဲ့ တခြားလုပ်ငန်းတွေ တဖြည်းဖြည်းကြီးမားလာတာနဲ့အမျှ သူ့ရဲ့ ပိုင်ဆိုင်မှုကလဲ အခုလို အရှိန်အဟုန်မြင့်လာတာလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။ Tesla ကုမ္ပဏီဆိုရင် ရွေးကောက်ပွဲပြီးကတည်းက စတော့ခ်ရှယ်ယာတန်ဖိုး ၇၀ ရာခိုင်နှုန်းကျော် မြင့်တက်သွားပြီး SpaceX ရဲ့ ရှယ်ယာတွေဆိုရင်လဲ ဒေါ်လာ ၁ ဘီလျံကျော်ကို ရောက်သွားတာပါ။

အီလွန်မက်စ်ခ်ဟာ ရွေးကောက်ပွဲအနိုင်ရသွားတဲ့ သမ္မတဟောင်းနဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူဖြစ်ပြီး စည်းရုံးရေးကမ်ပိန်းတွေအတွက် ငွေကြေးအရ ထောက်ပံ့တာတွေ ဆောင်ရွက်ခဲ့ဖူးသူပါ။ ထရမ့်ဘက်ကလဲ မက်စ်ခ်ကို အစိုးရသစ်ပြောင်းချိန်မှာ ဖွဲ့စည်းဖို့ ရှိတဲ့ ဌာနတစ်ရပ်ထဲ ဦးဆောင်ခိုင်းဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ရဲ့ မှတ်တမ်းအရပြောရရင်တော့ မက်စ်ခ်ရဲ့ ကြွယ်ဝချမ်းသာမှုပမာဏက ဒေါ်လာ ၄၅၅ ဘီလျံထိ ရှိနေပြီ ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးဖြစ်နေဆဲပါ။

References

ဆက်လက်ဖတ်ရှုဖို့

သမ္မတဆက်ဖြစ်ရင် အီလွန်မက်စ်ခ်ကို အစိုးရအဖွဲ့ထဲ ခေါ်မယ်လို့ ထရမ့်ပြော
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူသာ လာမဲ့ရွေးကောက်ပွဲမှာ သမ္မတအဖြစ် နောက်တစ်ကြိမ် ရွေးကောက်တင်မြှောက်ခံရမယ်ဆိုရင် တက်စ်လာနဲ့ SpaceX ရဲ့ စီအီးအို အီလွန်မက်

Build Myanmar Media: Daily News - Sharing Myanmar's Important News Daily

Build Myanmar Daily News brings you the most crucial updates from Myanmar and around the world every day. An essential news source for Myanmar citizens who want to stay informed. Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business News source. 📅 New updates every day before 9:00 pm, MMT. 📰 Read on:

Website: https://www.buildmyanmarmedia.com/
Facebook: https://www.facebook.com/buildmyanmar
YouTube: https://youtube.com/@buildmyanmarmedia
Telegram: https://t.me/+6_0G6CLwrwMwZTIx
Inquiry: info@buildmyanmar.org

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media #MyanmarMedia

Share this article
The link has been copied!